ကိုဆွေဝင်းကို အာမခံနဲ့ ပြန်လွှတ်


Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို ဇူလိုင်လ ၃၁ ရက်နေ့က မန္တလေးမြို့ မဟာအောင်မြေ မြို့နယ်တရားမှာ တွေ့ရစဉ်

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို ဇူလိုင်လ ၃၁ ရက်နေ့က မန္တလေးမြို့ မဟာအောင်မြေ မြို့နယ်တရားမှာ တွေ့ရစဉ်
Photo: Hset Paing Toe/ RFA

ရန်ကုန်လေဆိပ်မှာ မနေ့က ဖမ်းဆီးခံခဲ့ရတဲ့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ မန္တလေးမြို့ မဟာအောင်မြေ မြို့နယ်တရားမှာ ဒီနေ့ ရုံးထုတ်ခဲ့ပြီး အာမခံနဲ့ လွှတ်ပေးခဲ့ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး တရားရုံးက အာမခံပေးလိုက်တဲ့အပေါ် ကြိုဆိုတယ်လို့ ကိုဆွေဝင်း က တရားရုံးအထွက် မှာ ပြောကြားခဲ့ပါတယ်။

"ပုဒ်မ ၆၆ (ဃ) ဟာ အာမခံပေးချင်လည်း ပေးလို့ရတယ်၊ မပေးချင်လည်း မပေးလို့ရတဲ့ အခြေအနေပါ၊ တရားသူကြီးရဲ့ ဆင်ခြင်ထုံတရားပေါ်မူတည်ပြီး ခုလိုပေးလိုက်တယ်ဆိုတာကို ကျနော်ကြိုဆိုပါတယ်၊ ဒီဖြစ်စဉ်တွေကို ဥပဒေဘောင်အတွင်းကနေ တည်တည်ငြိမ်ငြိမ်နဲ့ ကျနော် ရင်ဆိုင်သွားမယ်ဆိုတာကို ပြောချင်ပါတယ်"

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဦးဆောင်ဆရာတော်တပါးဖြစ်တဲ့ ဦးဝီရသူကို အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ လူမှုကွန်ရက် မှာ ဝေဖန်ရေးသားခဲ့တယ် ဆိုပြီး ဆရာတော်ရဲ့ တပည့်တစ် ဦးဖြစ်သူ ဦးကျော်မျိုးရွှေ က တရားလိုပြု တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

မန္တလေးဒေသခံဖြစ်တဲ့ တရားလို ဦးကျော်မျိုးရွှေက မဟာအောင်မြေမြို့နယ် အမှတ် ၇ ရဲစခန်းမှာ ကိုဆွေဝင်းကို တရားစွဲဆိုပေးဖို့ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့တာပါ။

အဲဒီနောက် လေးလအကြာ ဇူလိုင် ၃၀ ရက်နေ့ညမှာ ကိုဆွေဝင်းဟာ ထိုင်းနိုင်ငံကို ရုံးအလုပ်နဲ့အသွား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.