ချပ်​သင်း​မှဆရာဝန်​အား ​ဘော်​ဒါဆရာ(၃)ဦး ပြန်​လည်​​တောင်းပန်​ပွဲပြုလုပ်


ချပ်​သင်း​ကျေးရွာအုပ်​စုမှ ဆရာဝန်​အား လူမှုကွန်​ရက်​မီဒီယာ ​ဖေ့စ်​ဘုတ်​တွင်​ ဂုဏ်​သိက္ခာကျဆင်း​စေခဲ့သည့်​အ​ပေါ် ​​ဘော်​ဒါမှဆရာ(၃)ဦမှ ပြန်​လည်​တောင်းပန်​ပွဲတစ်​ခုကို သြဂုတ်​လ(၁၄)ရက်​ ​နေ့လည်​၂နာရီ၌ ပြုလုပ်ခဲ့သည်​။

စစ်​ကိုင်းတိုင်း​ဒေသကြီး၊ ကန့်​ဘလူမြို့နယ်၊ ချပ်​သင်း​​ကျေးရွာအုပ်​စုရှိ ဆေးရုံတွင်​ ​ဆေးဝါးမလုံ​လောက်​သည့်​ကိစ္စနှင့်​ပတ်​သက်၍ ဘော်​ဒါမှဆရာများ​လာ​ရောက်​​ပြောဆိုခဲ့ပြီး Liveလွှင့်​ခဲ့သည်​မှာ မရည်​ရွယ်​ဘဲ ဂုဏ်​သိက္ခာကျဆင်း​စေခဲ့သဖြင့်​ ပြန်​လည်​​တောင်းပန်​​ကြောင်း ​ဘော်​ဒါဆရာတစ်​ဦးမှ​ပြောကြားခဲ့သည်​။

အဆိုပါ ​တောင်းပန်​ပွဲသို့ ချပ်​သင်း​ကျေးရွာအုပ်​စုမှ ရွာသူ၊ရွာသား၁၅၀လာ​ရောက်​ကြည့်​ရှု့ခဲ့ကြသည်​။

"သူတို့က​တော့ ​တောင်းပန်​သွားတယ်​ ​အေး​အေး​ဆေး​ဆေး​​ပြေ​ပြလည်​လည် ​ဖြစ်​သွားတာပါပဲ"ဟု ချပ်​သင်း​ကျေးရွာအုပ်​စုမှမှ ​ကျေးရွာမှူး ဦးအုန်းလွင်​က​ပြောပြသည်​။

ဖြစ်​စဉ်​မှာ ​​ချပ်​သင်း​ကျေးရွာရှိဘော်​ဒါတစ်​ခုမှ​ ကျောင်းသားများ ညအချိန်​​နေမ​ကောင်း၍ ​ချပ်​သင်း​ဆေးရုံသို့ လာ​ရောက်​ပြသရာ ဆရာဝန်​ရှိမ​နေခဲ့​ကြောင်း၊ အခြားအချိန်​များတွင်​​ ​ဆေးရုံသို့လာ​ရောက်​ရာတွင်​လည်း ​ဆေးရုံမှ ​ဆေးဝါးမရှိ​ကြောင်း​ပြောကြားကာ ​ဆေးခန်းသို့သွား​စေ​ကြောင်းတို့ ဖြစ်​ခဲ့သည်​။

ထို့​ကြောင့်​ အဆိုပါ​ဘော်​ဒါမှ ဆရာ(၃)ဦးတို့သည်​ ​ဆေးရှုံသို့သွား​ရောက်​ပြီး ​ဆေးဝါးလုံ​လောက်​မှုမရှိ​ကြောင်း၊ ဆရာဝန်​အချိန်​ပြည့်​မရှိသည့်​အ​ကြောင်းတို့ကို ဆရာဝန်​နှင့်​ ​ဆေးရုံဝန်​ထမ်းများအား ​မေးမြန်းကာ ဖေ့စ်​ဘုတ်​​ပေါ်၌ LIVE​ရိုက်​ကူးခဲ့သည်။

Liveလွှင့်​ရာတွင်​ ​ဘော်​ဒါမှဆရာများ၊ ချပ်​သင်းဆရာဝန်​နှင့်​ ကျေးရွာသားများ အပြန်​အလှန်​​ပြောဆိုမှုဖြစ်​ပွားခဲ့​သဖြင့်​ ​ကျေးရွာသားများနှင့် ​ကျေးရွာလူကြီးများမှ ​​ဘော်​ဒါဆရာ(၃)ဦးကို ဆရာဝန်​အား ပြန်​လည်​​တောင်းပန်​​စေခဲ့ခြင်းဖြစ်​သည်​။

===========

Mizzima - News in Burmese

http://mizzimaburmese.com/article/30661
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.