ပြည်သူ့ ချဉ်ဖတ်တို့ လုပ်ကြပြန်ပြီ သရ၀ဏ်(ပြည်)


တိုင်းပြည်ကအေးချမ်းမယ်မှမကြံသေး ၊တိုးတက်မယ်မှမကြံသေး ၊ ဆင်ရဲတွင်းမှတိုးထွက်ဖို့မှမကြံသေး ဟိုကသည်က အဖျက်လုပ်ရပ်တွေကပေါ်လာပြန်သည် ။ ပထမဆုံးမိတ္ထီလာတွင် အစ္စလမ်ဘာသာဝင်များ၏အိမ်ဟုဆိုကာအိမ်တစ်လုံးထဲမှလူများကိုညကြီးမင်းကြီးဝင်ရောက်ရိုက်နှက်သည် ။ ဥပဒေအရပြောရလျှင်ဒါသည်အကြမ်းဖက်မှု ၊ပိုင်နက်ကျူးလွန်မှု၊ရိုက်နှက်မှု ဖြစ်သည် ။ ထို့နောက် ကျောက်ပန်းတောင်းတွင် လူနေအိမ်တစ်လုံးကို အစ္စလာမ် ဗလီနှင့်တူသည်ဆိုပြီး လူအုပ်နှင့်ဝိုင်းကြသဖြင့် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့က ဘက်ဟိုးစက်ကြီးဌားကာ ဖြိုချပစ်လိုက်သည် ။ ထိုအိမ်တည်ဆောက်ခြင်းသည် စည်ပင်သာယာခွင့်ပြုမိန့်မရှိတဲ့ ။ ဒါဆိုလျှင်ကျောက်ပန်းတောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှာ ဘလိုင်းထီးဆိုင်တို့လို ၊ စတိဗ်ဝမ်းဒါးတို့လို တစ်ရုံးလုံးမျက်မမြင်တွေနှင့်ပြည့်နေသည့်သဘောဖြစ်သည် ။ ဒီလောက်ကြီးမားသည့်အိမ်ကြီးတစ်လုံးကိုလမ်းမတမ်းတွင်ဆောက်နေသည်ကို မမြင်ဘူးဆိုတော့ မျက်စေ့ရောဂါရနေသလား ၊ အေးရာအေးကြောင်း လိုင်းကြေးလေးတွေနဲ့မှိန်းနေသလားဆိုတာတော့ မေးဖို့ကောင်းသည် ။ ဤအခြေအနေအထိဖြစ်ရသည်မှာ ပ်ပြသနာကိုတမင်မကြီးကြီးအောင်မွေးထားသလိုဖြစ်နေသည် ။ထိုကိစ္စဖြစ်ပြီး ပြသနာမှာကြီးထားမလာပဲအေးချမ်းသွား၍မှမကြာမီ ရန်ကုန်မြို့ကြေးသွန်းဓမ္မာရုံတွင် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲဖြစ်ပြန်သည် ။ ဘုန်းကြီး ၁၀ ပါးနှင့်အရပ်ဝတ် ၃၅ ဦခန့်ပါဝင်သည်ဟုသတင်းများကရေးသည် ။ ထိုဖြစ်ရပ်နှင့်တစ်ပြိုင်တည်းမှာပင် မန္တလေးမဟာမြတ်မုနိဘုရားဝင်းထဲတွင်ရှိသောသာသနာ၂၅၀၀ ဓမ္မာရုံတွင်ပြုလုပ်သည် ။ ထိုဖြစ်ရပ်များဖြစ်ပွားနေသည်နှင့်တိုက်ဆိုင်စွာသြဂုတ်လ ၃ ရက်နေ့ညက မန္တလေးရှိ အစ္စလာမ်ဘာသာဝင်အများစုနေထိုင်သည့် ရပ်ကွက်တွင်မျက်နှာဖုံးစွပ်ထားသည့် လူ ၃၀ ခန့်ကဆိုင်ကယ်များဖြင့်ရောက်လာကာဆူပူအကြမ်းဖက်ရန်ကြိုးစားသည့်သတင်းကိုလည်းကြားရသည် ။ ယခုရန်ကုန်မြို့တွင် ဆန္ဒပြ သပိတ်စခန်းပြုလုပ်သည့်နေရာသည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး (ခေါ်)သံဃာအရေးအခင်းဖြစ်ပွားစဉ်က ဆန္ဒပြပွဲများစတင်ခဲ့သည့်နေရာဖြစ်သည် ။

ထိုစဉ်က စစ်အာဏာရှင်အစိုးရကို သံဃာတော်များဦးဆောင်ကာဆန့်ကျင်ဆန္ဒပြကြခြင်းဖြစ်ပြီးသံဃာတော်ထောင်သောင်းနှင့်ချီ၍ပါဝင်ခဲ့သည် ။ပြည်သူလူထုကလည်းသောင်းသောင်းဖျဖျကြိုဆိုကာ ပူးပေါင်းပါဝင်ကြသည် ။ တတ်နိုင်သည့်ဘက်မှဝန်းရံထောက်ပံ့ကြသည် ။ နိုင်ငံရေး၊ဘာသာရေး၊အနုပညာနယ်ပယ်အသီးသီးမှနိုင်ငံကျော်ပုဂ္ဂိုလ်များပါဝင်ခဲ့ကြသည် ။ ဇာဂနာ၊ ကိုကျော်သူစသူတို့သည်ထိုအရေးအခင်းတွင်ပါဝင်မှုဖြင့်အထိမ်းသိန်းခံခဲ့ကြရသည် ။ စစ်အစိုးရထုံးစံအတိုင်းထိုဆန္ဒပြပွဲကို အကြမ်းဖက်နည်းဖြင့်ရိုက်နှက်ဖြိုခွဲခဲ့သည် ။ ယခုဆန္ဒပြပွဲမှာကား ၂၀၀၇ နှင့်စာလိုက်လိုက်လျှင် ဆီနှင့်ရေလိုဖြစ်နေသည် ။ မည်သူကမျှသူတို့ကို မယ်မယ်ရရမထောက်ခံ ။်းတိုကြက်ဝိုင်းသာသာလောက်ဖြစ်နေသည် ။အမျိုးသားရေးခေါင်းဆောင်ဆိုသော စာရေးဆရာကြီးကိုလည်းမတွေ့ ရ ၊ အမျိုးသားရေးဝါဒီ ဆရာတော်တစ်ပါးကိုလည်းမမြင်ရ ။ သူတို့တောင်းဆိုချက်များကလည်း မြင့်သည် ။မမီသည့်ပန်းကိုတုံးခုလှမ်းသလိုလို ၊ အသပြာတစ်ပဲနှင့်ငါးကြင်းခေါင်းကိုင်ချင်သလိုလိုဖြစ်နေသည် ။ အစိုးရကိုဇွတ်နုတ်ထွက်ခိုင်းနေသည် ။ ရွေးကောက်ပွဲတွင် အပြတ်အသတ်နိုင်၍ အစိုးရဖွဲ့ ခွင့်ရလာသောအစိုးရကို လူ ၅၀ ခန့်ကနှုတ်ထွက်ပေးဖို့လာအော်နေသည်မှာ မဖြစ်နိုင်သည်ကိုတောင်းဆိုခြင်းပင်ဖြစ်သည် ။

ထိုသို့ တောင်းဆို၍ရမည်မဟုတ်မှန်းကို ထိုသူများ၏ခေါင်းကိုင်မိခင် ၊ ခေါင်းကိုင်ဖခင်များကသိမည်မှာအမှန်ဖြစ်သည် ။ ကြေးသွန်းဘုရားဆန္ဒပြပွဲသို့ မည်သူမျှ ဟုတ်ဟုတ်ငြားငြားလာမကြည့်သော်လည်း ၂၀၁၀ -၂၀၁၅ လွှတ်တော်ကိုယ်စားလှယ်ဟောင်းကြီး ဒေါ်ခင်ဝိုင်းကြည်လာကြည့်သည် ။ ထိုနေရာတွင်ထမင်းစားသည် ။ သြ၀ါဒချွေသည် ။ သို့ ဆိုလျှင် ဒေါ်ခင်ဝိုင်းကြည်သည် လွှတ်တော်မှာ ၅ နှစ်တာရောက်ဖူးသူဖြစ်သဖြင့် ရွေးကောက်ခံအစိုးရကို လူ ၅၀လောက်တောင်အော်မြောက်အော်အော်ရုံဖြင့် ဖြုတ်ချ၍မရဘူးဆိုတာ သေချာပေါက်သိမည်ဖြစ်သည် ။ ဒါဆိုလျှင်သိသိနှင့်ဘာတွေလိုချင်၍လာသနည်း၊ဘာတွေသြ၀ါဒချွေသနည်း ။ဘယ်သူကလွှတ်လိုက်သနည်း ။

တကယ်တမ်း ထိုလူစု၏နောက်ကွယ်မှလက်မည်းကြီးများလိုချင်သောအကွက်ကရှင်းပါသည် ။ NLD အစိုးရဆန့်ကျင်ပွဲကို တနိုင်ငံလုံးက ၂၀၀၇ မှာလိုပူးပေါင်းပါဝင်လာခဲ့ပြီးအစိုးရကိုဖြုတ်ချချင်သည် ။ ထိုသို့ မဟုတ်လျှင်လဲ အစိုးရမှ သပိတ်မှောက်သူများကိုအကြမ်းဖက်ရိုက်နှက်ဖြိုခွဲခဲ့လျှင် NLD ကသံဃာတော်တွေကိုဖမ်းဆီးရိုက်နှက်နေပါသည်ဟုဝါဒဖြန့်ကာ တစ်ဖက်မှလည်းအချိန်ကိုက် ကုလား-မြန်မာ အဓိကရုဏ်းဖန်တီးပြီး စစ်အုပ်ချုပ်ရေးကြေငြာ ၊ ထိုမှတစ်ဆင့် စစ်အစိုးရပြန်တက်အောင်လုပ်မည့်အကွက်များဖြစ်သည် ။ ထိုအကွက်များမှာ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ အရှိန်ကိုဖြိုဖျက်ရန်ကြိုးစားခဲ့စဉ်က စစ်ထောက်လှမ်းရေးအကွက်များနှင့်ဆင်တူရိုးမှားဖြစ်သည် ။ထိုစဉ်က ၈၈ အရေးအခင်းကိုတန်ပြန်ရန် ထောင်သားများကို ရုတ်တရက်လွှတ်ပေးခဲ့သည် ။ ဆေးဝါးတစ်မျိုးသုံးစွဲခံထားရသည်ဟုမသင်္ကာစရာ အမျိုးသား ၊အမျိုးသမီးအချို့မှ ရေထဲအဆိပ်ခတ်ခြင်းစသော အဖျက်အမှောင့်လုပ်ငန်းများကိုလုပ်ကိုင်ခဲ့သည် ။ တန်ပြန်တော်လှန်ရေးသမားများကလူအုပ်နှင့်ရောပါကာ ဂိုထောင်ဖောက်ခြင်း၊ ဖမ်းမိသောအဖျက်သမားကိုခေါင်းဖြတ်ခြင်းတို့ကိုလုပ်ကာ နောက်တော့ ရှောင်ထွက်သွားကြသည်။ ထို့နောက်မှာတော့ ၈၈ အရေးအခင်းသည် လူသတ်ခေါင်းဖြတ်တိုင်းပြည်ဆူပုသောင်းကျန်းအောင်လုပ်နေသော အရေးအခင်းဟု ထောက်လှမ်းရေးပြုတ်ဆရာကြီးတို့အဖွဲ့ က နာမည်ပေးကင်ပွန်းတပ်ကာ အာဏာသိမ်းတော့သည် ။

ယခုလည်းထိုအကွက်မျိုးကိုထွင်ချင်၍လမ်းစရှာနေသည် ။ ကြောင်ခံတွင်းပျက်နှင့်ဆက်ရက်တောင်ပံကျိုးတို့တွေ့ ကြသည် ။ သခွပ်ပင်ကမီးတကျည်ကျည်လုပ်ကြသည် ။ အစိုးရ၏မရှိသော အပြစ်ကိုရှာကြံဖော်ထုတ်ကြွေးကြော်သည် ။အမျိုးဘာသာသာသနာကိုနှိမ့်ချသည့် အစိုးရ အလိုမရှိ တို့  အာဏာယူပြီးတိုင်းပြည်အကျိုးမကာကွယ်နိုင်သည့်အစိုးရအလိုမရှိတို့  ၊ တိုင်းရင်းသားအရေးလစ်လျူရှု၍ ကုလားအရေး ဦးစားပေးသည့်အစိုးရ အလိုမရှိတို့စသည်ဖြင့်ကြွေးကြော်ကြသည် ။ နိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနကလည်းထုတ်ပြန်ချက်တစ်ရပ်သြဂုတ်လ ၃ ရက်တွင်ထုတ်ပြန်သည် ။ ထိုထုတ်ပြန်ချက်မှာရှင်းသည် သိပိတ်မှောက် ကံဆောင်ထိုက်သောအကြောင်း (၈)ချက်ရှိသည်ကိုမြတ်စွာဘုရားဟောကြားခဲ့ကြောင်း ။ ယခုအစိုးရသည်ထိုအချက် (၈)ချက်တွင်တစ်ချက်ချက်မှမငြိစွန်းကြောင်း။ယခုဆန္ဒပြသော ကိုယ်တော်များသည် သံဃာထုကိုကိုယ်စားမပြုကြောင်း ၊ အများပြည်သူလူထုကလည်း ထိုဆန္ဒပြမှူသပိတ်မှောက်မှုကိုလက်မခံကြကြောင်းဟူ၍ဖြစ်သည် ။ဤတွင် ရှင်းလေပြီ ။ယခင်အစိုးရအဆက်ဆက် မည်သည့်အခါမျှ ဆန္ဒပြပွဲကိုအရေးအရာလုပ်၍ ရှင်းလင်းချက် ၊ထုတ်ပြန်ချက်လုပ်လေ့မရှိသော်လည်း ယခုအစိုးရကတော့ သူတို့ကိုလူရာသွင်းသည်ထက် မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း သို့ လောသို့ လောသံသယမဖြစ်ရလေအောင် ရှင်းပြသည်ဟုယူဆပါသည်

(ယခုဆောင်းပါးရေးသည့်အချိန်တွင် သပိတ်စခန်းများမပိတ်သေးသည့်အချိန်ဖြစ်သည် ။၅ ရက်နေ့ကအားလုံးကိစ္စပြတ်သွားပြီဟုသိရ၏။စကားချပ်)
မြွေပူရာကင်းမှောင့် ဤသို့  တည်ငြိမ်မှုပျက်ပြားစေသောကိစ္စများပေါ်လာချိန်တွင် ဓာတ်ရူးလိုလို နတ်ရူးလိုလို လူတစ်စုက ဓာတ်ပြားဟောင်းပြန်ဖွင့်ကာတစ်စခန်းထလာပြန်သည် ။အစိုးရကခွင့်ပြုမည်ဆိုပါက ၁၀ ရက်အတွင်း ခေါင်းလောင်းအား ကြိုးချည်အပြီး ဖြစ်ရမည်ဟု ဦးစံလင်းဆိုသူကဆိုလာပြန်သည် ။၂၀၁၄ သြဂုတ်လအတွင်းကလည်း ထိုမစားရ၀ခမန်းစကားများကို ဦးစံလင်းဆိုသူကပြောဖူးသည် ။ ၂၀၁၄ သြဂုတ်တွင်ခေါင်းလောင်းဆယ်ယူရေးလုပ်ငန်းများကို ထိုစဉ်ကဦးသိန်းစိန်အစိုးရခွင့်ပြုချက်ဖြင့်စတင်ဆောင်ရွက်ရာ နှစ်ပတ်အတွင်း ကုန်းပေါ်သို့ အရောက်ဆယ်ပြမည်ဟု ဦးစံလင်းတို့လေထွားခဲ့သည် ။ မြန်မာတစ်ပြည်လုံးထိုစဉ်က ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတက်လက်မှတ်များစုဆောင်းကောက်ခံနေသည့်အချိန်ဖြစ်သည် ။ လူထုအာရုံကို တစ်လလောက်ဖြစ်ဖြစ် ဦးစံလင်းတို့အဖွဲ့က အာရုံပြောင်းထားနိုင်ခဲ့သည် ။ နောက်တော့မြန်မာ့ထုံးစံအတိုင်း ဟိုလိုလို သည်လိုလိုဖြင့်ပြီးသွားပြန်သည် ။ နောက်တော့ ပုဇွန်တောင်ချောင်းဝတွင်မြုပ်သွားသည်ဆိုသောခေါင်းလောင်းကို စစ်ကိုင်းတိုင်းချင်းတွင်းမြစ်ကမ်းတွင် တွေ့ သလိုလို ဖော်တော့မလိုလို နတ်နဂါးတွေပဲပူးသလိုလိုတွေလုပ်ကြပြန်ပြီး ထောက်လှမ်းရေးပြုတ်ဆရာကြီးတို့ခြေရှုပ်ပြန်သည် ။ ဘာတွေလုပ်နေမှန်း၊ဘာတွေဖြစ်နေမှန်းမသိ တိုင်းပြည်ဆူဆူပူပူရုပ်ရုပ်ဖြစ်တော့မည်ဆိုလျှင်ထိုလူတစ်စု ထွက်ပေါ်လာလေ့ရှိသည် ။

ယခုလည်း ဦးစံလင်း၊မျိုးချစ်အဖွဲ့ ၊ ဒေါ်ခင်ဝိုင်းကြည် ၊ညအခါ မျက်နှာဖုံးစွပ် လူစိမ်းတစ်သိုက် တို့သည် တိုက်တိုက်ဆိုင်ဆိုင် သြဂုတ်လဆန်းပိုင်းတွင်ဟိုကသည်ကပေါ်လာသည် ။သူ့ ဘာသာတိုက်ဆိုင်စွာပေါ်လာတာလား၊ရည်ရွယ်ချက်ရှိရှိပေါထွန်းလာသလားတော့ကာယကံရှင်တွေပဲသိလိမ့်မည် ။ ထောက်လှမ်းရေးပြုတ်ကြီးနှင့် သူများကိုဆဲရေးပုတ်ခတ်သော ဘုန်းကြီးတစ်ပါးပဲလူရှေ့ထွက်လာဖို့ ကျန်တော့သည် ။ထိုအခါ မှလူစုံပေမည် ။ လူစုံသောအခါမှ သူတို့၏ မဲပြာပုဆိုးတော့ကီများဖြစ်သည့် NLD မကောင်းကြောင်း ၊ အောင်ဆန်းစုကြည်မကောင်းကြောင်း ၊ ကုလားအားပေးလုပ်နေကြောင်း၊သူတို့ကအမျိုးသားနိုင်ငံရေးလုပ်နေတာဖြစ်ကြောင်း၊တိုင်းပြည်ချောက်ထဲကျဖို့လက်နှစ်လုံးသာလိုတော့ကြောင်းစသည်ဖြင့်နတ်သံနှောကာ ဓာတ်ပြားဟောင်းကြီး ဖွင့်ပါလေဦးမည် ။ဟုတ်မဟုတ်ကတော့ ၅၁ သန်းသောပြည်သူလူထုက ကိုယ့်ဥာဏ်နှင့်ကိုယ်ချင့်ယုံကြဖို့ဖြစ်သည် ။

သရ၀ဏ်(ပြည်)

သူရိယအလင်းဂျာနယ်
၆.၈.၂၀၁၇

COMMENTS

BLOGGER: 1
Loading...
Name

art,1,article,1323,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,9,health,33,history,2,international,7747,interview,221,knowledge,9,Live,8,LocalNews,16388,news,2842,opinion,767,photos,203,poem,116,satires,39,song,12,speech,12,sports,159,statement,59,technic,58,translate,34,video,1068,voice,76,
ltr
item
dawnmanhon: ပြည်သူ့ ချဉ်ဖတ်တို့ လုပ်ကြပြန်ပြီ သရ၀ဏ်(ပြည်)
ပြည်သူ့ ချဉ်ဖတ်တို့ လုပ်ကြပြန်ပြီ သရ၀ဏ်(ပြည်)
https://4.bp.blogspot.com/-UX7parxhsMg/WYbg5N1qRBI/AAAAAAAAdFY/jGYPCsW7vDMmQy44y9aY8zNe1CUBP3JNQCLcBGAs/s400/q1.jpg
https://4.bp.blogspot.com/-UX7parxhsMg/WYbg5N1qRBI/AAAAAAAAdFY/jGYPCsW7vDMmQy44y9aY8zNe1CUBP3JNQCLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2017/08/blog-post_951.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/08/blog-post_951.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy