မယူကမ်း စေတီပြင် အနီးရှိ အောက်နန်းရာမှ သေနတ်ပစ်ခတ်သံများကြားရ


နိရဉ္စရာ၊ သြဂုတ် ၎

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မယူကမ်း စေတီပြင် ကျေးရွာအနီးရှိ အောက်နန်းရာရွာသို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များမှ တရားခံ ဖမ်းဆီးရန် သွားရောက်စဉ် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

“ အခုဘဲ ပစ်ခတ်နေကြတာပါ။ အခုဘဲ ဖြစ်နေကြာတာပါ။ သိပ်မကြာသေးပါဘူး။ အခုဘဲ ဖြစ်နေတာပါ။ သေနတ်သံ အချက် ၁၀၀ ခန့်ကြားရပါတယ် ” ဟု စေတီပြင်ကျေးရွာမှ ဦးမောင်အေးညွှန့်က နံနက် ၇ နာရီ ၄၅ မိနစ်တွင် ပြောကြားသည်။

အောက်နန်းရာ ဘင်္ဂလီကျေးရွာသို့ မူစဲကမ်း ရွှေလောင်းတင်အနီးရှိ အနောက်ပြင် ဘင်္ဂလီရွာမှ တရားမ၀င် လာရောက်သူများရှိနေကြောင်း သတင်းရရှိသဖြင့် နယ်ခြားစောင့်တပ်ဖွဲ့မှ အင်အား ၃၀ ကျော်ဖြင့် ဖမ်းဆီးရန် သွားရောက်ရာ အောက်နန်းရာကျေးရွာတွင်းမှ လူအုပ်များဖြင့် ၀ိုင်းအုံလာပြီး သေနတ်များဖြင့် စတင် ပစ်ခတ်ခဲ့သဖြင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များမှ ပြန်လည် ပစ်ခတ်ခဲ့ရသည်ဟု စေတီပြင်ကျေးရွာမှ အရပ်လူကြီး တစ်ဦးဖြစ်သူ
ဦးမောင်အေးညွှန့်က နိရဉ္စရာသို့ ပြောသည်။

နယ်ခြားစောင့်တပ်ဖွဲ့မှ အကြမ်းဖက်သမားဟု ယူဆရသူ ၄ ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

အာဏာပိုင်များနှင့် အဆက်အသွယ် မရရှိသေးသဖြင့် အသေးစိတ် အချက်အလက်များကို အတည်ပြုချက်ရယူရန် မေးမြန်းတင်ပြနိုင်ခြင်း မရှိသေးပါ။

Narinjara
https://www.facebook.com/Narinjara
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.