ကင်ညာတွင် ပလတ်စတစ်အိတ် အသုံးပြုခြင်းကို ထောင်ဒဏ် လေးနှစ်နှင့် ငွေဒဏ်ပါ ချမှတ်


ကင်ညာတွင် ပတ်ဝန်းကျင်ညစ်ညမ်းမှု လျော့နည်းကျဆင်းရေးအတွက် ပလတ်စတစ်အိတ်များကို တားမြစ်မိန့်က သြဂုတ် ၂၈ ရက်တွင် စတင်အသက်ဝင်ပြီး ကျူးလွန်သူကို ထောင်ဒဏ်ဖြစ်စေ ကြီးလေးသော ငွေဒဏ်ပါဖြစ်စေ ချမှတ်မည် ဖြစ်သည်။

ပလတ်စတစ်အိတ်များ အသုံးပြုခြင်း၊ ထုတ်လုပ်ခြင်းနှင့် တင်သွင်းခြင်းများအပေါ် ယခုတားမြစ်မိန့်အား ဟိုက်ကုတ်တရားရုံးက ချမှတ်ပြဌာန်းလိုက်ခြင်းဖြစ်သည်။

အလုပ်အကိုင်များ ဆုံးရှုံးကာ လူမှုလဝများ ထိခိုက်လာမည်ဟု ပလတ်စတစ်အိတ် တင်သွင်းသူများ၏ ခြောက်လုံးလှန့်လုံးများကို ဘေးချိတ်ပြီး တရားရုံးက ယခုကဲ့သို့ ပြဌာန်းလိုက်ခြင်းလည်း ဖြစ်သည်။

ပလတ်စတစ်အိတ်များကို နိုင်ငံဒါဇင်များစွာက တင်းကြပ်ခြင်း၊ တားမြစ်ခြင်း သို့မဟုတ် သွင်းကုန်ခွန် စည်းကြပ်ခြင်းများ ချမှတ် လုပ်ဆောင်ကြလင့်ကစား ကင်ညာ၏ ယခုဥပဒေသစ်ကမူ ပိုပြီးပြင်းထန်ကာ ငွေဒဏ် အမေရိကန်ဒေါ်လာ ၃၈၀၀၀ နှင့် ထောင်ဒဏ် လေးနှစ် ပြစ်ဒဏ် သတ်မှတ်ထားခြင်း ဖြစ်သည်။

ကင်ညာက စူပါမားကတ်များသည် နှစ်စဉ် ပလတ်စတစ်အိတ်ပေါင်း သန်း ၁၀၀ ကျော်ကို ဖြန့်ဝေနေကြောင်း ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်အစီအစဉ် UNEP က ခန့်မှန်းထားသည်။

ကင်ညာ၏ ယခု လုပ်ဆောင်မှုသည် ပလတ်စတစ် ညစ်ညမ်းမှုများ အဆုံးသတ်ရေးအတွက် ကြီးမားသော အရေးကြီးသည့် ခြေလှမ်းဖြစ်သည်ဟု UNEP က ပြောခဲ့သည်။

===========

Mizzima - News in Burmese

http://mizzimaburmese.com/article/31336
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.