သြဂုတ် ၈ရက်နေ့ကို မြန်မာ့ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ဖို့ ကြိုးစား



ရှစ်လေးလုံးအရေးတော်ပုံ ၂၆ နှစ်ပြည့်ကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ၂ဝ၁၄ ခုနှစ်က ပြုလုပ်ခဲ့စဉ်။ Photo: RFA
သြဂုတ်လ ၈ ရက်နေ့ကို မြန်မာ့ဒီမိုကရေစီနေ့ အဖြစ် သတ်မှတ်ပြီး တရားဝင်ရုံးပိတ်ရက် သတ်မှတ်ပေးဖို့ လွှတ်တော်မှာ အဆိုတင်ပြီး ဥပဒေတစ်ရပ် ပြဌာန်းပေးနိုင်အောင် ကြိုးစားသွားမယ်လို့ နိုင်ငံရေး အကျဉ်း သားဟောင်းများအဖွဲ့ FPPS ရဲ့ နိုင်ငံရေးအကျဉ်းသားရေးရာကော်မတီဝင် ဦးထွန်းကြည်က ပြောပါတယ်။

လာမယ့် သြဂုတ်လ ၈ ရက်နေ့ဟာ ၈ လေးလုံး အရေးတော်ပုံ ဖြစ်ပွားခဲ့တဲ့ အထိမ်းအမှတ် ၂၉ နှစ်မြောက်ကစပြီး ပိတ်နိုင်အောင် လွှတ်တော် ကိုယ်စားလှယ်တွေကို တွန်းအားပေးသွားမယ်လို့ ဦးထွန်းကြည် က ပြောပါတယ်။

လက်ရှိအစိုးရဟာ ၈ လေးလုံးနဲ့အတူ ဖြတ်သန်းခဲ့တဲ့ အစိုးရတစ်ရပ်ဖြစ်တဲ့အတွက် တာဝန်ရှိတယ်လို့ ယူဆသလို ၈ လေးလုံး အရေးအခင်းမှာ တစ်နိုင်ငံလုံး လူထုအုံကြွမှုကနေ အမြောက်အမြား ကျဆုံးခဲ့တဲ့ ရဟန်းရှင်လူပြည် သူတွေနဲ့ ကျောင်းသား လူငယ်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ လုပ်ဆောင်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာ့ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ပြီး တရားဝင်ရုံးပိတ်ရက်ဖြစ်ဖို့ တိုက်တွန်းကြောင်းအဆို တင်သွင်းပေးဖို့ မြို့နယ် အသီးသီးမှာရှိတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဆီကို စာပေးပို့ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ FPPS ဟာ လာမယ့် သြဂုတ်လ ၈ ရက်နေ့မှာ ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံအနီးမှာ ၂၉ နှစ်မြောက် ၈ လေးလုံး အခမ်းအနား ကျင်းပသွားမှာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.