နမ္မတီးမြို့မှာစစ်ဘေးဒုက္ခသည် တစ်ထောင်ကျော်ရောက်ရှိ



KIA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။ Photo: Kan Thar/ RFA
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်းက ကဆုန့်ကျေးရွာအနီးမှာ တပ်မတော်နဲ့ ကေအိုင်အေတပ်ရင်း ၁၁ တို့ အခုလ ၁၀ ရက်နေ့ကစတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ကဆုန့်ကျေးရွာနဲ့ ၁၁ မိုင်ခန့်ဝေးတဲ့ နမ္မတီး မြို့ပေါ်နဲ့ လမ်းဂွကျေးရွာကို ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။

မနေ့က ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က တာဝန်ရှိသူတွေနဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ကဆုန့် ကျေးရွာက ဒေသခံတွေအားလုံးကို သွားရောက်ခေါ်ယူခဲ့တာဖြစ်တယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဦးလမိုင် ကပြောပါတယ်။

"မနေ့ကတော့ KBC ကဆရာတွေနဲ့ PCG ကငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ ကဆုန့်ကိုသွားပြီးတော့မှ အဲ့ဒီမှာ သောင်တင်နေတဲ့ အဖွဲ့တွေ ကို ပြန်သွားခေါ်တာတော့ ရှိပါတယ်။ ကျန်တဲ့အဖွဲ့တွေ တော်တော်များများ ပါပါတယ်။ တချို့ ကျတော့ တရက်နှစ်ရက်ကြာနေတဲ့ သူတွေပါတယ်။ တချို့ကျတော့ တောထဲကို ဝင်ပြီးခိုနေပြီး မှ ပြန်ထွက်လာတဲ့ အဖွဲ့တွေလည်း ပါပါတယ်"

လက်ရှိမှာ နမ္မတီးမြို့ပေါ်ကကက်သလစ်ကျောင်းမှာ စစ်ရှောင်၅၀၀ ခန့်နဲ့ နမ္မတီးလမ်းခွက ကချင်နှစ်ခြင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှာ စစ်ရှောင် ၅၀၀ ကျော် ကို နေရာချထားပေးထား တယ်လို့ ပြောပါတယ်။

တိုက်ပွဲကြောင့် ကဆုန့်ကျေးရွာသား တစ်ဦးသေဆုံးတယ်လို့ သတင်းရရှိပြီး ပျောက်ဆုံးနေသူ ၃ ဦး ရှိနေတယ်လို့စစ်ရှောင်ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ လမ်းခွကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော်က ဦးလမိုင် ကပြောပါတယ်။

ကဆုန့်ရွာနားမှာ မနေ့ကစတင်ပြီး တိုက်ပွဲတွေဖြစ်ပွားတာ မရှိကြောင်းနဲ့ ဒေသခံတွေကတော့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ကုန်ကြပြီလို့ ကူညီကယ် ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.