ကိုင်းကြီးသတ်ဖြတ်ခံရမှု သူ့တွင်တာဝန်ရှိကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ၀န်ခံပြောဆို


နိရဉ္စရာ၊ သြဂုတ် ၎

မောင်တောမြို့နယ်တွင် မြိုတိုင်းရင်းသားများ သတ်ဖြတ်ခံရမှုသည် သူ့တွင် တာဝန်ရှိကြောင်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က ထုတ်ဖော်ပြောဆိုလိုက်သည်။

ဇူလိုင် ၄ ရက်နေ့က မြိုတိုင်းရင်းသားများ သတ်ဖြတ်ခံရမှု အတွက် မောင်တောမြို့သို့ လာရောက်စဉ် ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်သည့် အစည်းအဝေးတွင် ထိုသို့ ထုတ်ဖော်ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

သူ့ဖေ့စ်ဘုတ် စာမျက်နှာတစ်ဆင့် ၀န်ကြီးချုပ် ဦးညီပု ဖော်ပြသည်မှာ “ယမန်နေ့က မြိုတိုင်းရင်းသား ခြောက်ဦး အကြမ်းဖက်သတ်ဖြတ်ခံရမှုအဖြစ်အပျက်သည် မိမိတို့တွင် တာဝန်ရှိပါကြောင်း၊ အရေးလည်းကြီးပါကြောင်း၊ အလွန်ကျယ်ပြန့်သည့် အနေ အထားဖြစ်သည့် အတွက် ယခင်က ဖြစ်ပျက်သည့်အဖြစ်အပျက်များနှင့် အတူညီဘဲ ယခု အဖြစ်အပျက်ကို ပိုမို အလေးထားရန်၊ ရှေ့အနာဂတ်တွင် မိမိတို့ ကြိုတင်ပြင်ဆင် ဆောင်ရွက် နိုင်မည့် အစီအမံများ အတွက်လည်း အလေးအနက်ထား ဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း” ရေးသား ဖေါ်ပြထားသည်။

၎င်းပြင် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများကိုလည်း ပြန်လည်စိစစ်ရန် လိုအပ်ကြောင်း ပြောဆိုသွားသည်။

ဝန်ကြီးချုပ်က " ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများကိုလည်း ပြန်လည်စိစစ်ရန်လိုအပ်ကြောင်း၊ မည့်သည့်သဘောတူညီချက်များ၊ မည့်အခြေအနေ အကြောင်းကြောင်းများဖြင့် လာရောက်သည်၊ မည်သည့်အရာများကို လုပ်နေသည် ဆိုသည်ကို ဖြစ်နိုင်လျှင် မြန်မြန်ဆန်ဆန် စိစစ်ပြီး ခွင့်ပြုသင့်သည်များကို ခွင့်ပြု၊ ခွင့်မပြုသင့်သည်များကို ခွင့်မပြုဘဲ လုပ်ဆောင် သွားရမည်" ဟု ပြောကြားခဲ့သည်။

အစည်းအဝေးတွင် ဆုံးဖြတ်နိုင်သည်များကို ယခု အစည်းအဝေးမှ ဆုံးဖြတ်ပြီး မဆုံးဖြတ်နိုင်သည့် အရေးကြီးသော အချက်အလက်တွေကို ပြည်နယ်အစိုးရ၊ နိုင်ငံတော်အစိုးရထံကို အဆင့်ဆင့် တင်ပြသွားမည် ဖြစ်ကြောင်း ၀န်ကြီးချုပ်က ပြောကြားခဲ့ကြောင်း သိရသည်။

၎င်းအစည်းအဝေးသို့ အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး၊ ကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်၊ ရခိုင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်လွင်၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးအောင်ကျော်ဇံနှင့် လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာ၊ မောင်တောခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲထူးတို့ကလည်း တက်ရောက်ခဲ့သည်။

စံမောင်သန်း၊ စစ်တွေ
Narinjara
https://www.facebook.com/Narinjara
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.