အရုဏ်ဆွမ်းခံကြွလာသော ဆရာတော်တစ်ပါး ဆိုင်ကယ်ဖြင့် အတိုက်ခံရ၍ ပျံလွန်တော်မူသွား


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မင်းလမ်းမှာသြဂုတ်(၅) ရက် မနက်(၅)နာရီခွဲ အချိန်ခန့်က အရုဏ်ဆွမ်းခံကြွလာတဲ့ ဆရာတော်တစ်ပါး ဆိုင်ကယ်နဲ့ အတိုက်ခံရပြီး ပျံလွန်တော်မူသွားခဲ့တယ်လို့ ကျောင်းကုန်းမြို့မရဲစခန်းကနေသိရပါ တယ်။


အမှတ်(၂)ရပ်ကွက်၊မင်းလမ်းရှိ "ဝကြီး"ရေဆေးခုံအနီးမှာ ကျောင်းကုန်းမြို့ပြင်ဘက်ကနေ မြို့တွင်း ဘက်ကို မောင်းနှင်လာတဲ့ ဆိုင်ကယ်ဟာ အရုဏ်ဆွမ်းခံကြွနေတဲ့ သစ်ဆိမ့်ကုန်းအုပ်စု၊နတ်ချောင်း ဘုန်းကြီးကျောင်းက သက်တော်(၅၁)နှစ်၊ ၀ါတော်(၅)၀ါရှိ ဆရာတော် ဥူးဝါသ၀ကို အရှိန်မထိန်းနိုင်ဘဲ နောက်ကဝင်ရောက်တိုက်မိခဲ့တာဖြစ်ပါတယ်။

 အဲဒီယာဉ်တိုက်မှုကြောင့် ဆရာတော်မှာ ဦးခေါင်း ထိခိုက်ခဲ့ပြီး အခင်းဖြစ်နေရာမှာဘဲ ပျံလွန်တော်မူသွားခဲ့ပါတယ်။ ဆိုင်ကယ်ကိုမောင်းနှင်သူမှာလည်း စိုးရိမ်ရတဲ့ ဒဏ်ရာတွေရရှိခဲ့တယ်လို့သိရပါတယ်။

 ယာဉ်မဆင်မခြင်မောင်းနှင်ပြီး လူကိုသေဆုံးဒဏ်ရာရရှိစေတဲ့ ဆိုင်ကယ်မောင်းနှင်သူကို ကျောင်းကုန်း မြို့မရဲစခန်းက ယာဉ်(ပ) ၄၉/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈ တို့နဲ့ အမှုဖွင့်အရေးယူ ထားတယ်လို့သိရပါတယ်။ ဒီသတင်းကို ဝင်းကြိုင်(ကျောင်းကုန်း)ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.