"နေမာ ထွက်ခွာတော့မယ်လို့ ဘာစီလိုနာ အတည်ပြု"


"ကမ္ဘာ့စံချိန်တင် ပေါင် ၁၉၈သန်းနဲ့ PSGကို ရောက်တော့မယ်"

စပိန်ထိပ်သီး ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ဘရာဇီးလ်တိုက်စစ်မှူး နေမာတစ်ယောက် PSG အသင်းကို ပြောင်းရွှေ့တော့မယ်လို့ ဒီကနေ့မှာ အတည်ပြု ပြောကြားခဲ့ပါတယ်။ နေမာဟာ ဒီနှစ်နွေရာသီအပြောင်း အရွှေ့ အတွင်းမှာ ကြီးမားဆုံး အပြောင်းအရွှေ့သတင်းဖြစ်ပြီး ကမ္ဘာ့စံချိန်တင်ကြေး ပေါင် ၁၉၈သန်း( ယူရို ၂၂၂သန်း) နဲ့ပြောင်းဖို့ သဘောတူညီမှုရခဲ့တာ ဖြစ်ပါတယ်။ နေမာဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကမှ ဘာစီလိုနာနဲ့ ၅နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုထားသူဖြစ်ပြီး အဲ့ဒီစာချုပ်မှာ လျော်ကြေးငွေ စာချုပ်ကိုပါ ထည့်သွင်းခဲ့တာဖြစ်ပြီး PSG အသင်းပိုင်ရှင်က သူ့ရဲ့ လျော်ကြေးငွေ စာချုပ်ကို ပေးဖို့ကြိုးပမ်းလာတာကြောင့် နောက်ဆုံးမှာ အဲ့ဒီ အပြောင်းအရွှေ့ တစ်ကယ်ဖြစ်လာခဲ့တာပါ။ နေမာဟာ ဒီကနေ့နံနက်ပိုင်းက ဘာစီလိုနာ အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို လာရောက်ခဲ့ပြီး အသင်းဖော်တွေ အားလုံးကို နှုတ်ဆက်သွားခဲ့နောက် မိနစ် ၄၃မိနစ်အကြာမှာ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။ ဘာစီလိုနာ နည်းပြ ဗယ်ဗားဒေးကလည်း နေမာကို သူ့ရဲ့အပြောင်းအရွှေ့အပြီးကိစ္စအပြီးသတ် နိုင်ဖို့ ခွင့်ပြုခဲ့သလို အသင်းရဲ့ တာဝန်ရှိသူတွေကလည်း နေမာ ထွက်ခွာ တော့မယ်အပေါ် အတည်ပြုခဲ့ကြပါတယ်။ ဘာစီလိုနာမည်ပြ ဗယ်ဗားဒေးဟာ အမေရိကန်ကို သွားရောက် ကစားခဲ့တဲ့ ခြေစမ်းပွဲမှာကတည်းက နေမာမာ မပါဝင်တဲ့ ဘာစီလိုနာက ကစားကွက်ကို ပြင်ဆင်ပြီးသားဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ စပိန်မီဒီယာတွေမှာ ဖော်ပြချက် အရ ဘာစီလိုနာဟာ နေမာကို ပေးချေရမယ့် အပိုဆုကြေး ယူရို ၂၆သန်း ကို ဆိုင်းငံ့ထားဖို့ရှိတယ်လို့ဆိုပါတယ်။ နေမာနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သစ်ပါ အချက်အလက်အရ တစ်နှစ်ပြည့်ပါက သစ္စာစောင့်သိကြေး ယူရို ၂၆သန်းအထိရရှိမှာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ နေမာကို ထွက်ခွာခွင့်ပြုပြီးနောက် လီဗာပူးလ်က ကော်တင်ညိုကို အဓိက ပစ်မှတ် ထားနေပါတယ်။ ကော်တင်ညိုကိုယ်တိုင်ကလည်း ဘာစီလိုနာလို အသင်းမျိုးကို ငြင်းပယ်ဖို့ အလွန်ခက်ခဲလိမ့်မယ်လို့ မီဒီယာတွေက သုံးသပ် နေပါတယ်။ ဘာစီလိုနာအသင်းဟာ ကော်တင်ညိုကို မရခဲ့ပါက အက်သလက်တီကိုမက်ဒရစ်က ဂရီဇ်မန်းကို ခေါ်ယူဖွယ်ရှိတယ်လို့ နောက်ဆုံးရ သတင်းတွေမှာ ဖော်ပြထားပါတယ်။

"နေမာ နဲ့ PSG ထိပ်တိုက်ဆုံတွေ့မှု"

နေမာဟာ ချန်ပီယံလဂ်ပြိုင်ပွဲသမိုင်းတစ်လျောက် PSG အသင်းဖက်ကို ဂိုးအများဆုံးသွင်းထားသူဖြစ်ပြီး ၆ပွဲမှာ ၇ဂိုးအထိ သွင်းယူထားသူ ဖြစ်ပါတယ်။

"နေမာရဲ့ ခြေစမ်းပွဲ စွမ်းဆောင်ရည်"

နေမာဟာ ၂၀၁၇ခြေစမ်းပွဲတွေကစားတဲ့ အသင်းတွေထဲမှာ ခြေစွမ်းအပြနိုင် ဆုံးကစားသမားဖြစ်ခဲ့ပြီး ၃ဂိုးသွင်း၊ ၂ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့ပါတယ်။

“MSN တိုက်စစ်အတွဲရဲ့ သွင်းဂိုးမှတ်တမ်း”

နေမာထွက်ခွာတော့မှာဖြစ်လို့ ကမ္ဘာကျော် တိုက်စစ်အတွဲ MSN ဟာ ပွဲပေါင် ၄၅၀မှာ စုစုပေါင်သွင်းဂိုး ၃၆၄ဂိုးအထိသွင်းနိုင်ခဲ့ပြီး လက်ရှိ ဘောလုံးလောကရဲ့ စံချိန်သစ် တစ်ခုကို တင်နိုင်ခဲ့ပါတယ်။

၁) ၂၀၁၄-၁၅ = ၁၂၂ဂိုး (မက်ဆီ ၅၈ဂိုး၊ နေမာ ၃၉ဂိုး၊ ဆွာရက်ဇ် ၂၅ဂိုး)
၂) ၂၀၁၅-၁၆ = ၁၃၁ဂိုး ( မက်ဆီ ၄၁ဂိုး၊ နေမာ ၃၁ဂိုး၊ ဆွာရက်ဇ် ၅၉ဂိုး)
၃) ၂၀၁၆-၁၇ = ၁၁၁ဂိုး ( မက်ဆီ ၅၄ဂိုး၊ နေမာ ၂၀ဂိုး၊ ဆွာရက်ဇ် ၃၇ဂိုး)

"နေမာနဲ့ ဘာစီလိုနာမှတ်တမ်းနဲ့ အောင်မြင်မှု"

ပြိုင်ပွဲအရပ်ရပ် - ၁၈၆ပွဲ၊ ၁၀၅ဂိုး။
လာလီဂါ - ၁၂၃ပွဲ၊ ၆၈ဂိုး
ချန်ပီယံ - ၁ကြိမ် ၂၀၁၅
လာလီဂါ - ၂ကြိမ် ၂၀၁၅၊ ၂၀၁၆
ဘုရင့်ဖလား - ၃ကြိမ် ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇
စူပါဖလား - ၂၀၁၅
ကမ္ဘာ့ကလပ်ချန်ပီယံ - ၂၀၁၅

"နေမာရဲ့ လစာ"

နေမာဟာ လက်ရှိ ဘာစီလိုနာမှာတစ်နှစ် ယူရို ၁၆သန်းကျော်ရရှိနေသူ ဖြစ်ပြီး PSG အသင်းမှာ ယူရို ၄၀သန်းကျော်အပြင် အပိုဆုကြေးငွေ၊ လက်မှတ်ထိုးကြေးနဲ့ သစ္စစောင့်သိကြေး စတဲ့ ဆုကြေးငွေတွေ ခံစားရမှာ ဖြစ်လို့ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ကစားသမား ဖြစ်လာမှာ ဖြစ်ပါတယ်။ လက်ရှိ ၀င်ငွေအကောင်းဆုံးကစားသမားမှာ တရုတ်ကလပ်မှာ ကစားနေ တဲ့ တီဗက်ဇ်ဖြစ်ပြီး တစ်နှစ်ယူရို ၃၅.၇သန်းကျော်ရရှိနေသူ ဖြစ်ပါတယ်။ နေမာရဲ့ အသင်းဖော် မက်ဆီကတော့ စာချုပ်သစ်အရ တစ်ပတ် ပေါင် ၅သိန်း အခွန်အပြီးအစီးရရှိနေသူ ဖြစ်ပါတယ်။

"အပြီးသတ် အပြောင်းအရွှေ့"

နေမာဟာ မနက်ဖြန်မှာ ပြင်သစ်ကို ထွက်ခွာပြီး ဆေးစစ်မှုနဲ့ အပြီးသတ်ပြောင်းရွှေ့ လုပ်ရမှာဖြစ်ပြီး လာမယ့် စနေနေ့မှာ အသင်းနဲ့အတူ မိတ်ဆက်ပွဲပြုလုပ်ဖို့ရှိနေပါတယ်။ ပြင်သစ် မီဒီယာတွေမှာ ဖော်ပြ ချက်အရ နေမာ PSGအသင်းမှာ နံပါတ် ၁၀ ၀တ်ဆင်ကစားမှာဖြစ်ပြီး လက်ရှိနံပါတ် ကို အာဂျင်တီးနားကွင်းလယ်လူ ပတ်စတိုရီ ၀တ်ဆင်နေပါတယ်။

"နေမာရဲ့ နေရာ အစားထိုးဖွယ်ရှိသူများ"

၁) ကော်တင်ညို ( လီဗာပူးလ်)

ဘာစီလိုနာအသင်းရဲ့ နံပါတ်တစ် ပစ်မှတ်ကစားသမားဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ ၂ကြိမ်တိုင် ကမ်းလှမ်းမှုပြုပ်ပြီးဖြစ်ပါတယ်။ ၂ကြိမ်စလုံးကို လီဗာပူးလ်က ပယ်ချထားလို့ ဘာစီလိုနာက ယူရို သန်း ၁၀၀အထိ တိုးပေးဖို့ အသင့်ရှိတယ်လို့ စပိန်မီဒီယာတွေက ဖော်ပြနေပါတယ်။

၂) ဒမ်ဘီးလ်လီး ( ဒေါ့မန်)

အသက် ၂၀အရွယ်သာရှိသေးတဲ့သူ့ကို ဒေါ့မန်က ပြီးခဲ့တဲ့ရာသီကမှ ပေါင် ၁၅သန်းနဲ့ ခေါ်ယူထားသူ ဖြစ်ပါတယ်။ သူ့ရဲ့ လျင်မြန်မှုနဲ့ ခြေစွမ်းကြောင့် ဘာစီလိုနာ ကစားကွက်မှာ အံဝင်လာနိုင်ပြီး အနည်းဆုံး ယူရို ၅၀နဲ့ ၇၀သန်းကြားရှိမယ်လို့ ဆိုပါတယ်။

၃) ဒီဘာလာ ( ဂျူဗင်တပ်စ်)

မက်ဆီရဲ့ ဘာစီလိုနာကို ခေါ်ယူပေးဖို့ တိုက်တွန်းထားတဲ့ ကစားသမား ဖြစ်ပါတယ်။ အနာဂတ်ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမား ဖြစ်လာနိုင်တဲ့ ဒီဘာလာကို ဂျူဗင်တပ်စ်အသင်းကတော့ ရောင်းချမှာ မဟုတ်ဘူးလို့ ဆိုထားပေမယ့် ဘာစီလိုနာက ယူရို ၉၆သန်းလောက် အထိ ပေးပြီး ကမ်းလှမ်းဖို့ အစီစဉ်ရှိတယ်လို့ ဆိုပါတယ်။

၎) ဂရီဇ်မန်း ( အက်သလက်တီကိုမက်ဒရစ်)

လာလီဂါမှာ အခြေကျပြီးသား တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး ယူရို ၁၀၀နီးပါး လျော်ကြေးစာချုပ်ရှိသူ ဖြစ်ပါတယ်။ မန်ယူနဲ့ အသင်းကြီးတွေက ခေါ်ယူမှု ကိုငြင်းဆိုထားသူဖြစ်ပြီး ဘာစီလိုနာအနေနဲ့ အလွန်ခက်ခဲမယ့် အပြောင်း အရွှေ့ဖြစ်မယ်လို့ မီဒီယာတွေက သုံးသပ်ထားသူပါ။

၅) အမ်ဘတ်ပေ ( မိုနာကို)

ဥရောပ ထိပ်သီးကလပ်အသင်းတွေ အားလုံးက စိတ်ဝင်စားနေသူဖြစ်ပြီး သူ့ရဲ့ တန်ကြေးက ယူရို သန်း ၁၆၀ကျော်ရှိနေပါတယ်။ ရီးယဲယ်က ခေါ်ယူ ဖို့ သဘောတူညီမှုရထားတယ်လို့ သတင်းတွေမှာ ဖော်ပြထားပေမယ့် ရီးယဲယ်အသင်းကိုသာ ပြောင်းဖို့ စိတ်အားထက်သန်နေတယ်လို့ ဆိုပါတယ်။
BBC Burmese
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.