တရားမဝင်​ သို​လှောင်​ထား​သော ​ခဲသတ္တုများ လွိုင်​​ကော်​တွင်​ ဖမ်းမိ


သြဂုတ်​လ ၁၀ ရက်​​နေ့ ည​ ၁၀ ​နာရီ​ကျော်​အချိန်​က လွိုင်​​ကော်​မြို့နယ်​ရှိ ​နေရာ နှစ်​​နေရာတွင်​ သက်​​သေခံပစ္စည်းများနှင့်​တကွ တရားမဝင်​ခဲသတ္တုများကို သက်​​သေခံပစ္စည်းများနှင့်​တကွ သိမ်းဆည်းရရှိခဲ့​သည်​။

လွိုင်​​ကော်​မြို့ မိုင်းလုံးရပ်​ကွက်​၊ ပလဖလမ်း၊ အိမ်​အမှတ်​ ၄၂၆/က ခြံဝန်းအတွင်းရှိ ဂို​ဒေါင်​အတွင်း၌ ခဲသတ္တု ၂၉ အိတ်​၊ အိတ်​ချုပ်​ရာတွင်​ အသုံးပြု​သော ချုပ်​စက်​ ၂ လုံး၊ ချိန်​တွယ်​ကတ္တား ၁ လုံးနှင့်​ သတ္တုများ ထုတ်​ပိုးရာတွင်​ အသုံးပြု​သော ဆက်​စပ်​ပစ္စည်းများ ​တွေ့ရှိရသဖြင့်​ တာဝန်​ရှိသူများမှ မျက်​မြင်​​ရှေ့မှောက်​တွင်​ ရှာ​ဖွေသိမ်းဆည်းခဲ့သည်​။


ထို့အပြင်​ ပန်​ကန်း​ကျေးရွာအုပ်​စု၊ ထူဒူငံသ​ကျေးရွာ၊ (အ.မ.က)စာသင်​​ကျောင်းအနီးရှိ ခြံဝန်းအတွင်းရှိ ဂို​ဒေါင်​တွင်​ သတ္တုကို အမှုန့့်​ကြိတ်​စက်​တစ်​လုံးနှင့်​ သတ္တုများ ထုတ်​ပိုးရာတွင်​ အသုံးပြု​သော အခြားသက်​​သေခံပစ္စည်းများ ​တွေ့ရှိခဲ့သည်​။

အဆိုပါ သတ္တုများသည်​ တာဝန်​ရှိသူများမှ ထုတ်​​ပေးထား​သော အ​ထောက်​အထားများမပါရှိခြင်း​ကြောင့်​ တရားမဝင်​ခဲသတ္တုဖြစ်​သည်​ဟု ​မော်​ချီးသတ္တုတွင်းရုံးခွဲ ရုံးခွဲတာဝန်​ခံအင်​ဂျင်​နီယာ ဦးဆန်းဝင်း​အောင်​က ကန္တာရဝတီတိုင်း(မ်​)သို့ အတည်​ပြုသည်​။


"အခု​တွေ့ရှိရတဲ့ခဲ​က​တော့ သတ္တုတွင်း လုပ်​ထုံးလုပ်​နည်းအရဆိုရင်​ တရားမဝင်​သတ္တုလို့ သတ်​မှတ်​လို့ရတယ်​။ သတ္တုတွင်း အ​ထောက်​အထား၊ သတ္တုတွင်း ကုန်​ပို့လွှာတို့ ဘာမှ မရှိဘူး။”ဟု ဦးဆန်းဝင်း​အောင်​က ​ပြောကြားသည်​။

အဆိုပါ တရားမဝင်​ခဲသတ္တုသို​လှောင်​ထား​သော ​နေရာများကို ရဲတပ်​ဖွဲ့အင်​အား ၂၀ ​ကျော်၊ အသိသက်​​သေနှင့်​ တာဝန်​​ရှိသူများက ​ဖော်​ထုတ်​ဖမ်းဆီးခဲ့ခြင်း ဖြစ်​သည်​။

တရားမဝင်​ခဲသတ္တုများ ဖမ်းမိခဲ့​သော်​လည်း ပိုင်​ရှင်​များကိုမူ ဖမ်းဆီးရရှိ​ခြင်း မရှိ​သေး​ကြောင်း သိရသည်​။

ဓါတ်​ပုံ-ကန္တာရဝတီတိုင်း(မ်​)
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.