လူသတ်ထွက်ပြေးလာသူကို ၄င်းပုန်းအောင်းနေသော ရေမြောင်းအတွင်းမှ ဖမ်းဆီးနိုင်ခဲ့


ရန်ကုန် သြဂုတ် ၃

လှိုင်သာယာမြို့နယ်အတွင်း သြဂုတ် ၃ ရက် နံနက် ၁ နာရီခွဲက သောင်ကြီးရဲစခန်းမှ စခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ လှည့်ကင်း တာဝန်ထမ်းဆောင်နေစဉ် စက်မှုဇုန်(၅) (အမှတ်-၁၇ ရပ်ကွက်) ရှိ ကော်စုဘူးလုပ်ကိုင်သော ပိုင်ရှင်၏သားကို ဓားဖြင့်ထိုးပြီး ထွက်ပြေးသူအား ရေမြောင်းအတွင်းပုန်းအောင်းနေရာမှ ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်မှုဇုန်(၅) ဒုဋ္ဌဝတီလမ်းရှိ ပလတ်စတစ် စုဘူး ထုတ်လုပ်သော အသေးစားလုပ်ငန်းလုပ်ကိုင်သည့် ဦးခင်ဇော်၏သားဖြစ်သူ ခင်မောင်လတ် (၂၆ နှစ်) နှင့် အလုပ်သမားဖြစ်သူ အငယ်ကောင် (ခ)သန်းလင်းထွန်း (၂၂ နှစ်)တို့ သြဂုတ် ၂ ရက် က စကားများခဲ့ပြီး ညပိုင်းတွင် အငယ်ကောင်နှင့် အလုပ်သမားများ အရက်သောက်စား ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် အငယ်ကောင်က မကျေနပ်၍ ခင်မောင်လတ်အား ဓားဖြင့် ထိုးရာ လည်ပင်း၊ ယာချိုင်းအောက်နှင့် ရင်ညွန့်တို့တွင် ဒဏ်ရာများရရှိခဲ့ပြီး ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း၊ အငယ်ကောင်မှာ ပြစ်မှုကျူးလွန်၍ ထွက်ပြေးလာစဉ် အမှတ်(၁၂)ရပ်ကွက် ပဲခူး လမ်းသွယ်(၂)၌ သောင်ကြီးစခန်းမှ လှည့်ကင်းနှင့်တွေ့သဖြင့် ရေမြောင်းအတွင်း ပုန်းအောင်းနေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ် သည်။

ပြစ်မှုကျူးလွန်သူ အငယ်ကောင် (ခ)သန်းလင်းထွန်းကို လှိုင်သာယာမြို့နယ် သောင်ကြီးနယ်မြေရဲစခန်း က အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း-သန်းထိုက်(လှိုင်သာယာ)
ဓာတ်ပုံ-သန်းစိုး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.