အီရတ် နိုင်ငံ ဘဂ္ဂဒက်မြို့တွင် ကားဗုံးဖောက်ခွဲမှု ဖြစ်ပွား ခဲ့ရာ ၁၂ ဦး သေဆုံး ပြီး ၂၄ ဦး ဒဏ်ရာရရှိ


အီရတ် နိုင်ငံ စဒယ်မြို့တွင် ယခုနှစ်ဖေဖော်ဝါရီလ က ဖြစ်ပွား ခဲ့သည့် ကားဗုံး တိုက်ခိုက်မှု အားမြင်တွေ့ရစဉ်(ဆင်ဟွာ)
    ဘဂ္ဂဒက် ၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

    အီရတ် နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန က နိုင်ငံ မြို့တော် ဘဂ္ဂဒက် အရှေ့ပိုင်းတွင် သြဂုတ်လ ၂၈ ရက်နေ့၌ ကားဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ရာ ၁၂ ဦး သေဆုံးခဲ့ပြီး ၂၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အီရတ် နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန မှ အမည်မဖော်လိုသူ အရာရှိ တစ်ဦး က ဆင်ဟွာ သတင်းဌာန သို့ပြောကြား ခဲ့ရာတွင် သြဂုတ်လ ၂၈ ရက်နေ့ ဒေသစံတော်ချိန် နေ့လယ်ပိုင်းအချိန်တွင် ပေါက်ကွဲစေသည့် ပစ္စည်းများ အပြည့် တင်ဆောင်ထားသည့် ကားတစ်စင်းသည် ဘဂ္ဂဒက်မြို့အရှေ့ပိုင်းရှိ စဒယ်မြို့နယ် ရှိ ဈေးတစ်ခု တွင် ဖောက်ခွဲခဲ့ရာ လူများသေဆုံးဒဏ်ရာရရှိမှု အပြင် ဈေးဆိုင်ခန်းများ နှင့် ကားများလည်း ပျက်စီး ခဲ့ကြောင်း ပြောကြား ခဲ့သည်။

စဒယ်မြို့ သည် အီရတ် နိုင်ငံ အတွင်းရှိ ရှီးအိုက် ဘာသာဝိုင်များ စုဝေး နေထိုင်ရာ ဒေသ တစ်ခု ဖြစ်ပြီး လတ်တလော နှစ်ပိုင်းတွင် အကြမ်းဖက်တိုက်ခိုက်မှု များ မကြာခဏ ဖြစ်ပွား ခဲ့သည်။

အီရတ် နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ ကူညီထောက်ပံ့ရေး အဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ ယခုနှစ် ဇူလိုင်လပိုင်းတွင် အီရတ် နိုင်ငံ အတွင်း၌ ဖြစ်ပွား ခဲ့သည့် တိုက်ခိုက်မှု နှင့် အကြမ်းဖက်တိုက်ခိုက်မှု များကြောင့် အရပ်သားပေါင်း ၂၃၉ ဦး သေဆုံး ခဲ့ပြီး ၂၇၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.