ကျေးလက်ပြည်သူများစကားဝိုင်း ပြုလုပ်မည်



နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကျေးလက်ပြည်သူတွေပါဝင်တဲ့ ကျေးလက်ပြည်သူများ စကားဝိုင်းကျင်းပမယ့် ထုတ်ပြန်ချက်ကို တွေ့ရစဉ်။ Photo:Myanmar State Counsellor Office
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကျေးလက်ပြည်သူတွေပါဝင်မယ့် ကျေးလက်ပြည်သူများစကား ဝိုင်းကို သြဂုတ်လ ၇ ရက်နေ့မှာ  မန္တလေးတိုင်းဒေကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာမှာ ကျင်းပသွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက ဒီကနေ့ ထုတ်ပြန်ပါတယ်။

အဲဒီစကားဝိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ အဲဒီကျေးရွာမှာ နေထိုင်တဲ့ ကုန်ကားပိုင်ရှင်၊ သီးနှံပွဲစား၊ ဆန်စက်ပိုင်ရှင်၊ ယက္ကန်းရုံပိုင်ရှင်၊ ကျောင်းဆရာ၊ ကုန်စုံဆိုင်ပိုင်ရှင်၊ တောင်သူ စုစုပေါင်း ၈ ဦးက ပါဝင်ဆွေးနွေးမှာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

သြဂုတ်လ ၇ ရက်နေ့ မနက် ၁ဝ နာရီကနေ စတင်ဆွေးနွေးမှာဖြစ်ပြီး MRTV ရုပ်သံလိုင်း၊ Myanmar State Counsellor Office Facebook နဲ့ Myanmar President Office Facebook တို့ကနေ ဆွေးနွေးပွဲကို တိုက်ရိုက် ထုတ်လွှင့်ပေးသွားမယ်လို့ သိရပါတယ်။

ဒီတစ်ကြိမ်ပြုလုပ်မယ့် လက်ပြည်သူများစကားဝိုင်းဟာ လေးကြိမ်မြောက် ကျင်းပတာဖြစ်ပြီး ဝမ်းတွင်းမြို့ကနေ ၂ မိုင် အကွာလောက်မှာရှိတဲ့ မြေတိုင်ကန်ရွာမှာ ကျင်းပဖို့အတွက် ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက နိုင်ငံတော်အတိုင်ပင်ခံရုံး တာဝန်ရှိသူတွေ လာရောက်ပြီး စကားဝိုင်းကျင်းပဖို့ ပြင်ဆင်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.