ဘင်္ဂလီအကြမ်းဖက်ဟု သုံးနှုန်းမှုအပေါ် ကန့်ကွက်ပြီး စစ်သွေးကြွများကို ပူးပေါင်းတိုက်ခိုက်ရန် ဘင်္ဂလာအစိုးရ အဆိုပြု


နိရဉ္စရာ၊ သြဂုတ် ၂၉

မြန်မာမှ “ဘင်္ဂလီအကြမ်းဖက်” ဟု ခေါ်ဝေါ်သုံးစွဲမှုကို ဘင်္ဂလာဒေ့ရှ် အစိုးရမှ ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်သည်ဟု ဘင်္ဂလာဒေ့ရှ်၏ UNB သတင်းတွင် ဖော်ပြသည်။

မြန်မာအနေဖြင့် သူ့နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အကြမ်းဖက်အဖွဲ့ကို ဘင်္ဂလီအကြမ်းဖက်ဟု အမည်တပ် သုံးစွဲခြင်းကို လက်မခံနိုင်ကြောင်း မြန်မာအစိုးရထံသို့ ဒက္ကားမြို့သံရုံးမှ တစ်ဆင့် အကြောင်းကြားလိုက်သည်ဟု ဆိုသည်။

၎င်းပြင် ဘင်္ဂလာဒေ့ရှ် အစိုးရမှ လိုအပ်လျှင် နယ်စပ်တွင် အမည်အမျိုးမျိုး ကပ်ထားသည့် မည့် သည့် အကြမ်းဖက် အဖွဲ့အစည်းကို နှစ်နိုင်ငံ ပူးပေါင်းတပ်ဖွဲ့စည်းပြီး တိုက်ခိုက်ရန်လဲ ကမ်းလှမ်းလိုက်သည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံခြားရေး ၀န်ကြီးဌာန အရှေ့တောင်အာရှဆိုင်ရာ ဒါရိုက်တာ Manjurul Karim Khan Chowdhury မှ ယမန်နေ့ (တနင်္လာ)က ဘင်္ဂလာဒေ့ရှ်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်မြင့်ကို ဖိတ်ခေါ်ပြီး ၎င်းအချက် (၂) ချက်ကို အကြောင်းကြားလိုက်သည်ဟု သိရသည်။

မိမိတို့အနေဖြင့် လတ်တလော ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်ဒေသတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုတွင် ဘင်္ဂလီအကြမ်းဖက်ဟု သုံးစွဲမှုကို ပြင်းပြင်းထန်ထန်ကန့်ကွက်ထားကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးမှ ပြောကြားပြီး မြန်မာသံအမတ်အား ခေါ်ယူတွေ့ဆုံရာတွင်လည်း နှစ်နိုင်ငံ အကျိုးအတွက် အင်္ဂလိပ်လို “summon” ဆင့်ခေါ်သည် ဆိုသည့် အသုံးအနူန်းကို မသုံးကြရန်လည်း နှစ်နိုင်ငံအကြား အကြံပြုထားသည်ဟု သူက ဆိုသည်။

Narinjara
https://www.facebook.com/Narinjara
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.