ပုဂံလောကနန္ဒာ စွယ်တော်မြတ်ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော် စည်ကားစွာကျင်းပ


ညောင်ဦးသြဂုတ် ၁

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံမြို့သစ် ဧရာဝတီမြစ်ကမ်းနံဘေးရှိ အနော်ရထာမင်းကြီး တည်ထားကိုးကွယ်တော်မှုခဲ့သော လောက နန္ဒာစွယ်တော်မြတ်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် ၀ါခေါင်လ၌ ကျင်းပမြဲဖြစ်ရာယခုနှစ်တွင်လည်း ယခင်နှစ်များနည်းတူ စည်ကား သိုက်မြိုက်စွာ ပွဲဈေးတန်း များခင်းကျင်း၍ ပျော်ပွဲရွှင်ပွဲများနှင့်အတူ ကျင်းပလျက်ရှိသည်။

အဆိုပါပွဲတော်တွင် နှစ်စဉ်ဝါခေါင်လဆန်း ၈ရက် ဥပုသ်နေ့တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ များရှိပြည်သူများလာရောက်ကာ သံဃာတော်များအား သပိတ်လုံးများကပ်လှူနိုင်ရန်အတွက် သပိတ်လုံး နှင့် ငွေပဒေသာပင်များယူဆောင်၍ ဘုရားကြီးကို ဦးတိုက်လာရောက် ဆက်ကပ်လှူဒါန်းကြသည်။ ယခုနှစ် တွင်လည်းသပိတ်လုံးအရေအတွက် ၃၀၀၀ကျော်ခန့် အလှူခံရရှိခဲ့ပြီး ကြွရောက်လာကြသည့် သံဃာတော် အပါး၂၅၂ပါး တို့အား ဘုရားကြီးဂေါပကအဖွဲ့မှဦးဆောင်၍ စာရေးတံ မဲစနစ်ဖြင့် ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

“ဒီနှစ်သပိတ်လုံးလှူဒါန်းတဲ့သူပိုများလာလို့အလှူခံရရှိတဲ့အရေအတွက်များတယ် ခန့်မှန်းတော့ ၃၀၀၀ကျော်လောက်ရှိမယ်၊ အလှူခံသံဃာတစ်ပါးကို သပိတ်လုံးခုနှစ်လုံးနဲ့ ၀တ္ထုအနေနဲ့တော့ ကျပ်နှစ် သောင်းခန့်လောက် လှူဒါန်းမယ်လို့ ရည်မှန်းထားပါတယ်” ဟု ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ဘုရားပွဲတော်စည်ကားသိုက်မြိုက်ရေးအတွက် ပျော်ပွဲရွှင်ပွဲများအဖြစ် ဂျပန်ဂိုးကျဉ်းပြိုင်ပွဲ၊ ဘောလီ ဘောပြိုင်ပွဲ၊ ဆွမ်းတော်ကြီးပွဲ၊ အရုပ်သွန်းလှည့်လည်ပွဲ၊ ညအချိန်တွင် ဗလာဇာတ်သဘင်ပွဲများ ကပြဖျော် ဖြေမှုများလည်း ပါဝင်ကြောင်း၊ ထို့ပြင် ၀ါခေါင်လဆန်း ၇ရက်နေ့နှင့် ၈ရက်နေ့တွင် လှေအလှလှော်ခတ်ပွဲ ကိုလည်း ကျင်းပရာ ရွာဟောင်းကြီး၊ ကျွန်းသီရိ၊ ဇီးကုန်း၊ သဖန်းပင်၊ ကြက်လျှာ၊ ဆွဲကြီး အစရှိသည့် ကျေးရွာများမှ ပြည်သူများ လာရောက်၍ လှော်ခတ်ဆင်နွှဲကြပြီး ကြည့်ရှုသူအများအပြားဖြင့် စည်ကား လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲသူရအောင်(ညောင်ဦး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.