မြန်​မာနိုင်​ငံမှ H1N1ပိုးအား ဂျပန်​နိုင်​ငံရှိဓာတ်​ခွဲခန်း၌စစ်​​ဆေးရာ ပုံမှန်​ရာသီတုတ်​​ကွေးဖြစ်​​ကြောင်း​တွေ့

မျိုးပြည့်​သင်း

ရန်​ကုန်​၊သြဂုတ်​၎

ရာသီတုပ်ကွေးရောဂါပိုး Seasonal Influenza A(H1N1) အား ဂျပန်နိုင်ငံရှိ National Institute of Infectious Disease ဓါတ်ခွဲခန်းသို့ သယ်​ယူစစ်​​ဆေးရာ ပုံမှန်​ရာသီတုတ်​​ကွေးဖြစ်​​သည်​ကို ​တွေ့ရှိရ​ကြောင်း ကျန်းမာ​ရေးနှင့်​အားကစားဝန်​ကြီးဌာန၏ ထုတ်​ပြန်​ချက်​တွင်​ပါရှိသည်​။

H1N1ပိုးအား စစ်​​ဆေးရာမှာ မျိုးရိုးဗီဇပြောင်းလဲမှုရှိ-မရှိ၊ ပုံမှန်တုပ်ကွေးရောဂါပိုး ဟုတ်-မဟုတ်၊ ကြက်ငှက်တုပ်ကွေးရောဂါပိုးနှင့် မျိုးပေါင်းစပ်မှု ရှိ-မရှိ ဂျပန်​နိုင်​ငံဓာတ်​ခွဲခန်းသို့ ​ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်​သည်​။

စစ်​​ဆေးပြီး​နောက်​ ​ရောဂါပိုးမှာ တစ်ကမ္ဘာလုံး ပုံမှန်ပျံ့နှံ့သည့် ရာသီတုပ်ကွေး ရောဂါပိုးအမျိုးအစားဖြစ်ပြီး ပုံမှန်ကုသသည့် Antiviral ဆေးများအား ၉၅% မှ ၉၈% ထိ တုန့်ပြန်မှုရှိကြောင်း တွေ့ရှိရ​ကြောင်း ထုတ်​ပြန်​ချက်​တွင်​ပါရှိသည်​။

ပြည်တွင်းလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများမှလည်း အလှူငွေများ၊ ဆေးနှင့်ဆေးပစ္စည်းများ၊ ရောဂါကာကွယ်ရေးပစ္စည်းများနှင့် ကာကွယ်ဆေးများအား မြန်​မာနိုင်​ငံကျန်းမာ​ရေးနှင့်​ အားကစားဝန်​ကြီးဌာနကို လှူဒါန်းလျက်ရှိကြောင်း ထုတ်​ပြန်​ထားသည်​။

ထို့အပြင်​ ကျန်းမာ​ရေးနှင့်​အားကစားဝန်​ကြီးဌာနမှ ကမ္ဘာ့ကျန်းမာ​ရေးအဖွဲ့သို့ လိုအပ်​သည့်​ ​ဆေးဝါးပစ္စည်းအကူအညီများ​တောင်းခံထား​ကြောင်း ရန်​ကုန်​တိုင်းကျန်းမာ​ရေးတွင်​ ဇူလိုင်​၂၁ရက်​​၌ပြုလုပ်​သည့်​ သတင်းစာရှင်းလင်းပွဲမှသိရသည်​။

အဆိုပါသတင်းစာရှင်းလင်းပွဲ၌ A(H1N1)သည်​ရာသီတုတ်​​ကွေးဖြစ်​ပြီး စိုးရိမ်​စရာမရှိဘဲ ​သေဆုံးနိုင်​မှုနူန်းနည်း​ကြောင်း ​ပြောကြားခဲ့သည်​။

ဇူလိုင်လ (၂၁) ရက်နေ့မှ သြဂုတ်​၄ရက်​ ​နေ့လည်​နှစ်​နာနာရီအထိ လတ်တလောပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင် ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ စုစုပေါင်းလူနာ (၃၃၆) ဦးရှိခဲ့သည်​။

၎င်းတို့အနက်​ H1N1 ပိုးတွေ့လူနာစုစုပေါင်း (၁၃၂)ဦးနှင့်​ သေဆုံးသူ စုစုပေါင်း (၁၅)ဦး ရှိပါသည်။

လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါဖြင့် ဆေးရုံ တက်ရောက် ကုသသူ(၃၃၆)ဦးတွင် သေဆုံးမှုနှုန်းမှာ (၄.၁၇)ရာခိုင်နှုန်းရှိနေသည်​။
Mizzima - News in Burmese
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.