ထန်းတပင်​မြို့နယ်​ တိုင်းလွှတ်တော်ကိုယ်စားလှယ်​နေအိမ်​ ဖောက်ထွင်းခံရ



ထန်းတပင်​မြို့နယ် ​မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ဘုန်းကျော်စံဦး ။ ဓါတ်ပုံ (fb)
ရန်ကုန်၊သြဂုတ်၂၉။

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်​မြို့နယ် ​မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ဘုန်းကျော်စံဦး ၏ ​နေအိမ်​ခြံဝင်းအတွင်းရှိရုံးခန်းကိုသြဂုတ်လ ၂၈ ရက်ညပိုင်းက ဖောက်ထွင်းမှုဖြစ်​ပွားခဲ့​ကြောင်း တိုင်း လွှတ်​​တော်​ကိုယ်​စားလှယ်​က​ ပြောသည်​။

ထန်းတပင်​မြို့နယ်​အ နောက်ပိုင်းတက္ကသိုလ်လမ်းမကြီး၊ ၀ါးတရာအုပ်စု၊ အမှတ်(၁၄၀)​ရှိ၎င်း၏​ နေအိမ်​တွင်​ ရုံးခန်းဖွင့်​လှစ်​ထားခြင်းဖြစ်​ပြီး အတွင်းရှိ တန်​ဖိုးကြီးပစ္စည်းများကို ယူ​ဆောင်​သွားခြင်းမရှိပဲ လွှတ်​​တော်​နှင့်​သက်​ဆိုင်​​သော စာရွက်​စာတမ်းများကို​ မွှေ​နှောက်​ရှာ​ဖွေထား​ကြောင်း ဦး​အောင်​ဘုန်း​ကျော်​စံဦးက​ ပြောသည်​။

``မနက်​ကျမှ ရုံးခန်းတံခါးဖွင့်​ထားတာ​တွေ့လို့ အိမ်​က လူ​တွေသွားစစ်​​တော့ လွှတ်​​တော်​နဲ့ဆိုင်​တဲ့ စာရွက်​စာတမ်း​တွေထားတဲ့ဗီရိုမှာ စာရွက်​ပြန့်​ကျဲ​နေတယ်​။ ကျွန်​​တော်​ကမ​နေ့က လွှတ်​​တော်​အစည်းအ​ဝေး​နောက်​ကျလို့ လွှတ်​​တော်​မှာ ညအိပ်​တာ။ ရုံးခန်းက စာရွက်​စာတမ်း​တွေထားတာ။ အိမ်​ကစာရွက်​စာတမ်းနဲ့ လွှတ်​​တော်​နဲ့ဆိုင်​တဲ့စာရွက်​​တွေ​ရောမှာစိုးလို့ ခြံထဲမှာ ရုံးခန်းသ​ဘောဖွင့်​ထားတာ။ ရုံးခန်းမှာ ကင်​မရာ၊ ဆိုင်​ကယ်​၂စီးရှိတယ်​။ တစ်​ခုမှ မယူသွားဘူး။ ဘယ်​စာရွက်​စာတမ်း​တွေ​ပျောက်​လဲဆိုတာ ပြန်​စစ်​ရအုံးမယ်​ ´´ဟု၎င်းက​ ပြောသည်​။

ဧပြီလ၅ရက်​​နေ့ကတိုင်း​ဒေသကြီးလွှတ်​​တော်​တွင်​လယ်​ယာ​မြေများကိုအခြားနည်းဖြင့်​သုံးစွဲခွင့်​မရှိပဲ အကွက်​ရိုက်​​ရောင်းချခြင်းများကိုအ​ရေးယူရန်​အစီ အစဉ်​ရှိမရှိအား​မေးမြန်းခဲ့ပြီးတိုင်းအစိုးရမှအ​ရေးယူသွားမည်​ဟုပြန်​လည်​​ဖြေကြားခဲ့ပြီး ယခု​ဖောက်​ထွင်းခံရမှုသည်​အဆိုပါကိစ္စနှင့်​ပတ်​သတ်​၍ မ​ကျေနပ်​သူများကလုပ်​​ဆောင်​ခြင်းဖြစ်​နိုင်​​ကြောင်း ​နေအိမ်​​ဖောက်​ထွင်းခံပြီးမိမိ၏လုံခြုံ​ရေးအတွက်​ပါ အ​ရေးကြီးလာ​ကြောင်း တိုင်းလွှတ်​​တော်​ကိုယ်​စားလှယ်​သုံးသပ်​​ပြောသည်​။

``ဘယ်​လိုစာ ရွက်​စာတမ်း​တွေပါသွားလဲမသိရ​သေးဘူး။ကျွန်​​တော်​တင်​တဲ့အဆိုကကျွန်​​တော်​တို့မြို့နယ်​တစ်​ခုထဲအတွက်​တင်​မဟုတ်​ပဲနဲ့ရန်​ကုန်​တိုင်းအတွင်းကမြို့နယ်​တိုင်းနဲ့သက်​ဆိုင်​တဲ့အဆိုတင်​တာ။ ရုံးခန်းမှာကလယ်​ယာ​မြေနဲ့ပတ်​သတ်​ပြီး​တော့ဥပ​ဒေနဲ့အညီအ​ရေးယူဖို့တရားစွဲဖို့ပြင်​ဆင်​ထားတဲ့စာရွက်​​စာတမ်းတွေရှိတယ်​။ကျွန်​​တော်​ရဲ့လုံခြုံ​ရေးအတွက်​ပါအ​ရေးကြီးလာပြီလို့ယူဆတယ်​ ´´ဟု၎င်းက​ပြောသည်​။

ရုံးခန်း​ဖောက်​ထွင်းခံရသည့်​ကိစ္စနှင့်​ပတ်​သတ်​ပြီးရန်​ကုန်​တိုင်း​ဒေသကြီးလုံခြုံ​ရေးနှင့်​နယ်​စပ်​​ရေးရာဝန်​ ကြီးသို့အ​ကြောင်းကြားထား​ကြောင်းသိရသည်​။

အဆိုပါကိစ္စနှင့်​ပတ်​သတ်​၍တိုင်းလွှတ်​​တော်​ကိုယ်​စားလှယ်​၏ညီဖြစ်​သူဦး​ဇော်​​ဌေးလင်းကတရားလို ပြုလုပ်​၍ထန်းတပင်​မြို့မရဲစခန်းတွင်​အမှုဖွင့်​တိုင်​ ကြားထား​ကြောင်းသိရသည်​။

KTM
Central News Myanmar
https://www.facebook.com/CNMyanmar/

COMMENTS

Name

art,1,article,1334,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,9,health,34,history,2,international,8079,interview,222,knowledge,9,Live,8,LocalNews,16809,news,2842,opinion,772,photos,203,poem,117,satires,39,song,12,speech,12,sports,182,statement,59,technic,58,translate,34,video,1070,voice,76,
ltr
item
dawnmanhon: ထန်းတပင်​မြို့နယ်​ တိုင်းလွှတ်တော်ကိုယ်စားလှယ်​နေအိမ်​ ဖောက်ထွင်းခံရ
ထန်းတပင်​မြို့နယ်​ တိုင်းလွှတ်တော်ကိုယ်စားလှယ်​နေအိမ်​ ဖောက်ထွင်းခံရ
https://3.bp.blogspot.com/-VJ3Xk7vouIM/WaVoejjN2hI/AAAAAAABUrw/WXOAed8CayoD9THyYPDwKE46a70-TyLtACLcBGAs/s400/3.jpg
https://3.bp.blogspot.com/-VJ3Xk7vouIM/WaVoejjN2hI/AAAAAAABUrw/WXOAed8CayoD9THyYPDwKE46a70-TyLtACLcBGAs/s72-c/3.jpg
dawnmanhon
http://www.dawnmanhon.com/2017/08/blog-post_892.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/08/blog-post_892.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy