စလင်းတွင်​ သက်​ငယ်​မုဒိန်းမှု ကျူးလွန်​သူ အလုပ်​နှင့်​ ​ထောင်​ဒဏ်​ ၂၅ နှစ်​ ကျ


မ​ကွေးတိုင်း​ဒေသကြီး စလင်းမြို့တွင်​ အရွယ်​မ​ရောက်​​သေးသည့်​ အမျိုးသမီးငယ်​ကို မုဒိန်းမှု ကျူးလွန်​သူအား သြဂုတ်​လ ၇ ရက်​​နေ့ တွင်​ အလုပ်​နှင့်​ ​ထောင်​ဒဏ်​ ၂၅ နှစ်​ကျခံ​စေရန်​ မင်းဘူးခရိုင်​တရားသူကြီးရုံးက အမိန့်​ချမှတ်​ခဲ့သည်

အမှု့ ဖြစ်​စဉ်​မှာ ၂၀၁၆ နိုဝင်​ဘာလ ၃ ရက်​​နေ့တွင်​ စလင်းမြို့ ​ပေါင်းနားရပ်​ မှ မစုစုညိမ်း အသက်​ ၁၅ နှစ်​အား ​ကျောက်​စစ်​ရွာ​နေ လှသိန်း​မောင်​ ၂၃ နှစ်​(အိမ်​​ထောင်​သည်​) က ဖျား​ယောင်း​သွေး​ဆောင်​ပြီး သားမယားအဖြစ် ​ပြုကျင့်​ရာ မစုစုညိမ်း ၏ အုပ်​ထိန်းသူက စလင်းမြို့မရဲစခန်းသို့  တိုင်​ကြားသဖြင့်မြို့မစခန်းမှူးဒုရဲမှူးဝင်းနိုင်​က ပြစ်​မှု ကြီး ၃၇၆ နှင့်​ ပ ၃၆၃ တို့ဖြင့်​အမှု ဖွင့်​တရားစွဲဆိုခဲ့သည်​ ။

၂၀၁၇ သြဂုတ်​လ ၇ ရက်​​နေ့တွင်​ မင်းဘူးခရိုင်​တရားရုံးမှ ခရိုင်​တရားသူကြီး ဦး​ဇော်​ညွန့်​​ဌေးက ပြစ်​မှု ကျူးလွန်​သူ လှသိန်း​မောင်​အား ပ ၃၇၆ အရ ​ထောင်​ဒဏ်​ ၂၀ နှစ်​ နှင့်​ ပ ၃၆၃ အရ​ထောင်​ဒဏ်​ ၅ နှစ်​အား တစ်​​ပေါင်းတည်းကျခံရန်​ အမိန့်​ချမှတ်​ခဲ့​ကြောင်း သိရသည်​။

စစ်​ကြည်​(စလင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.