မလိုင်မြို့ နယ်၌ စအိုပေါက်မပါရှိတဲ့ ကလေးတစ်ဦးအား ကူညီထောက်ပံ့ငွေပေးအပ်


မလိုင် သြဂုတ် ၅

မလိုင်မြို့ နယ် ရာကြီးကုန်းကျေးရွာအုပ်စု သဘွတ်ရုံကျေးရွာနေ အသက် တစ်နှစ်လေးလခန့် ရှိ ယောက်င်္ကျားလေးတစ်ဦးသည် မွေးရာပါစအိုပေါက် မပါရှိခြင်းကြောင့် ဆေးကုသဖို့ အခက်အခဲဖြစ်ပေါ်လျက်ရှိနေသဖြင့် မလှိုင်မြို့ နယ်မှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များ သြဂုတ်(၅)ရက် နံနက်(၉)နာရီအချိန်ခန့် တွင် မလှိုင် အ.ထ.က စာသင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရာသီတုပ်ကွေး A H1N1 ရောဂါအသိပညာပေးရှင်းလင်းဟောပြောပွဲတွင် အဆိုပါ ကလေး၏ မိဘများအား စုစုပေါင်း အလှူငွေ ကျပ်သုံးသိန်းသုံးသောင်းကျပ်ကို ကူညီထောက်ပံ့ လှူဒါန်းခဲ့ကြောင်းသိရသည် ။

 မွေးရာပါစအိုပေါက်မပါရှိတဲ့ ကလေးနဲ့ ဆိုရင် လေးယောက်မြောက် သားသမီးပါ၊ ဒီကလေးကအငယ်ဆုံး ယောက်င်္ကျားလေးဖြစ်ပါတယ်၊ ကျွန်မတို့ က တောသူတောင်သားတွေဆိုတော့ ဆေးပညာကို မနာလည်ဘူး ပိုဆိုးတာက စအိုပေါက်မပါရှိတဲ့ သားလေးကို ဆေးကုသဖို့ အတွက် ငွေကြေးက အစ အခက်အခဲ ဖြစ်နေရပါတယ်၊ မကြာခဏဆိုသလို မန္တလေးကုတင်(၅ဝဝ)ဆေးရုံကြီးမှာ ဆေးပြသွားနေရတာပါ၊ အခုအခေါက်ဆေးပြသွားတော့ ကလေးကို ခွဲစိတ်ကုသရမယ်လိုသိရတယ်၊ ဆေးကုသဖို့ ငွေကြေးအခက်အခဲဖြစ်နေရတာကို မလှိုင်မြို့ နယ်က တာဝန်ရှိသူတွေ အလူရှင်တွေက ကူညီထောက်ပံ့ ငွေများပေးအပ်ခဲ့တာကြောင့် အရမ်းဝမ်းသာ မိပါတယ် ဟု စအိုပေါက်အား ခွဲစိတ်ဆေးကုသမည် ကလေး၏ မိဘများက ဆိုသည်။

စအိုပေါက်မပါရှိသည် ကလေးသည် သားယောက်င်္ကျားလေးဖြစ်ခြင်းကြောင့် အသက်ဆုံးရုံးသွားမှာကို အရမ်းစိုးရိမ်မိပါတယ်၊ ဒါကြောင့်ကျွန်တော်တို့ ဌာနဆိုင်ရာများနဲ့ အလှူရှင်များက ကိုယ်တက်နိုင်တဲ့ အလူငွေများကို ကူညီထောက်ပံ့ပေးရခြင်း ဖြစ်ပါတယ်ဟု မလှိုင်မြို့ နယ်မှ အလှူရှင်တစ်ဦးကပြောသည်။

 ယင်းကြောင့် မွေးရာပါစအိုပေါက်မပါရှိသော ကလေးငယ် ဆေးဝါးကုသရန်အတွက် အလူရှင်များ လိုအပ်လျက်ရှိကြောင်း သိရသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.