ဒုံးကျည်ရန်ရှောင်ပုန်းဖို့ အချိန် ၁၄ မိနစ်နဲ့ ဂူအမ်ကျွန်းသားတွေရဲ့ မရေရာတဲ့ ကံကြမ္မာ



ဒုံးကျည်ရန်ရှောင်ပုန်းဖို့ အချိန် ၁၄ မိနစ်နဲ့ ဂူအမ်ကျွန်းသားတွေရဲ့ မရေရာတဲ့ ကံကြမာ
သြဂုတ် ၁၃ – ၁၄ မိနစ်ဆိုတာ ရုတ်တရက်ကျရောက်လာမယ့်ကပ်ဘေးကြီးတစ်ခုအတွက် ကြိုတင်ပြင်ဆင်ဖို့ ကြာမြင့်တဲ့အချိန်တစ်ခုတော့မဟုတ်ပါဘူး။ သည်ခန့်မှန်းအချိန်ကတော့ မြောက်ကိုရီးယားကပစ်လွှတ်လိုက်မယ့် တာလတ်ပစ်ဒုံးကျည် ဂူအမ်ကျွန်းကို မထိမှန်ခင်အချိန်ဖြစ်ပြီး ဂူအမ်ကျွန်းသူ၊ ကျွန်းသားတွေကတော့ သူတို့ဟာ ကံစီမံရာအတိုင်းပဲလို့ မှတ်ယူထားကြပါတယ်။
အမေရိကန်ပိုင်ပစိဖိတ်ကျွန်းလေးရဲ့ ဒေသခံအစိုးရကလည်း ဂူအမ် ဒါမှမဟုတ် ဘေးပတ်ဝန်းကျင်ကို ပြုံယမ်း အစိုးရက တိုက်ခိုက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေရပြီးနောက် သောကြာနေ့မှာ သူ့ပြည်သူ ၁၆၃၀၀၀ ကို ရေဒီယို သတ္တိကြွတွေ မထိတွေ့အောင် ပုန်းရှောင်ရာမှာ ကြိုတင်ပြင်ဆင်ရမယ့် လမ်းညွှန်ချက်တွေ ထုတ်ပြန်ပေးခဲ့ပါတယ်။
ဒါပေမဲ့ ကျွန်းသားတွေကတော့ အသင့်ပြင်ဆင်ထားဖို့ သိပ်ကိုအလျင်စလို မဖြစ်ကြပါဘူး။ လေအေးပေးစက်တွေ ပြုပြင်ထိန်းသိမ်းပေးတဲ့ မိုက်ဘီနာဗင်တီ(၃၇နှစ်)က ဖေ့စ်ဘုတ်ခ်ပေါ်မှာ အကြံပြုထားတာတွေ ဖတ်ရပေမယ့်လည်း သူကတော့ ပစ္စည်းတွေသိုလှောင်ပြီး ပုန်းခိုရမယ့်နည်းလမ်းတွေကိုစဉ်းစားမယ့်အစား ကမ်းခြေပေါ်မှာ မိသားစုနဲ့ အတူ ဘာဘီကျူးလုပ်စားရတဲ့အချိန်ကိုပဲ ပိုနှစ်သက်တယ်လို့ ပြောပါတယ်။
‘ တိုက်ခိုက်မှုအတွက် ကြိုတင်ပြင်ဆင်ရမယ် ဟုတ်လား။ တကယ်လို့ ဒီကိုဒုံးကျည်ကြီးတစ်ခုကျရောက်လာပြီ ဆိုရင် လူတွေအားလုံးသေရမှာပဲလေ။ ကျွန်တော်က ဒီအတွက် ဘယ်လိုများကြိုတင်ပြင်ဆင်နိုင်ပါ့မလဲ’ လို့ သူကပြောပြီး သူအခုပြင်ဆင်နေပြီဆိုပြီး ဘာဂါနဲ့ ဟော့ဒေါ့လုပ်စားဖို့ ပြင်ဆင်နေတဲ့အသားကင်စက်ကို လက်ညှိုးထိုးပြပါတယ်။
ဖြစ်ပေါ်လာနိုင်တဲ့ ဒုံးကျည်တိုက်ခိုက်မှုတစ်ခုအတွက်ကြိုတင်ပြင်ဆင်ခြင်းဆိုတဲ့ လမ်းညွှန်မှတ်စုတစ်ခုထဲမှာ ဂူအမ် ပြည်တွင်းလုံခြုံရေးက အိမ်တွေ၊ ကျောင်းတွေ၊ရုံးတွေမှာ ပြတင်းပေါက်မရှိဘဲ ရေဒီယိုသတ္တိကြွတွေကိုစုပ်ယူနိုင်မယ့် ကွန်ကရိတွေနဲ့လုပ်ထားတဲ့ဗုံးခိုကျင်းတွေကြိုတင်ရှာထားဖို့ အကြံပြုထားပါတယ်။
တကယ်လို့ တိုက်ခိုက်မှုသတိပေးချက်ထွက်လာပြီဆိုရင် ဒေသခံတွေအနေနဲ့ ဗုံးခိုကျင်းတွေရှာပြီး အဲသည့်ထဲမှာ ၂၄ နာရီထက်မနည်းနေထိုင်သင့်တယ်လို့လည်း ပြောထားပါတယ်။ အပြင်မှာပိတ်မိနေသူတွေဟာလည်း မြေပြင်ပေါ်လှဲနေ ပြီး သူတို့ရဲ့ခေါင်းတွေကို အုပ်ကာထားကာ မျက်လုံးတွေမကွယ်သွားအောင် မီးလုံးကြီးတွေ ဒါမှမဟုတ် အလင်းရောင် တောက်တောက်တွေကို မကြည့်ဖို့ပြောထားပါတယ်။
ဂူအမ်ကျွန်းပေါ်က တူမွန်ကမ်းခြေတစ်လျှောက်က ဇိမ်ခံဟိုတယ်တွေဟာလည်း ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့ သိပ်ပြီး အလျင်စလိုဖြစ်ပုံမရပါဘူး။ ဟိုတယ်တွေနဲ့အပန်းဖြေစခန်းတွေက ၀န်ထမ်းတွေကလည်း လမ်းညွှန်ချက် တွေ ထုတ်ပြန် ထားတာကိုသူတို့သိရှိထားပေမယ့် အရေးပေါ်စီမံမှုတွေအတွက် လုပ်ထုံးလုပ်နည်းတွေကို စီစဉ်ထားပြီးသားဖြစ်တယ်လို့ ပြောပါတယ်။
အနီးအနားဟိုတယ်တစ်ခုက မန်နေဂျာတစ်ဦးကလည်း သည်လမ်းညွှန်ချက်တွေကို မိတ္တူကူးထားပြီးဖြစ်ပေမယ့် ဒါတွေကို သူ့ဧည့်သည်တွေဆီကိုတော့ မဖြန့်ဝေရသေးဘူးလို့ ပြောပါတယ်။
မြောက်ကိုရီးယား ကီလိုမီတာ ၃၅၀၀ အကွာမှာရှိတဲ့ ဂူအမ်အနီးကို တာလတ်ပစ်ဒုံးကျည်လေးခု ပစ်လွှတ်မယ့် အစီအစဉ်တွေ သြဂုတ်လလယ်ပိုင်းမှာ ပြီးပြည့်စုံတော့မှာဖြစ်တယ်လို့ ကြာသပတေးနေ့ကပြောပါတယ်။ ဒါဟာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဘယ်လိုခြိမ်းခြောက်မှုမျိုးမဆို ကမ္ဘာမှာတစ်ခါမှမမြင်ဖူးတဲ့ မီးကုန်ယမ်းကုန် ပုံစံမျိုးနဲ့ ကြုံရလိမ့်မယ်လို့ ပြောပြီးနောက် ထွက်ပေါ်လာတာပါ။
ဟောင်ကောင်တစ်ဝက်လောက်ရှိတဲ့ ဂူအမ်ကျွန်းဟာ အမေရိကန်ပြည်ထောင်စုရဲ့ကုန်းတွင်းပိုင်းကနေ ကီလိုမီတာ ၇ထောင်ခန့်ကွာဝေးပြီး THAAD ကြားဖြတ်တားဆီးရေးစနစ်အမြဲထားရှိရာ နေရာလည်းဖြစ်ပါတယ်။ ဒေသ အာဏာပိုင်တွေကလည်း ဒေသခံတွေနဲ့ခရီးသွားတွေကို သည်ပစိဖိတ်အနောက်ပိုင်းတစ်ခုလုံးကို ထီးတစ်ခုလို အုပ်မိုးကာကွယ်ပေးမယ့် မဟာဗျူဟာကျတဲ့ကာကွယ်ရေးစနစ်တစ်ခုက ဘယ်လိုဒုံးကျည်တိုက်ခိုက်မှုကိုမဆို တန်ပြန်ပေးနိုင်မှာဖြစ်တယ်လို့ စိတ်အေးရအောင်အာမခံပေးထားပါတယ်။ ဒါကြောင့် ဂူအမ်ကို မြောက်ကိုရီးယားရဲ့ တိုက်ခိုက်မှုအောင်မြင်နိုင်မယ့် အခွင့်အရေးဟာ အနည်းဆုံးဖြစ်သွားနိုင်ပါတယ်။
အသက် ၃၇ နှစ်အရွယ် စာရင်းကိုင် မာလင်းကလည်း ကြိုတင်ပြင်ဆင်ဖို့ကိုမစဉ်းစားထားရသေးတဲ့အကြောင်းနဲ့ ဒုံးကျည်တစ်ခုနဲ့တိုက်ခိုက်ခံရတဲ့အခါ ဘာတွေလုပ်ရမလဲဆိုတာကို တကယ်မသိသေးဘူးလို့ပြောပါတယ်။
‘ ကျွန်မတို့မှာ ၁၄ မိနစ်ပဲရတာ။ စစ်တပ်ကတော့ သူတို့အဆင်သင့်ပြင်ထားပြီးပြီပြောတော့ သူတို့ကိုပဲ အားကိုးရမှာပဲ’ လို့ သူကပြောပါတယ်။
ချိုလေးငယ်
ref:Reuters. Aug 12,2017

Kumudra
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.