H1N1 ဟု သံသယရှိသူ ကျန်းမာရေးဆရာမတစ်ဦးအား ဟားခါးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူ


ခိုနှုမ်းသုန်သတင်း။ ၂ သြဂုတ် ၂၀၁၇။

ချင်းပြည်နယ် ထန်တလန်မြို့နယ် မှောင်တလန်ကျေးရွာရှိ ကျန်းမာရေးကြီးကြပ် (၁) တာဝန် ထမ်းဆောင် လျက်ရှိသူ ဆရာမ တစ်ဦးအား ရာသီတုပ်ကွေးခေါ် H1N1 ရောဂါဟု သံသယရှိသဖြင့် ဟားခါး ပြည်သူ့ဆေး ရုံးကြီး တွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးမှ အဆိုပါ လူနာအမျိုးသမီး၏ အခြေအနေမှန်ကို သိရှိနိုင်ဖို့ရန်အတွက် လူနာ၏ ရောဂါပိုးအား ရန်ကုန် အမျိုးသားဓာတ်ခွဲခန်းသို့ ဆက်လက်ပေးပို့ ဆောင်ရွက်လျက်ရှိပြီး လူနာအား ပြည်သူ့ဆေး ရုံကြီးတွင် အထူးကြပ်မတ် ကုသလျက်ရှိကာ စိုးရိမ်ဖွယ်ရာမရှိကြောင်း ဟားခါးမြို့ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန facebook စာမျက်နှာတွင် ဖော်ပြသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်နေ့က ထန်တလန်မြို့တွင် လကုန်ပုံမှန်အစည်းအဝေးတက်ရောက်ရန် သွား ရောက်ကာ နှာစေး၊ ကိုယ်ပူပြီး ဖျားနာသည့်အတွက် ထန်တလန်ဆေးရုံတွင်ပြသခဲ့ရာ ဆရာဝန်ကြီးများက H1N1 ရောဂါ သံသယရှိသောကြောင့် ဟားခါးမြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီးသို့ စစ်ဆေးကုသမှုခံယူရန် လွဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းကလည်း ချင်းပြည်နယ် မတူပီမြို့နယ်တွင် ကူးစက်မြန် ရာသီတုပ်ကွေး (H1N1) ရောဂါပိုး ရှိသူ ၁၀ ဦး တွေ့ရှိခဲ့ပြီး ဆေးကုသမှုခံယူခဲ့ရကြောင်းနှင့် ဆေးကုသမှုခံယူနေသူများအားလုံး ပျောက်ကင်းပြီး ဆေးရုံမှ ဆင်းသွားပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကူးစက်မြန်ရာသီတုပ်ကွေး (H1N1) ရောဂါနဲ့ပတ်သက်ပြီး ချင်းပြည်နယ်ရှိ မြို့နယ်အသီးသီးတို့တွင် ယင်းရောဂါ ကူးစက်မှု မပြန့်ပွားစေရန် အသိပညာဟောပြောပွဲများ၊ ရာသီတုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေး အတွက် ယာဉ်ထိန်းရဲ တပ်ဖွဲ့ ဝင်များမှ ပါးစပ်နှာခေါင်းစည်းများ ဝေငှတပ်ဆင်ပေးခြင်းနှင့် အိန္ဒိယ-မြန်မာနယ်စပ် အမှတ် (၂) ဂိတ် အဝင်ပေါက်တွင် ဝင်ထွက် သွားလာသည့် ခရီးသည်များအား ကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်နေကြသည်။

Khonumthung Burmese
https://www.facebook.com/KhonumtungBurmese/
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.