သတင်းအတုတွေကို မျှဝေရင် စီးပွားရေးလုပ်ငန်းတွေ ကြော်ငြာခွင့်မရအောင် ဖေ့စ်ဘုတ်ခ်က ပိတ်ပင်မည်

သြဂုတ် ၂၉ – ဖေ့စ်ဘုတ်ခ်ဟာ အလိမ်အညာသတင်းအတုတွေဖြန့်ချိမှုကို နှိမ်နင်းဖို့အတွက် တနလာင်္နေ့က နောက်ထပ်ခြေလှမ်းတစ်ရပ်ကို စတင်ခဲ့ပါတယ်။ ဖေ့စ်ဘုတ်ခ်ပေါ်က စီးပွားရေးစာမျက်နှာ(ပေ့ခ်ျ)တွေဟာ သတင်းအတုလို့ ယူဆရတဲ့သတင်းတွေကို အကြိမ်ကြိမ်မျှဝေရင် အဆိုပါပေ့ခ်ျတွေကို ဖေ့စ်ဘုတ်ခ်ပေါ်မှာ ကြော်ငြာခွင့်ကို ပိတ်သိမ်းသွားမှာဖြစ်ပါတယ်။ “သတင်းအတုတွေက ဖေ့စ်ဘုတ်ခ်ပေါ်က လူတွေရဲ့ယုံကြည်မှုကို ထိခိုက်စေတယ်” လို့ ဖေ့စ်ဘုတ်ခ် ကုန်ပစ္စည်း ဒါရိုက်တာ ရော့ဒ်လက်သန်က ယာဟူးဖိုင်းနန့်စ်ကိုပြောပါတယ်။

“သတင်းအတုတွေကိုဖြန့်ပြီး ပရိသတ်တည်ဆောက်တဲ့ ပေ့ခ်ျမျိုးကို ကျွန်တော်တို့ မလိုလားဘူး” ပေ့ခ်ျတစ်ခုဟာ သတင်းအတုတစ်ပုဒ်ကို ဘယ်နှကြိမ်လောက်မျှဝေရင် ကြော်ငြာထည့်ခွင့် ယာယီပိတ်ပင်ခံရမယ် ဆိုတာကိုတော့ ဖေ့စ်ဘုတ်ခ်က အတိအကျမပြောပါဘူး။ ပိတ်ပင်မှုကို ဘယ်အတိုင်းအတာလောက် လုပ်မယ်ဆိုတာ ကိုလည်း ပြောဖို့ငြင်းဆန်ခဲ့ပါတယ်။ တနလာင်္နေ့ကြေညာချက်ဟာ ပြီးခဲ့တဲ့နှစ်အတွင်း ဖေ့စ်ဘုတ်ခ်က သတင်းအတုတွေ၊ အလိမ်အညာသတင်းတွေကို တိုက်ဖျက်ဖို့ ဆက်တိုက်ကြိုးပမ်းအားထုတ်မှုမှာ နောက်ဆုံးပေါ်လုပ်ရပ်ဖြစ်ပါတယ်။

မေလတုန်းက ဖေ့စ်ဘုတ်ခ်ဟာ သူ့ရဲ့ News Feed ကိုပြင်ဆင်ခဲ့ပြီး သုံးသူတွေကို သတင်းတုဝက်ဘ်ဆိုက်တွေဆီ သွားခိုင်းမယ့် ပို့စ်တွေ၊ ကြော်ငြာတွေကို သိပ်မမြင်ရစေဖို့ ဖြစ်ပါတယ်။ ဒီလဆန်းပိုင်းကလည်း ဖေ့စ်ဘုတ်ခ်ဟာ အလိမ်အညာသတင်းတွေ ကို ရိပ်မိပြီး အဲဒီသတင်းတွေကို စစ်ဆေးသူတွေဆီပို့ပေးနိုင်မယ့် အဆင့်မြင့်စက်ယန္တရားနည်းစနစ်တစ်ခုကို အသုံးပြုခဲ့ပါတယ်။

စုပြည့်စုံ

ref: Yahoo, Aug 29th

Kumudra
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.