တောင်အာရှရဲ့ အပူလှိုင်း အန္တရယ်

အိန္ဒိယလယ်သမားတွေ အပူရှိန်နဲ့ ခြောက်သွေ့မှုဒဏ် ခံနေရ
အခုရာစုနှစ်အကုန် သက္ကရာဇ် ၂၁၀၀ ခုနှစ် လောက်မှာ ကမ္ဘာကြီး ပူနွေးလာမှုဟာ ရှောင်လွှဲလို့ မရနိုင်တဲ့ ပြဿနာ ဖြစ်လာပြီး အပူချိန်မြင့်တက်ကာ တောင်အာရှမှာ လူသန်းရာနဲ့ချီ ဒုက္ခရောက်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။

အပူချိန် ၃၃ ဆဲလ်စီးရက်စ် အထိရောက်ရှိနိုင်ပြီး အပူလှိုင်းဒဏ်ကြောင့် ချွေးထွက်လွန်ကာ သေဆုံးတဲ့ အနေအထားမျိုးထိ ရောက်နိုင်တယ်လို့ သုတေသီ တွေက ပြောပါတယ်။

အိန္ဒိယ ၊ ပါကစ္စတန်နဲ့ ဘဂလားဒေ့ရှ် တလွှားမှာ နွေကာလ အပူရှိန် အကြီးအကျယ် ပြင်းထန်လာနိုင်တယ်လို့ ဆိုပါတယ်။

အိန္ဒုမြစ်နဲ့ ဂင်္ဂါမြစ်ဝှမ်းတွေ တလျှောက်မှာ အများအပြား ရှိတဲ့ စိုက်ပျိုးရေးနဲ့ အသက်မွေးနေထိုင်သူတွေအပေါ် အများဆုံး ထိခိုက်လာနိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။

တောင်အာရှ ဒေသဟာ ကမ္ဘာ လူဉီးရေရဲ့ ငါးပုံတပုံ နေထိုင်ရာ အရပ်ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.