မန္တ​လေးမြို့တွင်​ လမ်းခင်းရန်​ ​​မြေညှိရာမှ ​ကျောက်​စိမ်းတုံးများ​တွေ့ရှိ


မန္တ​လေးမြို့၊ ချမ်း​အေးသာစံမြို့နယ်​၊ ၃၃လမ်း၊ ၈၅×၈၆လမ်းကြားတွင်​ သြဂုတ်​လ ၂ရက်​​နေ့ ည​နေ ၆နာရီအချိန်​ခန့်​က လမ်းခင်းရန်​ ​​မြေညှိရာမှ ​ကျေက်​စိမ်းတုံးများ​တွေ့ရှိသဖြင့်​ လာ​ရောက်​တူး​ဖော်​​​နေကြ​ကြောင်း သိရသည်​။


အဆိုပါ​နေရာသို့ လာ​ရောက်​တူး​ဖော်​​သူ တစတစများပြား လာသဖြင့် ည ၁၁နာရီအချိန်​ခန့်​တွင်​ အမှတ်​(၆)နယ်​​မြေ ရဲစခန်းမှ ရဲတပ်​ဖွဲ့ဝင်​များ၊ ရပ်ကွက်​အုပ်​ချုပ်​​ရေးမှူးနှင့်​ အဖွဲ့ဝင်​များက လုံခြုံ​ရေးရယူထားပြီး တိုင်း​ဒေသကြီး စည်​ပင်​သာယာ​ရေးဝန်​ကြီး၊ မြို့​တော်​ဝန်​ ​ဒေါက်​တာရဲလွင်​ လာ​ရောက်​ကြည့်​ရှုစစ်​​ဆေးကာ လူအုပ်​မှာ ပိုမိုများပြားလာ၍ တူး​ဖော်​​နေသူများကို ရပ်ဆိုင်းခိုင်းထားသည်​။

၎င်းနေရာမှာ ယခင်​က ​ကျောက်​ဝိုင်းအဖြစ်​တည်​ရှိခဲ့ဖူး​ကြောင်း ရပ်​ကွက်​ခံလူကြီးများ၏ ပြောကြားချက်​အရ သိရသည်​။

( Ah Lin Nge ) ( Photo: La Minn Chit Thu )
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.