စာသင်သွားရာမှ ပျောက်ဆုံးနေသော ကျောင်းအုပ်ဆရာအား သေဆုံးလျက်တွေ့ရှိ


ဖြူး သြဂုတ် ၅

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ နယ် ကညွတ်ကွင်း နယ်မြေရဲစခန်း အပိုင်တွင်စာသင်သွားရာမှပျောက် ဆုံးနေသော ကျောင်းအုပ်ဆရာ ကြီးတစ်ဦး၏အလောင်းအား သြဂုတ်လ ၄ ရက်နေ့ နံနက်ပိုင်းက ကွင်းချောင်း အတွင်း တွေ့ရှိခဲ့ကြောင်း သိရ သည်။

ဖြစ်စဉ်မှာကညွတ်ကွင်းနယ် မြေရဲစခန်းမှ လူပျောက်မှုအမှတ်စဉ် ၃/၂ဝ၁၇ဖြင့် လက်ခံစစ်ဆေးနေ သောအမှုဖြစ်ပြီး ဦးဖိုးတာ (ခ)မြင့် သိန်းထွန်း (၅၁နှစ်) ဇလုပ်ကျေး ရွာ အမက မူလွန်စာသင်ကျောင်း ကျောင်းအုပ်ဆရာသည် သစ်ချဆိပ် ကျောင်း လှေဒုံးကျေးရွာအုပ်စုသို့ သြဂုတ်လ ၂ ရက် နံနက်က နေအိမ် မှစာသင်ကျောင်းသို့ စာသင်ရန် ထွက်သွားရာမှပြန်မရောက်ရှိလာဘဲ ပျောက်ဆုံးနေသဖြင့် ဇနီးဖြစ်သူ ဒေါ်ခင်မာရီက ယခုလ ၃ ရက်က နယ်မြေရဲစခန်းသို့ လူပျောက်တိုင် တန်းထားစဉ် ယမန်နေ့ နံနက်ပိုင်း တွင်ပျောက်ဆုံးနေသော ကျောင်း ဆရာဖြစ်သူ၏ အလောင်းအား ကင်ပွန်းခြုံအုပ်စု နတ်လောင်းလေး ကျေးရွာအနီးရှိ ဖြတ်သန်းစီးဆင်း နေသောကွင်းချောင်းအတွင်း၌တွေ့ ရှိခဲ့ရပြီး သေဆုံးသူ၏ခန္ဓာကိုယ် တွင်နှာခေါင်းရိုးအလယ်မှသွေးစိမ့်၊ ဝဲလက်မောင်း သွေးခြေဥဒဏ်ရာ များဖြင့်တွေ့ရှိခဲ့ရပြီး အသတ်ခံခဲ့ရ သည်ဟုယူဆခဲ့ရသည့်အတွက်ဇနီး ဖြစ်သူက ပြစ်မှုကျူးလွန်သူအား အရေးယူပေးရန် တိုင်တန်းလာ သဖြင့် စစ်ဆေးခဲ့ရာတွင် ဦးဖိုးတာ သည် မအူပင်ကျေးရွာနေ ဦးဖိုးငို ၏နေအိမ်တွင် ဦးဖိုးငိုနှင့် ဇနီးဖြစ် သူဒေါ်အေးသိန်း(ခ)ဒေါ်မကြီးသမက် ဖြစ်သူရွှေတိုးတို့နှင့်အတူ အရက် သောက်ခဲ့ကြောင်း၊ ယင်းနေ့ည ၁၁ နာရီခန့်တွင် ဦးဖိုးငို၏နေအိမ်မှ ရန် ဖြစ်သံများကြားရကြောင်း သိရပြီး စုံစမ်းဖော်ထုတ်ချက်များ အရအမှုမှ မသင်္ကာတရားခံများ ဖြစ်ကြသော ဦးဖိုးငို၊ ဒေါ်အေးသိန်း(ခ)ဒေါ်မ ကြီး၊ မောင်စန်း၊ ကိုလှဆင့်တို့အား နယ်မြေရဲစခန်းမှ စစ်ဆေးလျက်ရှိ ကြောင်း ကညွတ်ကွင်းနယ်မြေ ရဲ စခန်း၏ ရဲမှတ်တမ်းများအရ သိရ သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ကညွတ် ကွင်း နယ်မြေရဲစခန်းမှ(ပ) ၁၉၉/ ၂ဝ၁၇ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် ထားပြီး အခင်းဖြစ်ကျေးရွာများသို့ တောင်ငူခရိုင်ရဲတပ်ဖွဲ့မှူး ဖြူးမြို့ နယ် ရဲတပ်ဖွဲ့ဝင်များ မှကွင်းဆင်း စစ်ဆေးကာ အမှုအမှန်ပေါ်ပေါက် ရေးအတွက် စုံစမ်းစစ်ဆေးဆောင် ရွက်နေကြောင်း သိရသည်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)
The Union Daily
https://www.facebook.com/uniondaily.net/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.