မြောက်ကိုရီးယားက ဒုံးကျည်ဖြင့်ပစ်မည့်အပေါ် ဂူအမ်ကျွန်းနေသူများ၏ စိုးရိမ်ပူပန်မှု ဖွင့်ဟချက်


ဂူအမ်ကျွန်းအုပ်ချုပ်ရေးမှူး အက်ဒီဘာဇာ ကယ်ဗို။ (ဓာတ်ပုံ - ရိုက်တာ) ဂူအမ်ကျွန်းအုပ်ချုပ်ရေးမှူး အက်ဒီဘာဇာ ကယ်ဗို။ (ဓာတ်ပုံ - ရိုက်တာ)
မြောက်ကိုရီးယားက အမေရိကန်နိုင်ငံ ဂူအမ်ကျွန်း (Guam) ကို ဒုံးကျည်နဲ့ပစ်ခတ်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းအပေါ် ကျွန်းမှာနေထိုင်သူတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ စိုးရိမ်ပူပန်မှုတွေအကြောင်း စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

ဂူအမ်ကျွန်းဟာ ပစိဖိတ်အနောက်ပိုင်း မိုက်ခရိုနီးရှားရှိ အမေရိကန် အစောင့်အရှောက်ခံ ကျွန်းတကျွန်းဖြစ်ပြီး လှပတဲ့ကမ်းခြေတွေ ရှိတဲ့အတွက် ထင်ရှားပါတယ်။

အသက် ၂၉ နှစ်အရွယ် ဂူအမ်ဒေသခံတဦးက “ကျနော်က ဖခင်တဦးဆိုတော့ ဒီကိစ္စက စိတ်ပူစရာပါပဲ။ ကျနော့်ဆန္ဒကတော့ အဲဒီလို တိုက်ခိုက်တာမျိုး မဖြစ်စေချင်ပါဘူး။ ကမ္ဘာ့စူပါ ပါဝါတွေအနေနဲ့ သူတို့ပြဿနာကို တခြားနည်းနဲ့ ဖြေရှင်းစေချင်ပါတယ်” လို့ ပြောပါတယ်။

အသက် ၂၅ နှစ်အရွယ် စတိုးဆိုင်ကြီးကြပ်ရေးမှူးတဦးက “အဲဒီကိစ္စနဲ့ပတ်သက်လို့ သိပ်စိတ်မပူပါဘူး။ စိတ်ပူနေကြတဲ့သူတွေ ရှိပါတယ်။ ကျမအမြင်ပေါ့လေ။ အဲဒီလိုလုပ်ရင် အတော်မိုက်မဲရာကျမယ်။ ဘာလို့လဲဆိုတော့ ကျမတို့ကို အမေရိကန် ကာကွယ်ပေးလိမ့်မယ်လို့ ယုံကြည်နေလို့ပါပဲ” လို့ ပြောပါတယ်။

အသက် ၃၅ နှစ်အရွယ် တရုတ်ခရီးသွားတဦးက “သူတို့လွှတ်လိုက်တဲ့ ဒုံးကျည်တွေက လမ်းခုလတ်မှာတင် ပျက်ကျသွားမှာပဲ။ ဒီတော့ စိတ်ပူစရာ ဘာမှမရှိဘူး။ ဂူအမ်ကျွန်းမှာ လျှောက်လည်မယ်။ ပျော်ပျော်ကြီး ဈေးဝယ်ထွက်ပစ်မယ်” လို့ ပြောပါတယ်။

ဂူအမ်ကျွန်း အုပ်ချုပ်ရေးမှူး အက်ဒီဘာဇာ ကယ်ဗိုက “ကံမကောင်းတာက အဲဒီကိစ္စအတွက် ဂူအမ်ကျွန်းမှာ ပြင်ဆင်စရာရှိတာ ပြင်ဆင်ဖို့ အချိန်လုံလုံလောက်လောက် ရှိမယ်လို့ မျှော်လင့်ပါတယ်။ တချိန်တည်းမှာပဲ စစ်ဘက်ဆိုင်ရာနဲ့ အများပြည်သူတွေကို ဘာတွေလုပ်ဖို့ လိုအပ်သလဲဆိုတာ အသိပေးဖို့ လိုအပ်ပါတယ်” ဆိုပြီး ပြောကြားခဲ့ပါတယ်။

ဂူအမ်ကျွန်းမှာ လူဦးရေ ၁၆၃၀၀၀ လောက်ရှိပြီး ရေတပ်သင်္ဘောအုပ်စု၊ လေတပ်စခန်းနဲ့ ကမ်းခြေစောင့်တပ်ဖွဲ့တို့ ပါဝင်တဲ့ အမေရိကန်စစ်စခန်း တည်ရှိပါတယ်
DVB TV News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.