H1N1 ကြောင့် သေဆုံးသူ တစ်ဦးထပ်တိုး



ရာသီတုပ်ကွေးကြောင့် နှာခေါင်းစည်းအသုံးပြုသူများလာနေတာကို တွေ့ရစဉ်။ Photo: Thant Zin Oo/RFA
ရာသီတုပ်ကွေး H1N1 ကူးစက်ခံရတာကြောင့် ဒီနေ့မှာ ၁ ဦး ထပ်မံသေဆုံးသွားတဲ့အတွက် လက်ရှိအချိန် အထိ သေဆုံးသူ စုစုပေါင်း ၁၅ ဦးရှိသွားပြီဖြစ်ပါတယ်။

လက်ရှိအချိန်အထိ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၁၃၆ ဦးနဲ့ သေဆုံးသူ ၁၅ ဦးရှိသွားပြီလို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောပါတယ်။

"ထပ်မံပိုးတွေ့လူနာပေါင်းက ၄ ဦးထပ်တွေ့တယ်၊ အဲတော့ ပိုးတွေ့လူနာပေါင်းက ၁၃၆၊ သေဆုံးသူပေါင်းက ၁ ဦး ထပ်သေတော့ ၁၅ ဦးပါ"

ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ဆေးရုံတက်ကုသမှုခံယူနေရသူပေါင်း ၃၅၆ ယောက် ရှိသွားပြီလည်း ဖြစ် ပါတယ်။

ရာသီတုပ်ကွေးရောဂါပိုးကြောင့် သေဆုံးသူတွေနဲ့ ကူးစက်ခံရသူတွေဟာ တစ်နေ့ထက် တစ်နေ့ ပိုများလာတာ လည်း တွေ့ရပါတယ်။

ရာသီတုပ်ကွေးရောဂါပိုး တွေ့ရှိတာကြောင့် ဆေးကုသမှုခံယူခဲ့ရပြီး လက်ရှိမှာ ကျန်းမာရေးပြန်လည်ကောင်းသွား လို့ ဆေးရုံက ဆင်းသွားသူက ၄၅ ဦး ရှိတယ်လို့လည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.