ပရီးမီးယားလိဂ်ရာသီကြိုသုံးသပ်ချက်


ပရီးမီးယားလိဂ် တရာသီတော့ စပြန်ချေပြီ။ TV ထုတ်လွှင့်ခွင့် ကြော်ငြာခ အကျီ လက်မှတ်ရောင်းရငွေစသဖြင့် အဘက်ဘက်က ဝင်ငွေတွေ သောက်သောက်လဲရနေတဲ့ ပရီးမီးယားလိဂ်အသင်းကြီးငယ်မရွေး အားလုံးကတော့ အသီးသီး အပြိုင်အဆိုင်ပြင်ဆင်ထားပါပြီ။ ရာသီရပ်နားထားချိန်အတွင်း ပရီးမီးယားလိဂ်အသင်းများရဲ့ ကစားသမားရောင်းရငွေ စုစုပေါင်းက ပေါင်သန်း ၅၀၀ ကျော်ရှိပြီး အဝယ်က ပေါင် ၁ ဘီလီယံကျော်ရှိခဲ့တာဖြစ်တဲ့အတွက် အသားတင်သုံးငွေ ပေါင်သန်း ၅၀၀ လောက်ရှိနေပါပြီ။ Transfer Window ကာလ လက်ကျန်ရက် ၂၀ အတွင်းမှာလဲ သေချာပေါက် အရောင်းအဝယ်တွေ ထပ်ရှိလာဦးမှာဖြစ်ပါတယ်။

ဝင်ငွေကောင်းလာတာနဲ့အမျှ TV ချန်နယ်များရဲ့အလိုကျ လိုက်လုပ်ပေးကြရတာဟာလဲ သိပ်မလွယ်လှ။ ပွဲချိန်တွေမထပ်အောင် ကန်ပေးရတာကြောင့် ဒီညဆိုရင် ပရီးမီးယားလိဂ်သမိုင်းကြောင်းမှာ ပထမဆုံးအကြိမ်အနေနဲ့ သောကြာညမှာ အဖွင့်ပွဲကို စကန်ကြတော့မှာပါ။ အခုလက်ရှိ ၃၈ ပွဲအစား ၁ ပွဲထပ်တိုးပြီး ၃၉ ပွဲမြောက် နောက်ဆုံးပွဲကို ကမ္ဘာအနှံ့အပြားမှာခွဲကန်ဖို့ကိုလည်း တိုင်ပင်နေကြတယ်လို့ဆိုပါတယ်။ ဒီပုံစံအတိုင်းဆက်သွားရင် ဘာတွေဖြစ်လာဦးမည်မသိ။ ကဲ လောလောဆယ်တော့ မနေနိုင်မထိုင်နိုင် တရာသီလုံးစာအတွက် ချုံငုံသုံးသပ်ပြီး ဟောကိန်း ထုတ်လိုက်ပါဦးမယ်။

ပရိသတ်တိုင်းကတော့ သူတို့အားပေးသောအသင်းကို ချန်ပီယံဖြစ်စေချင်ရှာကြပေမယ့်လဲ ရာသီအကုန်မှာ ချန်ပီယံဖြစ်လာမှာကတော့ တသင်းထဲပဲရှိတာ အားလုံးသိပြီးဖြစ်တာမို့ တတ်နိုင်သလောက် ဘက်လိုက်မှုကင်းကင်းနဲ့ ရေးသားသွားပေးပါမယ်။ ကဲစပြီ …

ချန်ပီယံ/နံပါတ်၂ : မန်စီးတီး/မန်ယူ

မနှစ်ကထင်သလောက်မစွံခဲ့သော ဂေါ်ဒီယိုလာ၏အသင်းက ဒီနှစ်တွင်ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးဖြစ်နေပြန်ပါပြီ။ ဒီနှစ်တော့ သူ့အသင်းက မနှစ်ကထက် အများကြီးပိုတောင့်တင်းလာပြီဖြစ်တာကြောင့် တကယ်လဲ ပရီးမီးယားလိဂ်ဖလားကို ချယ်ဆီးလက်ကလုယူနိုင်စွမ်းအရှိဆုံးအသင်းဖြစ်နေပါတယ်။ မနှစ်ကတိုက်စစ်ကစားသမားတွေကိုသာ ဦးစားပေးဝယ်ခဲ့တဲ့ ဂေါ်ဒီယိုလာတယောက် ပရီးမီးယားလိမှာ တဖြည်းဖြည်းခြင်း ဂိုးတွေမြိုင်မြိုင်ဆိုင်ဆိုင်သွင်းလာနိုင်ပေမယ့်လဲ ခံစစ်ကောင်းကောင်းမရှိပဲ ချန်ပီယံဖြစ်နိုင်ဖို့ဆိုတာ စပိန်ဂျာမန်လိတွေမှာလောက် မလွယ်ဘူးဆိုတဲ့ သင်ခန်းစာကို တန်ဖိုးကြီးကြီးမားမားပေးပြီးသင်ယူလိုက်ရရှာတယ်။ သူ့ မန်နေဂျာသက်တမ်းတလျှောက်မှာ ပထဆုံးဖလားလက်မဲ့နှစ်ကို မျက်ရည်လည်ရွှဲနဲ့ဖြတ်သန်းခဲ့အပြီးမှာတော့ ဒီနှစ်မှာနောက်တန်းနဲ့ ဂိုးသမားအတွက်ချည်းပဲသက်သက် သန်း ၁၅၀ ကျော်ဖိုးသုံးပြီးဝယ်ယူခဲ့ပါတယ်။ လက်ရှိကစားသမားတွေဖြစ်တဲ့ ဘရာဗို စတုန်း မန်ဂလာ အိုတာမန်ဒီတို့ရဲ့တန်ဖိုးတွေပါထည့်တွက်ရင် သူ့ခံစစ်ကစားတွေရဲ့တန်ဖိုးဟာ ပေါင်သန်း ၃၀၀ နီးပါးရှိသွားပါပြီ။ ဒီပမာဏဟာ အာရှ အာဖရိက တောင်အမေရိကနိုင်ငံ တော်တော်များအပြင် ဥရောပက လတ်ဗီးယား အယ်ဘေးနီးယား မက်ဆီဒိုးနီးယားနိုင်ငံတွေရဲ့ ကာကွယ်ရေးအသုံးစရိတ်ကိုတောင် ကျော်လွန်သွားပြီဖြစ်လို့ တော်တော်လေးကို ခိုင်မာတောင့်တင်းတဲ့ နောက်တန်းခံစစ်အားကို ပိုင်ဆိုင်ထားပြီးပြီလို့ ပြောလို့ရပါတယ်။ ဒါကြောင့်မို့လို့ ဒီနှစ်ကိုမှ သူ့အသင်း ပရီးမီးယားလိဂ်ဖလားမရင် ဂေါ်ဒီယိုလာတယောက်လဲ ကိုယ့်ဘဝကိုယ်နားလည်ပြီး အနေချောင်အစားချောင်မယ့် စပိန် ဂျာမန်ဘက်ပြန်ပြေးမလား မန်စီတီးထက်အသုံးပိုကြမ်း ဖလားရဖို့ပိုလွယ်တဲ့ PSG ဘက်ကိုသွားမလားပဲ ဆုံးဖြတ်စရာကျန်ပါတော့တယ်။

မန်စီးတီးနောက်ကနေ ချန်ပီယံဖြစ်နိုင်ခြေအများဆုံးအနေနဲ့ကပ်လိုက်နေနိုင်တာကတော့ နာမည်ကြီးနည်းပြနောက်တယောက်ဖြစ်တဲ့ မော်ရင်ညိုရဲ့ မန်ချက်စတာယူနိုက်တတ်အသင်းပဲ ဖြစ်ပါတယ်။ မနှစ်က ကံနည်းနည်းကောင်းသလို ဆုံးဖြတ်ချက်တချို့လဲမှန်သွားခဲ့လို့ ယူရိုပါဖလားရလိုက်တဲ့ မော်ရင်ညို ချန်ပီယံလိကို နောက်ဖေးပေါက်ကနေဝင်ခွင့်ရခဲ့တယ်ဆိုရင်လဲမမှားပါဘူး။ ပရီးမီးယားလိဂ် အဆင့်၎အတွင်းဝင်ဖို့ မကြိုးစားတော့ဘဲ ယူရိုပါကိုပဲအာရုံစိုက်ပြီး စွန့်စွန့်စားစားအရလိုက်ယူရဲတဲ့သွေးကတော့ မနည်းဘူးလို့ဆိုလို့ရပေမယ့် ဒီနှစ်မှာတော့ ဘယ်လိုအကြောင်းပြချက်နဲ့မှ မနှစ်ကလို နံပါတ် ၆နဲ့ ကျေနပ်နေကြတော့မှာမဟုတ်ပါဘူး။
စကားကြွယ်သလောက် ပါးနပ်တဲ့ မော်ရင်ညိုကတော့ ရီးယဲနဲ့ စူပါကပ်ကန်အပြီးမှာ ကိုယ့်အသင်းအခြေအနေ ကိုယ်နားလည်သွားပုံရပြီးတော့ ဥရောပအသင်းကြီးတွေကိုမီဖို့ နောက်၂နှစ်လောက်အချိန်ယူရဦးမယ်လို့ အရိပ်အမြွက်သဘော ပြောထားတာထောက်ရင် ပရီးမီးယားလိဂ်ကိုပဲ အာရုံပိုစိုက်မယ့်သဘောရှိပါတယ်။
ကစားသမားဝယ်ယူမှုအပိုင်းမှာတော့ မော်ရင်ညိုဟာ ဂေါ်ဒီယိုလာနဲ့မတူဘဲသူ့စိတ်ကြိုက်ကစားတွေကို ရှေ့လယ်နောက် မျှမျှတတဖြည့်ခဲ့ပါတယ်။ ၂နှစ်စလုံးမှာ ပြောင်းရွှေ့ကြေးစံချိန်တင်လူငယ်သမားတယောက်စီ (ပေါ့ဂ်ဘာ/လူကာကူ) အသင်းကိုထိန်းမယ့် သဘာရင့်ကစားသမားတယောက်စီ (ဇလာတန်/မာတစ်ခ်ျ) သူ့စိတ်ကြိုက် နောက်တန်းတယောက် (ဘိုင်လီ/လင်းဒဲလော့ဖ်) နဲ့ အလယ်တန်းတယောက်စီ (မာခီတာရီယန်/ပါရိစစ်ခ်ျ ဖြစ်နိုင်ချေရှိ??)ကို ခေါ်ယူတဲ့ပုံစံအတိုင်းဆက်လုပ်ခဲ့ပါတယ်။ ဒီနှစ်အပြောင်းအရွှေ့ဈေးကွက်ကတော့ ဖြစ်ကတတ်ဆန်းနိုင်လွန်းအားကြီးလို့ သူ့စိတ်ကြိုက်ကစားသမားအားလုံးကို မဝယ်နိုင်သေးပါဘူး။ လောလောဆယ်အနေနဲ့ကတာ့ မနှစ်ကအသင်းကို လူအားဖြည့်နိုင်လိုက်တာဆိုလို့ မာတစ်ခ်ျတယောက်ထဲရှိသေးပြီး လူကာကူနဲ့ လင်းဒဲလော့ဖ်က ဒဏ်ရာရသွားတဲ့ ဇလာတန်နဲ့ ရိုဟိုနေရာကို အစားထိုးနိုင်ယုံလောက်ပဲရှိပါသေးတယ်။ မနှစ်ကထင်သလောက် ခြေမပေါ်ခဲ့တဲ့ ပေါ့ဂ်ဘာ ဒီနှစ် ခြေစွမ်းပြနိုင်ခဲ့ရင် ပရီးမီးယားလိမှာဆိုခြေမှန်တဲ့ ပိုငယ်ပြီးပိုမြန်တဲ့ လူကာကူလည်း ဇလာတန်ထက်ဂိုးတွေပိုသွင်းနိုင်ခဲ့ရင် ချန်ပီယံလိကိုတာဝန်ကျေကန် ပြည်တွင်ဖလားတွေကို လူငယ်အရံကစားသမားလေးတွေကိုပေးကန်မယ်ဆိုရင်တော့ မန်ယူအတွက် ဖလားရဖို့မျှော်လင့်ချက်ရှိနိုင်ပါတယ်။ အဲ့လိုမဟုတ်ဘဲ မနှစ်ကလောက်မှအောင်မြင်မှုမရခဲ့ရင်တော့ မောင်ရင်ငညို မိုက်ကန်းသည်ဆိုပြီး သူ့ဘက်ကိုယ့်ဘက် ပရိတ်သတ်အားလုံး ဝိုင်းထောင်းခြင်းကို ကျေကျေနပ်နပ်ကြီးခံယူဖို့သာ အသင့်ပြင်ထားစေချင်ပါတယ်။

အဆင့် ၃/၄ : အာဆင်နယ်/စပါး
ပရီးမီးယားလိဂ်ဖလားနဲ့ဝေးနေတာ ၁၃ နှစ်လောက်ကြာနေပြီဖြစ်တဲ့အပြင် ဥရောပဖလားလည်း တလုံးမှမရဖူးသေးတဲ့ အာဆင်နယ်နည်းပြ ဝင်းဂါးဟာ ဘယ်ဘက်ကိုဦးစားပေးမလဲဆိုတာ စိတ်ဝင်စားစရာပါ။ အက်ဖ်အေဖလားလောက်နဲ့ပဲ ၁နှစ်ခြားတခါလောက် မှန်မှန်လေးချွေးသိပ်ပေးနေတဲ့အကွက်ကို သူ့ပရိသတ်တွေကိုယ်တိုင်ကရော ဆန်းချက်တို့လို ကစားသမားတချို့ကရော စိတ်ပျက်နေကြပြီမို့လို့ ဒီနှစ်ကိုပိုပြီး သိက္ခာရှိတဲ့ဖလားတလုံးယူပြမှပဲ သူ့စာချုပ်သက်တမ်း၂ နှစ်တိုးခဲ့တာမှန်ကန်ကြောင်း သက်သေပြနိုင်မှာပါ။ ခုနောက်ဆုံးသတင်းတွေအရတော့ ပရီးမီးယားလိဂ်ကိုသာ ဦးစားပေးပြီး ယူရိုပါမှာ လူငယ်တွေ အရံကစားသမားတွေကို နေရာပေးပြီး အဓိကကစားသမားတွေကိုနားထားမယ့်သဘောမျိုးရှိနေပါတယ်။ လက်ရှိအာဆင်နယ်ကစားသမားတွေအနေအထားက ဘယ်ပရီးမီးယားလိဂ်အသင်းကိုမဆို ယှဉ်ကန်နိုင်စွမ်းရှိလောက်ပေမယ့် ဆန်ချက် အိုဇေးလ်တို့လို အဓိကကျတဲ့သူတွေရဲ့ စာချုပ်သက်တမ်း တိုး/မတိုးကိစ္စက ရာသီတဝက်ကျော်လောက်ကျရင် အများကြီးစကားပြောလာနိုင်ပါတယ်။

သူတို့သာအာဆင်နယ်မှာ နောက်ရာသီဆက်မနေတော့ဘူးလို့ ဆုံးဖြတ်ပြီးသွားပြီဆိုရင် အသင်းအတွက် အနာခံပြီးကစားပေးမယ့်အစား အသင်းသစ်ကို ဒဏ်ရာကင်းကင်းရှင်းရှင်းနဲ့သွားနိုင်ဖို့ကိုသာ ဦးစားပေးပြီး ရွေချယ်သွားနိုင်ပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ဝင်းဂါးသာခေါင်ဆက်မာမနေဘဲ ပြောင်းရွှေ့ဈေးကွက်မပိတ်ခင် ရောင်းသင့်တဲ့သူရောင်း ဝယ်သင့်တဲ့သူဝယ်လိုက်မယ်ဆိုရင်တော့ အာဆင်နယ်အတွက် အခြေအနေ နည်းနည်းပိုကောင်းလာနိုင်ပါတယ်။ မဟုတ်လို့ကတော့ အာဆင်နယ်ဟေ့ ထုံးစံအတိုင်းဆိုပြီး အမြင့်ဆုံး (၃) နဲ့ (၄) တနေရာရာလောက်ပဲရောက်ဖို့များပါတယ်။

ပြီးခဲ့တဲ့ ၂နှစ်ဆက်တိုက် ချန်ပီယံဖြစ်ဖို့အနီးစပ်ဆုံးအခြေအနေတွေကိုရောက်ခဲ့တဲ့စပါးအသင်းဟာ ဒီနွေရာသီပြောင်းရွှေ့ဈေးကွက်မှာ ဘာလို့ဒီလောက်ငြိမ်နေတာလဲဆိုတာကတော့ နည်းနည်းစဉ်းစားစရာပါ။ သူတို့ အားအထားရဆုံးကစားသမားတချို့ ရာသီအစမှာနာနေတဲ့အပြင် အဓိကကစားသမား ကိုင်းလ်ဝေါ့ကာကို ရောင်းထုတ်လိုက်ပြီးမှာတောင်မှ ဟုတ်တိဟုတ်တိ အဝယ်မရှိသေးပါဘူး။ ကွင်းသစ်ဆောက်နေတဲ့အတွက် ပိုက်ဆံလိုနေတာကြောင့် အသုံးလျော့ထားပြီး ရည်မှန်းချက်သိပ်ကြီးကြီးမားမားမထားတော့တာကတော့ ဖြစ်နိုင်ခြေအများဆုံးပဲလို့ ထင်ပါတယ်။ အဲ့ဒီအတွက်ပဲ ဒီတရာသီလုံး ဝမ်ဘလေကိုအိမ်ကွင်းထားပြီး ငှားကန်ရမှာကလည်း မနှစ်ကချန်ပီယံလိဂ်ရလဒ်တွေကိုကြည့်လိုက်ရင် စပါးအတွက် အခြေအနေ သိပ်မကောင်းဘူးလို့ ပြောလိုရပါတယ်။ အများဆုံး အဆင့်၎လောက်ပဲရောက်နိုင်ပြီး အခြေအနေမကောင်းရင် ချန်ပီယံလိဂ် ဝင်ခွင့်ပါပြုတ်သွားနိုင်ပါတယ်။

အဆင့် ၅/၆ : လီဗာပူး/ချယ်ဆီး

မနှစ်က ဥရောပမှာ လုံးဝမကန်ခဲ့ရတဲ့အပြင် နည်းပြနဲ့လည်း တရာသီလုံးနီးပါးအသားကျပြီးသား လီဗာပူးအသင်းက နည်းပြအသစ် ကစားကွက်အသစ်နဲ့ ရုန်းကန်နေရတဲ့အသင်းကြီးတွေ တော်တော်များအပေါ် အခွင့်အရေးမယူနိုင်တဲ့အပြင် နံပါတ် ၄ တောင်ချိတ်အောင် မနည်းကြိုးစားခဲ့ရတာကတော့ သူ့အသင်းပရိတ်သတ်တွေအတွက် စိတ်ပျက်စရာတော်တော်ကောင်းခဲ့ပါတယ်။ ဒီနှစ် ပြောင်းရွှေ့ဈေးကွက်မှာ ဆာလားနဲ့ ရောဘတ်ဆန်တို့ကိုခေါ်လိုက်တာ အသင်းအတွက် ကစားသမားအင်အားကို ပိုတောင့်စေပေမယ့် တကယ်ပိုပြီးလိုအပ်နေတဲ့ ကွင်းလယ်အဖျက်နေရာနဲ့နောက်တန်းအလယ်လူနေရာတွေကိုမခေါ်နိုင်သေးတာကလည်း အားမလိုအားမရစရာပါ။ နာဘီကီတားနဲ့ အထူးသဖြင့် ဆောက်သန်တန်နောက်ခံလူ ဗန်ဒိုင့်ကိုအလိုက်မှာ အလွဲလွဲအချော်တွေဖြစ်ပြီး အသင်းအရှက်ကွဲခံ လူသိရှင်ကြားတောင်းပန်လိုက်ရတဲ့အဆင့်တွေအထိ ရောက်သွားတာတွေကလည်း ရုပ်ပျက်လွန်လှပါတယ်။ ကစားကွက်အပိုင်းအရဆိုရင်လည်း တိုက်စစ်ကိုလိုတာထက်ပိုဖွင့်ပြီး ဂိုးပြတ်တွေ နိုင်နေရက်နဲ့တောင် မိနစ် ၉၀ လုံး ကစားသမားတွေကို ပြေးခိုင်းပြီး တဖက်အသင်းကို အလွန်အကျွံဖိအားပေးကစားတက်တဲ့ နည်းပြကလော့ပ်ရဲ့ "Gegenpressing" စတိုင် ကစားကွက်ဟာ နဂိုထဲကမှကစားသမားတွေကို ရေရှည်မှာထိခိုက်ဒဏ်ရာရနိုင်ဖြေ ပိုများနေစေတဲ့ကြားက ဒီနှစ်(ခြေစစ်ပွဲသာအောင်ခဲ့လို့) ချန်ပီယံလိဂ်ဝင်ကန်ရမှာကိုပါ ထည့်တွက်လိုက်ရင်တော့ လီဗာပူးအသင်းဟာ မနှစ်ကထက်ပိုပြီး ပွဲပန်းနိုင်တဲ့အပြင် တနှစ်ခြားတခါ ချန်ပီယံလိဂ်ကို အလည်လာ ပြန်ထွက်အဆင့်ကနေ တက်လာဖို့ မမြင်သေးပါဘူး။

လက်ရှိချန်ပီယံချယ်ဆီးကတော့ သူ့မတိုင်ခင်နှစ် လက်စတာစီးတီးလိုပဲ ဥရောပမကန်ရတဲ့ အခွင့်အရေးကို အပြည့်အဝ အသုံးချပြီး ကစားသမားတော်တော်များများ ဒဏ်ရာကင်းရှင်းပြီး ဖလားယူနိုင်ခဲ့ပါတယ်။ ဒီနှစ်မှာ ချန်ပီယံလိဂ် ပြန်ကန်ရမှာမို့လို့ ပေါင်သန်း ၁၃ဝ ကျော်သုံးပြီး ပရီးမီးယားလိဂ်မှာ တတိယငွေသုံးအများဆုံးအသင်းအနေနဲ့ လူတွေဖြည့်ဝယ်ထားပေမယ့်လ်း လောလောဆယ်အထိကတော့ ရူဒီဂါ ဘာကာယိုကို မိုရာတာတို့လို ပရီးမီးယားလိဂ် အတွေ့အကြုံမရှိသေးတဲ့လူသစ်တွေ လာမယ့်ရာသီအသင်းကနေ ထွက်ခွာကြမယ့် တယ်ရီ မာတစ်ခ်ျ ကိုစတာတို့လောက်တောင် ခြေစွမ်းပြနိုင်ပါ့မလားဆိုတာကလဲ စဉ်းစားစရာပါ။ ဒုတိယရာသီမှာ မော်ရင်ညိုလိုမဖြစ်စေရဘူးလို့ ရိသဲ့သဲ့နဲ့ ကြွေးကြော်ခဲ့တဲ့ ကွန်တီဟာ တမင်တကာများဖြစ်အောင်လုပ်နေသလားလို့ထင်ရလောက်အောင်ကို ဒီအပြောင်းအရွှေ့ကာလမှာ အမှားများခဲ့ပါတယ်။ ကိုစတာကိုမလိုအပ်တော့ဘူးဆိုတာကို ဆယ်ကျော်သက်လေးတွေ ရည်းစားနဲ့ဖြတ်သလို မတ်ဆေ့ခ်ျကနေ အသိပေးခဲ့တာကအစ လိုအပ်သလောက် လူမဝယ်နိုင်သေးဘဲ အသင်းရဲ့အလားအလာအကောင်းဆုံးလူငယ်တွေကို ငှားထုတ်ရောင်းထုတ်တာ လူကာကူကိုရပြီလို့ အပိုင်တွက်ပြီးလွတ်သွားတာ မိုရာတာကို မလိုချင်လိုချင်နဲ့ခေါ်ပြီး ဟယ်ရီကိန်းကို သူလိုချင်တဲ့အကောင်းဆုံးကစားသမားမျိုးဆိုပြီး မဆီမဆိုင် ထချီးကျူးတာ အလွန်ဆိုလိုမျိုး အားကိုးရတဲ့ကစားသမားရှိနေလျက်နဲ့ ဂျူဗီက ဆန်ဒရိုကို အသည်းအသန်လိုက်ပြီးမှ မရလိုက်တာတွေအလယ် ချာရတီဒိုင်းမှာ ဂိုးသမား ကာ့ထွားကို ပင်နယ်တီကန်ခိုင်းတာအဆုံး ဘာတွေလုပ်နေမှန်းမသိလောက်အောင်ကို လုပ်ကွက်တွေ အကြီးအကျယ်မှားခဲ့ပါတယ်။ ဒီပုံစံအတိုင်းသာ ဆက်သွားနေရင်တော့ မော်ရင်ညို(ပထမအကြိမ်)ကလွဲလို့ ဘယ်နည်းပြမှ ၂ နှစ်မခံခဲ့တဲ့ အေဘရာမိုဗစ်လက်ထက် ချယ်ဆီးရဲ့အစဉ်အလာကို ကွန်တီဟာ ဒီဇင်ဘာမတိုင်ခင်ဘဲ ဆက်လက်ထိန်းသိမ်းစတေးခံသွားရဖို့များနေပါတယ်။

ထိပ်ဆုံး ၆သင်းရဲ့နောက်မှာတော့ ထုံးစံအတိုင်း အဲဗာတန်ကပ်လိုက်ပြီး သူ့နောက်ကနေမှ ဝက်စ်ဟမ်း ဆောက်သမ်တန် နဲ့ အတန်းတက်တကျော့ပြန် နယူးကာဆယ်တို့ ပါလာနိုင်ပါတယ်။

တန်းဆင်းတိုက်ပွဲမှာတော့ မနှစ်က ကပ်ကျန်ခဲ့တဲ့ ဆွမ်ဆီး ဝတ်ဖို့ဒ် ဘန်လေ တို့နဲ့ တန်းတက်အသင်းတွေဖြစ်တဲ့ ဟက်ဒါးစ်ဖီးလ် ဘရိုက်တန်တို့ အကြိတ်အနယ်ချကျဖို့ မြင်ယောင်နေပါတယ်။

လက်ရှိသုံးသပ်ခန့်မှန်းချက်တွေအားလုံးက ပရီးမီးယားလိပွဲစဉ်တွေမစခင် နောက်ဆုံးအခြေအနေပေါ်မူတည်ပြီး ရေးထားတာဖြစ်တဲ့အတွက်ကြောင့် အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် ဩဂုတ် ၃၁ရက်နေ့အထိ ဖြစ်လာနိုင်တဲ့ ကစားသမားအဝင်အထွက်များပေါ်မူတည်ပြီး အပြောင်းအလဲတွေဖြစ်လာနိုင်သေးပါတယ်လို့ပြောရင်း စိတ်လှုပ်ရှားစရာ ပရီးမီးယားလိဂ်ရာသီသစ်ကိုကြိုဆိုလိုက်ပါတယ်။

လီယို
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

COMMENTS

Name

art,1,article,1293,cartoon variety,22,crime,63,culture,1,documentary,7,Entertainment,5,health,30,history,2,international,6910,interview,212,knowledge,7,Live,8,LocalNews,14993,news,2842,opinion,757,photos,202,poem,115,satires,38,song,12,speech,12,sports,132,statement,59,technic,52,translate,33,video,1065,voice,76,
ltr
item
dawnmanhon: ပရီးမီးယားလိဂ်ရာသီကြိုသုံးသပ်ချက်
ပရီးမီးယားလိဂ်ရာသီကြိုသုံးသပ်ချက်
https://1.bp.blogspot.com/-7XbFb5MpnK8/WY5039Ey9dI/AAAAAAAAdI0/Ava62o0PjOMhnhS658P_4a9yW_tkwVUlgCLcBGAs/s320/q1.jpg
https://1.bp.blogspot.com/-7XbFb5MpnK8/WY5039Ey9dI/AAAAAAAAdI0/Ava62o0PjOMhnhS658P_4a9yW_tkwVUlgCLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2017/08/blog-post_662.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/08/blog-post_662.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy