မနက်ဖြန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကျေးလက်ပြည်သူတို့ ငြိမ်းချမ်းရေး စကားဝိုင်း ကျင်းပပြုလုပ်မည်



သြဂုတ်လ ၆ ရက်၊ ၂၀၁၇ ခုနှစ်
==================

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ရွာ သြဂုတ်လ ၇ရက်မနက် ၁၀နာရီမှာ ၂၁ရာစုပင်လုံမှ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုသို့ ခေါင်းစဉ်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် ကျေးလက်ပြည်သူတို့ ငြိမ်းချမ်းရေး စကားဝိုင်း ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

ကျေးလက်ပြည်သူနှင့် ငြိမ်းချမ်းရေးစကားဝိုင်းကို ဘုန်းကြီးကျောင်း အရှေ့ဖက် မူလတန်းကျောင်းဝင်း ထဲမှာပြုလုပ်မှာပါ။ သြဂုတ်လ ၆ရက်ညနေ ၄နာရီမှာတော့ စကားဝိုင်း အခမ်းအနား ပြင်ဆင်ထားခြင်းများ တွေ့ရ
ပါတယ်။

ဒီစကားဝိုင်းမှာ ပါဝင်ပြောဆိုမယ့်သူတွေကတော့ ကုန်ကား လုပ်ငန်းပိုင်ရှင် ဦးရဲစိန်၊ ဒေါ်ပိုးတီ င်္သိနှံကုန်သည်ပွဲစား။ ဆန်စက်ပိုင်ရှင် ဦးကျော်ဖုန်း၊ ယက္ကန်းရုံပိုင်ရှင် ဦးဝင်းဇော်၊ MBAကျောင်းသူမထက်ထက်အောင်၊ တောင်သူဦးအောင်တင့်၊ ကုန်မျိုးစုံဆိုင်ပိုင်ရှင် ဒေါ်ခင်ဆွေ၊ ကျောင်းဆရာဦးထွန်းဝင်းတို့ ၈ဦး ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စကားဝိုင်း ပြုလုပ်မယ့်နေရာမှ့ လွန်ခဲ့တဲ့ တပတ်လောက် ကတည်းက လုံခြုံရေး တိုးမြှင့်လုပ်ဆောင်ထားပြီး ဌာနဆိညက်ရာတွေ ရွာသူရွာသားတွေ ဝမ်းတွင်းမြို့နယ်နဲ့ ဘေးပတ်ဝန်းကျင် မြို့တွေမှာ စိတ်ဝင်တစားရှိနေကြကြောင်းသိရပါတယ်။

===========

သတင်းဓာတ်ပုံ - မောင်မောင်လင်း(ဝမ်းတွင်း)

DVB TV News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.