မန္တလေးသပိတ်စခန်းကို ဘာကြောင့်ဖယ်ရှားသလဲဆိုတာ ဝန်ကြီးချုပ်ပြော



မန္တလေးမြို့က တိုင်းအစိုးရအဖွဲ့ရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကို သြဂုတ်လ ၅ ရက်နေ့က တွေ့ရစဉ်။ Photo: Hset Paing Toe/RFA
မရေရာမသေချာတဲ့ အချက်အလက်တွေနဲ့ ကြွေးကြော်ပြီးတော့ နိုင်ငံတော်အစိုးရကို ဖြုတ်ပေးပါဆိုပြီး တောင်း ဆိုနေတာဟာ တိုင်းပြည်ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိပါးလာတဲ့အတွက် မန္တလေးမြို့က သပိတ်စခန်းကို ရှင်းလင်းလိုက်တာဖြစ်တယ်လို့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

ဒီကနေ့ မန္တလေးမြို့က တိုင်းအစိုးရအဖွဲ့ရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ် ဒေါက် တာဇော်မြင့်မောင်က ပြောလိုက်တာဖြစ်ပါတယ်။

သြဂုတ်လ ၂ ရက်နေ့ကစပြီး မန္တလေးမြို့က သာသနာ ၂၅ဝဝ ဗိမာန်ဝင်းအတွင်းမှာဖွင့်လှစ်ခဲ့တဲ့ သပိတ်စခန်းကို ဒီကနေ့ မနက်စောစော ၂ နာရီခန့်မှာ သံဃာတချို့နဲ့ လူတချို့ကို ဖမ်းဆီးလိုက်ပြီး သပိတ်စခန်းကို ဖယ်ရှားလိုက် ပါတယ်။

ဒါ့အပြင် သပိတ်ကို နောက်ကွယ်ကနေ ကြိုးကိုင်နေသူတွေရှိသလို ကြိုးကိုင်သူတွေကို လက်ရှိအချိန်ထိ မဖော် ထုတ်နိုင်သေးဘူးလို့ ဆိုပါတယ်။

ဖမ်းဆီးဖို့ကျန်နေသေးတဲ့ ဦးဆောင်သံဃာ ၂ ပါးကိုလည်း ရဲတပ်ဖွဲ့က ဝရမ်းပြေးအနေနဲ့ ရှာဖွေဖမ်းဆီးသွားမယ် လို့ ပြောပါတယ်။

စုစုပေါင်း သံဃာ ၈ ပါးနဲ့ လူပုဂ္ဂိုလ် ၅ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ) အရ အရေးယူ သွားမှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.