H5N1 သတင်းကြောင့် ရန်ကုန်ကြက်ဘဲဈေးအတွင်း အရောင်းအဝယ်ကျဆင်း


ရန်ကုန် သြဂုတ် ၂

ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာ တောင်ညွန့်မြို့နယ်အတွင်းရှိ ကြက်၊ ဘဲဈေးတွင် ယခုရက်သတ္တပတ် အတွင်းH5N1သတင်းများကြောင့် ကြက်၊ဘဲဝယ်ယူမှုအရောင်းအဝယ် ကျဆင်းပြီး ကုန်ဝင်၊ ကုန်ထွက် မှာလည်းလျော့နည်းသွားကြောင်း ယင်းဈေးအတွင်းရှိ ကြက်၊ ဘဲဒိုင် များမှ သိရသည်။

အဆိုပါ ဈေးအတွင်း ယခင် က ပုံမှန်အားဖြင့် ကုန်ဝင်ကြက်၊ ဘဲပိဿာချိန် ထက်ဝက်ကျော်ခန့် အရောင်းအဝယ်ဖြစ်လေ့ရှိသော် လည်း ယခုရက်သတ္တပတ်အတွင်း ပိဿာချိန် လေးပုံတစ်ပုံခန့် သာ ရောင်းချရတော့ကြောင်းသိရသည်။

''အခုကတော့ ပုံမှန်ဝယ်နေ ကျ ဒံပေါက်ဆိုင်တွေပဲ အဝယ်ရှိ တော့တယ်။ စားသုံးသူတွေဘက် ကလည်း ဝယ်ယူအားပေးမှုသိသိ သာသာကျဆင်းသွားတယ်လို့ ပြော ကြတယ်၊ ဒိုင်လုပ်ငန်းရှင်တွေဘက် ကလည်း ကြက်၊ ဘဲတင်သွင်းမှုကို လျှော့ချတင်သွင်းလာကြတယ်။ အရောင်းအဝယ်က လေးပုံတစ်ပုံ ခန့်လောက်ပဲ ရောင်းချရပါတော့ တယ်'' ဟု ယင်းဈေးမှကြက်၊ ဘဲရောင်းချသူတစ်ဦးကပြောသည်။

လက်ရှိတွင် ဈေးအတွင်းသို့ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသ ကြီးတို့အတွင်းမှသာ ကြက်၊ ဘဲဝင် ရောက်မှုများရှိနေပြီး ယင်းတို့ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှတိရစ္ဆာန်ကုဆရာဝန်များက PC-3 များနှင့် ကျန်းမာရေး စစ်ဆေးမှုတို့ကို ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။

စစ်ဆေးမှုတွင်အဓိကအားဖြင့် စားသုံးရန်မသင့်သော ကြက်၊ဘဲ များဈေးအတွင်းသို့ဝင် ရောက်မှုမရှိ စေရေးနှင့် ဇီဝလုံခြုံရေးတိုးမြှင့် ဆောင်ရွက်မှုများကို နေ့စဉ်ပြုလုပ် လျက်ရှိပြီး ကြက်၊ ဘဲတင်ယာဉ် များ၊ ကြက်ခြင်းများအား ပိုးသတ် ဆေးဖျန်းခြင်းအပြင်ရေမြောင်းများ၊ ဆိုင်ခန်းများ ဆေးကြောခြင်းတို့ ကိုလည်း နေ့စဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြသွေးနီ
The Union Daily
https://www.facebook.com/uniondaily.net/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.