သုဿာန် (၂) ခုရွှေ့ပြောင်းနိုင်ဖို့ ၀ိညာဉ်တွေကို တော်ဝင်ဘုံစံကျောင်း တိုက်ဆရာတော်ဘုရားကြီးက ဦးဆောင်စီစဉ်နေ


မုံရွာမြို့မြောက်ဖက် မြို့သစ်ရပ်ကွက် သုဿာန်နဲ့ အိုးဘိုတောင် ရပ်ကွက်သုဿာန်တွေကို ဖျက်သိမ်းတော့မှာဖြစ်တဲ့ ဝိညာဉ်တွေကို ပြောင်းရွှေ့ဖို့ မုံရွာမြို့တ်ာဝင် ဘုံစံကျောင်းတိုက်ဆရာကြီးက ဦးစီးလုပ်ဆောင်သွားမယ်လို့ သိရပါတယ် ။

 ပြောင်းရွှေ့တဲ့အခါမှာလည်း စည်ပင်သာယာရေး ကော်မတီအနေရဲ့ လုပ်ငန်းစဉ်အတိုင်း လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ် ။ လာမယ့် သြဂုတ်လ(၁၁)ရက်နေ့ နေ့လည်(၁)နာရီမှာ ကား(၃)စီးအသုံးပြုပြီးပြောင်းရွှေ့ဖို့ စီစဉ်ထားပါတယ် ။ မြို့သစ်ရပ်ကွက် သုဿာန်နဲ့ အိုးဘိုတောင် ရပ်ကွက်သုဿာန်တွေကို ပီးခဲ့တဲ့ လကုန်ကစပြီး မြေချခွင့်ပိတ်ပင်ထားပါတယ် ။


လာမယ့် သောကြာနေ့မှာ တော်ဝင်ဘုံစံကျောင်းတိုက်ဆရာတော် ဦးဆောင်ပြီး ဆရာတော်သံဃာတော်တွေက ဝိညာဉ်တွေကိုရွေ့ပြောင်းပေးမှာဖြစ်ပြီး ဝိညာဉ်တွေတင်ဖို့ စည်ပင်ကား(၃)စီး နဲ့ သံဃာတော်တွေအတွက်(၂) စီး စီစဉ်ထားတယ်လို့ သိရပါတယ် ။ အမိန့်ပြန်တမ်း၊ သုဿာန်ပိတ်သိမ်းနေကြ အလေ့အထတွေနဲ့ လုပ်ဆောင်သွားမှာဖြစ်ပါတယ် ။ ရွှေ့ပြီး နောက်တစ်ရက်မှာ
မြေသန့်ရှင်းရေးတွေကို စက်အားသုံးပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ သုဿာန်နှစ်ခုကို တပြိုင်တက်တည်းရွှေ့ပြောင်းတဲ့အခါမှာ အဆင်ပြေစေဖို့ တာဝန်ရှိသူတွေ စုပေါင်းလုပ်ဆောင်နေကြတယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အမာကြည်ကဆိုပါတယ် ။

သတင်းထောက် ……. မျိုးဝင်းထွန်း (မုံရွာ)
5 PLUS NEWS
https://www.facebook.com/5plusnews
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.