မြင်းမူမြို့ ရှင်ရွှေစောလူးဘုရားပွဲ H1N1 ကြောင့် ပိတ်သိမ်း


စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့က ရှင်ရွှေစောလူးဘုရားပွဲကို ရာသီတုပ်ကွေးရောဂါ H1N1ကြောင့် ပိတ်သိမ်းတော့မှာဖြစ်ပါတယ်။ ပွဲတော်ရက်ကို ဇူလိုင်လ(၃၁)ရက်စတင်ခဲ့တာဖြစ်ပြီး (၅)ရက်မြောက်နေ့ဖြစ်တဲ့ သြဂုတ်လ(၄)ရက် မနက်ဖြန်မှာ ဈေးဆိုင်တန်းတွေကို အပြီးပိတ်သိမ်းဖို့ သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ မြို့နယ်အဆင့်တာဝန်ရှိသူတွေက ဈေးသည်တွေနဲ့ ဒီနေ့မှာ တွေ့ဆုံပြီး ညွှန်ကြားချက်ထုတ်ပြန်လိုက် တာဖြစ်ပါတယ်။


 ဒါ့အပြင် ဘုရားပွဲမှာ ဒီနေ့ဖျော်ဖြေဖို့ ငှားရမ်းထားတဲ့ ဇာတ်ပွဲကိုလည်း ဖျက်သိမ်းလိုက်တယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်အောင်လွင်က ပြောပါတယ်။ မြင်းမူမြို့ ရှင်ရွှေစောလူးဘုရားပွဲဟာ ပုံမှန်ဆိုရင် သြဂုတ်လ(၁၂)ရက်မှ ပြီးမှာဖြစ်ပါတယ်။ ဘုရားပွဲမှာ ဒီနှစ်တည်ခင်းရောင်းချတဲ့ ဈေးဆိုင်ခန်းပေါင်း (၅၀၀)၀န်းကျင်ရှိတယ်လို့ သိရပါတယ်။

သတင်း၊ဓာတ်ပုံ- ကိုကိုနိုင်(မြင်းမူ)
5 PLUS NEWS
https://www.facebook.com/5plusnews
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.