"အမျိုးသမီး ဘောလုံပြိုင်ပွဲအဖွင့်ပွဲမှာ မြန်မာအသင်း ထိုင်းကို ရှုံးခဲ့"


"မြန်မာ ၂-၃ ထိုင်း"

*ဝင်းသိဂီင်္ထွန်း ၂၃၊ ၈၀မိနစ် - *ရာတီကန် ၆၈၊ ၇၄ မိနစ်၊ အိုရာထိုင်း ၈၈မိနစ်။

ဆီးဂိမ်းဘောလုံးပြိုင်ပွဲရဲ့ အမျိုးသမီး အဖွင့်ပွဲမှာ မြန်မာအသင်းနဲ့ လက်ရှိ ချန်ပီယံ ထိုင်းအသင်းတို့ အကြိတ်အနယ်ကစားခဲ့ပြီး ထိုင်းက ၃-၂ဂိုးနဲ့ နိုင်ပါတယ်။ မြန်မာအသင်းမှာ ၀ါရင့် ကစားသမားတွေဖြစ်တဲ့ စမ်းစမ်းမော်၊ သန်းသန်းထွေးတို့ပါဝင်ခဲ့ပြီး အကောင်းဆုံး ကစားခဲ့ကြပါ တယ်။ ထိုင်းကတော့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပွဲကို ဖိကစားခဲ့ပါတယ်။ မြန်မာကတော့ တန်ပြန်တိုက်စစ်ကနေ ပထမပိုင်း ၂၃မိနစ်မှာ ဦးဆောင်ဂိုး သွင်းခဲ့ပါတယ်။ ၀င်းသိဂီင်္ထွန်းက ထောင့်ကန်ဘောကတစ်ဆင့် ခေါင်းတိုက် သွင်းခဲ့တာပါ။ ပထမပိုင်းမှာ ထိုင်းရဲ့ အပိုင်ကန်သွင်းမှုတွေကို မြန်မာ ဂိုးသမား အကောင်းဆုံး လက်စွမ်းပြခဲ့သလို ပထမိပိုင်း ၄၅မိနစ်မှာ မြန်မာရတဲ့ အပိုင်အခွင့်အရေးကိုလည်း ထိုင်းဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ထိုင်းက ကွင်းတစ်ဝက်နီးပါး ဖိကစားထားပြီး ချေပဂိုးရဖို့ ကြိုးစားခဲ့ပါတယ်။ မြန်မာက ခံစစ်ပိုင်းကို အသားပေးပြီး ကစားခဲ့ပါတယ်။ ပွဲချိန် ၆၈မိနစ်နဲ့ ၇၄မိနစ်မှာ ထိုင်းတိုက်စစ်မှူး ရာကီတန်က ၂ဂိုးဆက် သွင်းလို့ ထိုင်း ၂-၁ဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။ ဒါပေမယ့် တိုက်စစ်ဖွင့်ကစားလာတဲ့ မြန်မာက မိနစ် ၈၀မှာ ၀င်းသိင်္ဂီထွန်းကပဲ ဖရီးကစ်ကနေ တိုက်ရိုက်ကန်သွင်းပြီး ၂ဂိုးစီ သရေဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ပွဲပြီးမလိုဖြစ်နေချိန် ၈၈မိနစ်ရောက်မှ မြန်မာ နောက်ခံလူရဲ့ အမှားကနေ ထိုင်းက ရသွားပြီး ကန်သွင်းခဲ့လို့ မြန်မာတို့ အဖွင့်ပွဲမှာ ထိုင်းကို ၃-၂ဂိုးနဲ့ ရှုံးခဲ့တာ ဖြစ်ပါတယ်။

"အမျိုးသားပွဲ"

တစ်ချိန်တည်း ကစားတဲ့ အမျိုးသား တစ်ဖက် အုပ်စုမှာတော့ ထိုင်းနဲ့ အင်ဒိုနီးရှားတို့ ၁ဂိုးစီ သရေကျခဲ့ပြီး ဗီယက်နမ်က တီမောကို ၄ဂိုးပြတ်နဲ့ နိုင်ခဲ့ပါတယ်။

*ထိုင်း ၁-၁ အင်ဒိုနီးရှား
*ဗီယက်နမ် ၄-၀ တီမော

Credit Photo - Eleven
BBC Burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.