H1N1 ရောဂါရှိသူနှင့် သံသယရှိသူနှစ်ဦး ညောင်လေးပင်မြို့နယ်အတွင်း၌တွေ့ရှိ


ညောင်လေးပင် သြဂုတ် ၃

ရာသီတုပ်ကွေးH1N1ရောဂါ ရှိသူတစ်ဦးနှင့် သံသယရှိသူတစ်ဦး ကို သြဂုတ်လ ၂ ရက်နေ့က ပဲခူးတိုင်းဒေသ ကြီး ညောင်လေးပင်မြို့နယ် ပြွန် တန်ဆာမြို့၌တွေ့ရှိကြောင်း သိရ သည်။

H1N1 ရောဂါပိုးရှိသူမှာ ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာ မြို့ မြို့မ(၃) အနောက်စုရပ်ကွက် မီးရထားဝန်ထမ်းဟောင်းအိမ်ရာ တွင်နေထိုင်သူ အသက်(၄၅နှစ်)ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ရာသီ တုပ်ကွေးရောဂါ(ံH1N1) သံသယ ရှိသဖြင့် ပဲခူးဆေးရုံသို့တက်ရောက် ကုသနေရာမှ H1N1 (Positive) ဖြစ်ကြောင်း တာဝန်ရှိသူများက အတည်ပြုပြောကြားခဲ့၍ ရန်ကုန် မြို့သို့ ပြောင်းရွှေ့ကုသခံယူလျက်ရှိ ကြောင်း၊ သြဂုတ်လ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီ က အတည်ပြုပြောကြားကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသောင်းဒန်ဦးကပြောသည်။

အဆိုပါရောဂါရှင်သည် ငယ် စဉ်ကတည်းက ပန်းနာရင်ကျပ်ရှိ သူတစ်ဦးဖြစ်ကြောင်း သိရသည်။ အဆိုပါရောဂါဖြစ်ပွားသော နေအိမ် နှင့်ပတ်ဝန်းကျင်ကို ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသောင်းဒန်ဦးကဦးဆောင် ၍ ကျန်းမာရေးဝန်ထမ်းများ၊ မြို့ နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိ သူများ၊ လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများပူးပေါင်း၍ကာကွယ် ရေးလုပ်ငန်းများ စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အလားတူ ညောင်လေးပင် မြို့နယ် နဘဲပင်ကျေးရွာမှ အမျိုး သမီးတစ်ဦးလည်း ရာသီတုပ်ကွေး ရောဂါ(H1N1) သံသယရှိနေ ကြောင်း၊ ယမန်နေ့နံနက် ၁ဝ နာရီ က ပဲခူးမြို့ ပြည်သူ့ဆေးရုံမှ ထပ်မံ အတည်ပြုပြောကြား၍ အဆိုပါ လူနာအား ပဲခူးမြို့ပြည်သူ့ဆေးရုံ တွင်ကုသလျက်ရှိကြောင်း၊ လက်ရှိ အချိန်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် လူမှုရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများ နှင့်ပူးပေါင်း၍ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

နေလင်း(ညောင်လေးပင်)
The Union Daily
https://www.facebook.com/uniondaily.net
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.