အမှန်တရား နှင့် ကင်းကွာနေဆဲ ဖြစ်သော ဦးကိုနီ လုပ်ကျြံမှု ကြီး

ဂျန်န၀ါရီ လ ၂၉ ရက်နေ့တွင် နိုင်ငံတွင် ထင်ရှား လူသိများသော ရှေ့နေကြီး ဖြစ်သူ ဦးကိုနီ အား ရန်ကုန် လေဆိပ်တွင် နေလည့်ကြောင်တောင် လူမြင်ကွင်း ရှေ့တွင် ရက်ရက်စက်စက် သေနတ်နှင့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ အဆိုပါ လုပ်ကြံမှုကြီး ဖြစ်ပွားပြီးလျင် ပြီးချင်း အာဏာပိုင်များက တရားခံ လေးဦးအား ရှေ့ဆင့်နောက်ဆင့် ဆိုသလို ဖမ်းဆီးနိုင်ခဲ့ပြီး တနိုင်ငံလုံး စိတ်ဝင်တစား ဖြစ်နေသော အမှု ကြီး လည်း ဖြစ်သဖြင့် သတင်းစာ ရှင်းလင်းပွဲကို ထူးထူးခြားခြား ကျင်းပပြီး အသေးစိတ် အချက်အလက်များ ထုတ်ပြန်ခဲ့ကြပါတယ်။

ဦးကိုနီ၏ နိုင်ငံရေး လုပ်ရပ်များ အပေါ် "မကျေမချမ်း" ဖြစ်နေသော တရားခံများမှ "အစွန်းရောက် မျိုးချစ်ဝါဒ" ကြောင့် အခုလို လုပ်ကြံခဲ့ကြခြင်း ဖြစ်တယ်လို့ အထက်တန်း ရဲအရာရှိကြီးတဦးက ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။ ထိုသို့ပြောဆိုခဲ့သည့်အတွက် ဦးကိုနီ သည် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရန် လုံးပမ်းနေခြင်းကြောင့်လို့ အများက ယုံကြည်စရာ ဖြစ်လာခဲ့ရပါတယ်။

ယခုအခါ လုပ်ကြံသတ်ဖြတ်မှုကြီး ဖြစ်ပွားခဲ့သည်မှာ ခြောက်လ ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး တရားခံများက ရန်ကုန် တွင် ရုံးတင် စစ်ဆေးနေဆဲ ဖြစ်သော်လည်း အဓိက နောက်ကွယ်က ကြိုးကိုင်သူ က လွတ်မြောက်နေဆဲ ဖြစ်နေပါတယ်။ ဒီအတွက် အဖြေထက် မေးစရာ မေးခွန်းများက တသီကြီး ပေါ်ထွက်လာနေပြီး ဦးကိုနီ အတွက် တရားဥပဒေ နဲ့ အညီ အပြစ်ပေးနိုင်ပါအုန်းလား ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ထွက်ပေါ်လာနေရပါတယ်။

ဒီကိစ္စနဲ့ ပါတ်သက်ပြီး လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့မှ အာရှ တာဝန်ခံ ဖီလ် ရော်ဘတ်ဆန်က လူအများ အနေနဲ့ မေးခွန်းထုတ်လာရဖို့ ဖြစ်လာသည်က "ရဲ အဖွဲ့ အနေနဲ့ နောက်ထပ် ပါတ်သက်ရာ ပါတ်သက်ကြောင်း သံသယရှိသူများကို အမှန်တကယ်ကော ဖမ်းဆီးလိုစိတ် ရှိနေသလား" ဆိုတာပဲ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ လက်ရှိစုံစမ်းစစ်ဆေးနေမှုများကို ရွှံ့ဗွက်ထဲ နစ်နေတဲ့ ကားဘီးလို အသားကုန် လည်နေသော်လည်း ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတာ တွေ့ရတဲ့အတွက် တခုခု ကို အမြန်မလုပ်ရင် အခြေအနေတွေ ပိုဆိုးလာနိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိ ဖမ်းမိထားသူများကတော့ ဦးကိုနီ နှင့် တက္ကဆီ ယာဉ်မောင်း ကိုနေ၀င်းအား သတ်ဖြတ်ခဲ့သူ ကြည်လင်း၊ ဆက်စပ်တရားခံများ ဖြစ်တဲ့ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ နဲ့ အောင်ဝင်းထွန်း တို့ ဖြစ်ပါတယ်။

ပဉ္စမမြောက် တရားခံ ဖြစ်တဲ့ အောင်ဝင်းခိုင်က ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ပြီး ၎င်းသည် ညီဖြစ်သူ အောင်ဝင်းဇော်၊ ဇေယျဖြိုး တို့အား နောက်ကွယ်မှ စေခိုင်းခဲ့သူ ဟု ရဲ အဖွဲ့ မှ ယုံကြည်နေပြီး အောင်ဝင်းထွန်းကိုတော့ တရားခံ တဦးအား အကာအကွယ်ပေးမှု နဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

တပ်မတော်အား ယခုအချိန်အထိ အမှုတွင် တိုက်ရိုက်ပါဝင် ပါတ်သက်ခဲ့သည်ဟု စွပ်စွဲမှုများ မရှိသေးသော်လည်း အမှုသွား အမှုလာကြောင့် ကသိကအောက် ဖြစ်စေမယ့် မေးခွန်းများတော့ ထွက်ပေါ်လာခဲ့ရပါတယ်။

ဦးကိုနီ သည် အာဏာရ ပါတီ ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ လွှတ်တော်ထဲမှာ ဥပဒေပြု အာဏာ ၂၅% ကို ရယူခွင့်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရန် ကြိုးစားနေသူ လည်း ဖြစ်ပါတယ်။

လက်ရှိမှာ ထွက်ပြေး လွတ်မြောက်နေတဲ့ အောင်ဝင်းခိုင်ကို လုပ်ကြံသတ်ဖြတ်မှုကြီး ဖြစ်ပွားပြီး နှစ်ပါတ်အကြာမှာ နေပြည်တော်တွင် နောက်ဆုံး မြင်တွေ့ခဲ့ရပါတယ်။ အောင်ဝင်းခိုင် အပါအ၀င် ကျန်တရားခံ သုံးဦးက တပ်မတော်မှ အငြိမ်းစား အရာရှိတွေ ဖြစ်နေကြတာ တွေ့ရပါတယ်။

ထို့အတွက် မကျေမချမ်း ဖြစ်နေသူများက တပ်မတော် နဲ့ ဒေါ်အောင်ဆန်းစုကြည်အစိုးရ အကြား သိမ်မွေ့စွာ အသွင်ကူုးပြောင်းနေမှု အား သဘောကွဲလွဲမှု ဖြစ်စေရန် နောက်ကွယ်မှ စီစဉ်ခဲ့ကြခြင်း ဖြစ်တယ်ဆိုတဲ့ သီအိုရီကို တပ်မတော်ဖက်က ပြောဆိုလာပါတယ်။

"ကျွန်တော်တို့ အနေနဲ့ စဉ်းစားစရာတွေ အများကြီး ရှိနေပါတယ်" ဟု ပြည်ထဲရေး ၀န်ကြီး ဗိုလ်ချုပ်ကြီး ကျော်ဆွေက ဖေဖေါ်ဝါရီ လကုန်ပိုင်း မီဒီယာနဲ့ တွေ့ဆုံ အသိပေးစဉ် ပြောကြားခဲ့ပါတယ်။ "ဘာဖြစ်လို့ တရားခံ တွေက တပ်မတော်အရာရှိဟောင်းတွေ ခြည်း ဖြစ်နေရတာလဲ၊ တပ်မတော် နဲ့ အစိုးရ အကြား စိတ်ဝမ်းကွဲအောင် ကြိုးစားမှု တရပ်လား" လို့လည်း မေးခွန်းထုတ်ခဲ့ပါတယ်။

အမှုနဲ့ ပါတ်သက်ပြီး ခပ်ဖေါ့ဖေါ့ ပြောသွားတဲ့ အချက် အနည်းငယ် ကျန်ရှိနေပါသေးတယ်။

ဦးကိုနီ သည် ထင်ရှားတဲ့ ရှေ့နေကြီး တဦး ဖြစ်ယုံမက မူဆလင် ဘာသာဝင်များ အကြားလည်း ကျော်ကြားသူ ဖြစ်ပါတယ်။ ထို့အတွက် အခုလို သတ်ဖြတ်ခံရမှုမှာ သူ့ရဲ့ ဘာသာရေး ယုံကြည်မှု ကြောင့် ဆိုတဲ့ အချက်က တစိတ်တပိုင်း ပါဝင်နိုင်ပြီး အလွယ်တကူ ပြစ်မှတ်တခု ဖြစ်လာရတယ်လို့ လူအများက ယုံကြည်လျက် ရှိနေကြပါတယ်။

အမှုက ဆက်လက်စစ်ဆေးနေတဲ့ အတွက် တရားခံ များဖက်က ထွက်ဆိုချက် ကို ကြားသိဖို့လည်း လိုအပ်နေပါသေးတယ်။ "အာဏာပိုင်တွေ အနေနဲ့ အောင်ဝင်းခိုင်ကို ဖမ်းဆီးဖို့ ကြိုးစားသင့်တယ်" ဟု အစိုးရ ရှေ့နေ ဦးနေလ က ပြောပြခဲ့ပါတယ်။

အာဏာပိုင်များကတော့ အိမ်နီချင်း နိုင်ငံများ အပါအ၀င် ကမ္ဘာနိုင်ငံများနဲ့ အင်တာပိုရဲ အဖွဲ့ကိုပါ ၎င်းရဲ့ ဓါတ်ပုံ များ ဖြန့်ဝေထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

မတ်လ ထဲ တွင် အမှုကို စတင် စစ်ဆေးခဲ့ပြီး ယခုအချိန်အထိ သက်သေ ၁၁ ယောက်မှ အစစ်ခံခဲ့ပြီး ဖြစ်ကာ နောက်ထပ် အယောက် (၇၀) လောက် အစစ်ခံရန် ကျန်နေသေးတဲ့ အတွက် အမှုသည် ရှည်လျားဖွယ်ရှိနေတယ်လို့ ဦးနေလ က ဆိုပါတယ်။

ကိုးကား ၊ ။ Voice of America

HSW
BrainWave ဉာဏ်လှိုင်း
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.