ဝက်လက်မြို့နယ် ရှိမ္မကားသဘာဝတောကို တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအဖြစ် ဖော်ဆောင်မည်


ဝက်လက် ဇူလိုင် ၃၁

ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ရှိမ္မကားကျေးရွာအနီးရှိ ရွှေသမင်များပေါ သည့် သဘာဝတောကို စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနက တောရိုင်းတိရစ္ဆာန် သဘာဝအပင်များ ကာကွယ် ရေးနှင့် သဘာဝနယ်မြေ များ ထိန်းသိမ်းရေး ဥပဒေနှင့်အညီ ရှိမ္မကားတောရိုင်းတိရစ္ဆာန် ဘေးမဲ့ တောအဖြစ် ဖော်ဆောင်သွား မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သစ်တော ဦးစီးဌာန ဦးစီးမှူး ဦးခင်မောင်ဝင်းထံမှ သိရသည်။

''၁၂၂၅ ခုနှစ် ကဆုန်လပြည့်ကျော် ၇ ရက်က ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ရှိမ္မကားရွာ အနီးက မူလပထမ ရွှေကျင်ဆရာတော်ကြီးရဲ့ တောရကျောင်းတော်ကြီး တည်ရှိရာ ဒေသဖြစ်တဲ့ ရွှေသမင်ပေါတဲ့ သဘာဝတောကို စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနက တောရိုင်းတိရစ္ဆာန် သဘာဝအပင်များ ကာကွယ်ရေးနဲ့သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေနဲ့အညီ ရှိမ္မကားတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အဖြစ် ဖွဲ့စည်းသွားမှာဖြစ်ပါတယ်'' ဟု ဦးခင်မောင်ဝင်းက ပြောကြားသည်။

မင်းတုန်းမင်းတရားကြီး၏ ကုသိုလ်တော် ရှိမ္မကားဘေးမဲ့တောကြီး ရေရှည် တည်တံ့စေရန် အတွက် ရှိမ္မကားတောင် တောရကျောင်းတိုက်မှ ဆရာတော် သံဃာတော်များ၊ ဒေသခံ သမင်ချစ်သူအသင်းနှင့်အတူ ပူးပေါင်း၍ သစ်တောဦးစီးဌာနက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

မျိုးဝင်းထွန်း(မုံရွာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.