ဆိုင်ကယ်ဖမ်းရာတွင် တက္ကသိုလ်ဆရာများ တစ်နေ့တစ်ယောက်တာဝန်ချထားမှုအား မုံရွာတက္ကသိုလ် ဆရာ၊မ များသမဂ္ဂ ကန့်ကွက်


မုံရွာ၊ ဩဂုတ် ၅။

မုံရွာတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းရေးအတွက် ဆိုင်ကယ်နှင့်ကားများ ဖမ်းဆီးရေးကို အထူးစီမံချက်ဖြင့် လုပ်ဆောင်နေရာ ဖမ်းဆီးရေးအဖွဲ့နှင့် နေ့စဉ် သွားရောက်ပူးပေါင်းလုပ်ဆောင်ရန် တက္ကသိုလ်ဆရာများအား တာဝန်ချထားမှုအား မုံရွာတက္ကသိုလ် ဆရာ၊မများ သမဂ္ဂမှ လက်မှတ်ထိုး ကန့်ကွက် လိုက်ကြောင်း သိရသည်။

"ကျောင်းဆရာက ဘယ်လိုလုပ် ဆိုင်ကယ် ဖမ်းတက်မှာလဲ၊ စာသင်ချိန်မှာ ကျောင်းသား၊ကျောင်းသူတွေကို ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းကြဖို့ ပညာပေးဟောပြောပေးဖို့ဆို ရတယ်၊ အခုဟာက အရင်ပုံစံခေတ်ဟောင်းအတိုင်း လုပ်နေတာ၊ စာသင်တာက တစ်ဖက် အပြင်အလုပ်တွေ လိုက်လုပ်ရတာတစ်ဖက် ဖြစ်နေတယ်၊ ကျောင်းကိစ္စလည်း မဟုတ်ဘူး" ဟု မုံရွာတက္ကသိုလ်ဆရာ၊မများသမဂ္ဂ ဥက္ကဌ ဒေါက်တာ ၀င်းခိုင်က ပြောသည်။

မုံရွာတွင် ဆိုင်ကယ်ဖမ်းဆီးရေးကို ယခုလ ၁ ရက်နေ့မှ စ၍ မော်တီပီကယ် ရုးံမှ အရှိန်အဟုန်မြှင့်လုပ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ယာဉ်/လမ်း စစ်ဆေးရေးပူးပေါင်းအဖွဲ့တွင် တက္ကသိုလ်ဆရာများသွားရောက်ပူးပေါင်း မပါနိုင်ကြောင်းကို တက္ကသိုလ်မေဂျာပေါင်းစုံမှ ဆရာ အယောက် ၆၀ ကျော်က လက်မှတ်ထိုးကန့်ကွက်ပြီး တက္ကသိုလ်ပါချုပ်ထံပေးပို့ခဲ့သည်။

မုံရွာတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ ၀င်းနိုင်မှ လည်း ဆိုင်ကယ်မောင်းသူများ ဆိုင်ကယ်စီးဦးထုတ်ဆောင်မောင်းရေး ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးအရေးယူနိုင်ရန် တက္ကသိုလ်မှ အဖွဲ့ဝင် ဆရာတစ်ဦးစေလွှတ်ပေးရေး အမှတ် (၁၁၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ရုးံ (မုံရွာ)၏ ပေးပို့လာသော စာ အရ သွားရောက်တာဝန်ထမ်းရန် ဆရာတစ်ဦးစီအား နေ့အလိုက်တာဝန်ချထားသော်လည်း ဆရာ၊မများ သမဂ္ဂ၏ သဘောထားတင်ပြလာခြင်းကြောင့် စေလွှတ်နိုင်ခြင်း မရှိပါခြင်း အကြောင်းစာကို ယာဉ်ထိန်းရဲရုးံထံ ပြန်လည်ပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။

နှင်းမောင်
Central News Myanmar
https://www.facebook.com/CNMyanmar/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.