နှာခေါင်းစည်းတစ်ခုကို ကျပ် ၁၂၀ဝ၀ အထိရက်ပိုင်းအတွင်း ဈေးထိုးတက်နေ



ရန်ကုန်၊ ဇူလိုင် ၂၉ – ရာသီပေါ်တုပ်ကွေး H1N1 ရောဂါပိုးကာကွယ်တဲ့ N95 mask နှာခေါင်းစည်းတစ်ခုကို ကျပ် ၁၂,ဝ၀ဝ အထိဈေးတွေ အဆမတန်ထိုးတက်နေကြောင်း ဝယ်ယူသုံးစွဲသူတွေဆီကနေသိရပါတယ်။
တစ်နေ့တခြားရောဂါဖြစ်ပွားမှုနှုန်းတိုးလာတာကြောင့် လူတွေဘက်ကနှခေါင်းစည်းတွေကို အသည်းအသန် ဝယ်ယူမှုတွေရှိခဲ့တာကြောင့်ရောင်းချတဲ့ဆိုင်တွေကလည်း ဈေးတွေကိုတစ်ဟုန်ထိုးမြှင့်ပြီးရောင်းချလာတာပဲ ဖြစ်ပါတယ်။

မြို့ထဲမှာရှိတဲ့ ဆေးဆိုင်အများစုဟာဆိုရင် တစ်ရက်ထက် တစ်ရက် နှာခေါင်းစည်းဈေးတွေကိုအဆမတန် တိုးမြှင့်ထားကြပြီး မြို့တွင်းပိုင်းကဆေးဆိုင်တချို့မှာဆိုရင် N95 maskကို ကျပ် ၇၀ဝ၀ ကျော်ကနေ ၁၂,ဝ၀ဝ အထိ တိုးမြှင့်ရောင်းနေတယ်လို့ တက္ကသိုလ်ကျောင်းသားတစ်ဦးက ဆိုပါတယ်။

ဆေးဆိုင်တစ်ခုမှာ N95 အစိမ်းရောင်နဲ့ကို ၇၅၀ဝ တဲ့၊ တော်တော်များများတပ်နေကြတဲ့ လေပေါက်ပါတာက ၈၅၀ဝ တဲ့ တခြားဆိုင်မှာဆို တစ်ခုကို ၁၂,ဝ၀ဝ နဲ့ ရောင်းနေတယ်၊ အွန်လိုင်းမှာရောင်းတာတောင် တန်ဦးမယ်၊ ဆေးဆိုင်တွေက ပိုအမြတ်ကြီးစားနေကြတယ်လို့ ဒဂုံတက္ကသိုလ်မှ အဝေးသင်ကျောင်းသားဖြစ်သူ ကိုပြည့်ဖြိုးပိုင်က ပြောပါတယ်။ ဗိုလ်ချုပ်ဈေးသစ်မှာရှိတဲ့ ဆေးဆိုင်တချို့မှာဆိုရင် N95 mask တစ်ခုကို ဇူလိုင်လ ၂၆ ရက်နေ့ ကကျပ် ၃၀ဝ၀ ကနေ ဇူလိုင်လ ၂၈ ရက်နေ့မှာတော့ ကျပ် ၆၀ဝ၀ အထိထိုးတက်သွားခဲ့ပါတယ်။

ရိုးရိုး 3M mask ကို လက်ရှိမှာ ကျပ် ၅၀ဝ၀ ကနေ ၇၀ဝ၀ အထိရောင်းချနေပြီးလေပေါက်ပါတဲ့ filter mask ကို ကျပ် ၈၀ဝ၀ ကျော်ကနေ ကျပ် ၁၂၀ဝ၀ အထိရောင်းချနေကြကြောင်း သိရပါတယ်။ ဆေးဆိုင်တချို့နဲ့ အွန်လိုင်းရှော့ ပင်းတွေမှာ ရောင်းချနေတဲ့ N95 နှာခေါင်းစည်းတွေမှာလည်း အမျိုးမျိုး ရှိပါတယ်။ Air+smark mask’pm 2.5  filter mask’ 3M’ PITTA mask စတာတွေ ဈေးကွက်ထဲ ရောင်းချနေကြတာဖြစ်ပါတယ်။

ပစ္စည်းပြတ်
ဈေးကတက်သွားတာ၊ မာစကကလဲ အခုအချိန်မှာတအားဝယ်ကြတယ်၊ ကုန်သလောက်ရှိပြီ၊ ပစ္စည်းက ခဏလေးပြတ်ပြတ်သွားတယ်လို့ ဗိုလ်ချုပ်ဈေးသစ် လက်လီလက်ကားဆေးဆိုင်တစ်ဆိုင်မှအမျိုးသမီးတစ်ဦးက ပြောပါ တယ်။နောက်ပြီး ဖေ့စ်ဘုတ်ခ်ကနေ ကြော်ငြာနေတဲ့ အလုံမြို့နယ်မှာရှိတဲ့ နှာခေါင်း စည်းရောင်းချတဲ့ ဆိုင်မှာ ဆိုရင်လဲ N95 mask တစ်ခုကိုကျပ် ၅၀ဝ နဲ့ အမြတ်မတင်ဘဲရောင်းခဲ့တာကြောင့် လူတွေအဝယ်တ အားများခဲ့ပြီး တစ်ရက်အတွင်းရောင်းကုန်သွားခဲ့တယ်လို့ သိရပါတယ်။

အွန်လိုင်းရှော့ပင်းတွေမှာ နှခေါင်းစည်းတစ်ခုကိုကျပ် ၉၀ဝ ကနေအကောင်းစားလေပေါက်ပါတဲ့ နှာခေါင်းစည်း တစ်ခုကို ကျပ် ၄၀ဝ၀ နဲ့သာရောင်းချတာကြောင့် အပြင်ဆေးဆိုင်တွေက အွန်လိုင်းရှော့ပင်းတွေထက် ဈေးအရမ်း တင်လွန်းကြောင်း ဝယ်ယူသူတွေဘက်က ဝေဖန်မှုတွေရှိလာပါတယ်။

အွန်လိုင်းကဝယ်ဖို့ဖုန်းတော်တော်နဲ့ ဆက်မရဘူး၊ ဆက်ရတော့လဲပစ္စည်းကုန်သွားပြီဆိုတာချည်းပဲ၊ တစ်သုတ်ပြီး တစ်သုတ်ရောက်ဖို့ရှိတယ်လို့ ပြောပေမဲ့မှာတိုင်းကုန်နေတယ်၊ ဒီအတိုင်းသာဆို mask တွေဈေးပိုပိုတက်ဖို့ပဲ မြင်တယ်လို့ သုံးစွဲသူကျောင်းသူတစ်ဦးက ဆိုပါတယ်။

အခုဆိုရင် နှာခေါင်းစည်း mask ဈေးကွက်မှာ ဈေးတွေမြင့်တင်နေပေမဲ့လည်း လူတွေရဲ့စိုးရိမ်မှုကြောင့် ပစ္စည်းတွေကိုရသလောက် ဝယ်ယူနေကြတာကိုတွေ့ရပါတယ်။လက်ရှိရန်ကုန်မြို့မှာဆိုရင် အများလူစုလူဝေးနေရာတွေ၊ ကျောင်းတွေ၊ ရုံးတချို့တွေမှာနှာခေါင်းစည်း တပ်တဲ့ဦးရေပိုပိုများလာနေပြီး နှာခေါင်းစည်းဈေးကွက်မှာလည်း စီးပွားရေးသမားတွေအတွက်အကျိုးအမြတ် ပိုပို ဖြစ်နေတာကိုတွေ့ရပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း N95 mask တွေကို အော်ဒါမှာယူမှုများလွန်းတာကြောင့် ဦးရာလူစနစ်နဲ့သာအကန့် အသတ်ရောင်းချခဲ့ရကြောင်း နှာခေါင်းစည်းတွေရောင်းချနေတဲ့ အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းတစ်ခုရဲ့အဆိုအရ သိရပါတယ်။

Author – မေဘယ်လ်

Kumudra

COMMENTS

Name

art,1,article,1294,cartoon variety,22,crime,63,culture,1,documentary,7,Entertainment,5,health,30,history,2,international,6949,interview,213,knowledge,7,Live,8,LocalNews,15066,news,2842,opinion,757,photos,202,poem,115,satires,38,song,12,speech,12,sports,132,statement,59,technic,52,translate,33,video,1065,voice,76,
ltr
item
dawnmanhon: နှာခေါင်းစည်းတစ်ခုကို ကျပ် ၁၂၀ဝ၀ အထိရက်ပိုင်းအတွင်း ဈေးထိုးတက်နေ
နှာခေါင်းစည်းတစ်ခုကို ကျပ် ၁၂၀ဝ၀ အထိရက်ပိုင်းအတွင်း ဈေးထိုးတက်နေ
https://2.bp.blogspot.com/-x7JJAeqoZCA/WYCgwAz4uJI/AAAAAAAAdC8/-bMrtXAiI_8qSuzuJbTUUEt75928X97wQCLcBGAs/s320/q1.jpg
https://2.bp.blogspot.com/-x7JJAeqoZCA/WYCgwAz4uJI/AAAAAAAAdC8/-bMrtXAiI_8qSuzuJbTUUEt75928X97wQCLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2017/08/blog-post_95.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/08/blog-post_95.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy