Harvey မုန်တိုင်းကြောင့် Texas ပြည်နယ်မှာ စံချိန်ကျိုးအောင် မိုးကြီးရေလွှမ်း


အမေရိကန်ပြည်ထောင်စု၊ Texas ပြည်နယ် အရှေ့တောင်ပိုင်းမှာ အပူပိုင်းမုန်တိုင်း Harvey ၀င်ရောက်သွားပြီးတဲ့နောက် ဒီကနေ့အထိ မိုးအပြင်းအထန် ဆက်ရွာနေပြီး၊ နိုင်ငံရဲ့ အကြီးဆုံးမြို့တမြို့ဖြစ်တဲ့ Houston မှာ ဆိုးဆိုးရွားရွား ရေကြီးနေပါတယ်။

ကြာသပတေးနေ့ ရောက်မှ ဒေသတွင်းကနေ လုံးဝထွက်သွားမယ့် မုန်တိုင်းကြောင့် နောက်ထပ် မိုးရေချိန် ၂၅ စင်တီမီတာကနေ ၅၀ စင်တီမီတာအထိ ရွာသွန်းနိုင်တယ်လို့ မိုးလေ၀သဌာနက ခန့်မှန်းထားပါတယ်။ ဒါဟာဆိုရင် Houston မြို့တ၀ိုက်အပါအ၀င် ဒေသတွင်းမှာ လက်ရှိ ရွာသွန်းပြီးသား မိုးရေချိန်နဲ့ပါ ပေါင်းရင် ၉၀ စင်တီမီတာအထိ တက်သွားမှာဖြစ်ပါတယ်။

မုန်တိုင်းကြောင့် Texas ပြည်နယ်မှာ မနက်ဖြန် ဗုဒ္ဓဟူးနေ့ မြေပြိုမှုတွေ ထပ်ဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ အိမ်တွေ လမ်းမတွေပေါ်မှာ ရေတွေလျှံနေပြီး ရေဘေးဒဏ်ခံနေရ သူတွေကို အန္တရာယ်ကင်းကင်း ကယ်ထုတ်နိုင်ဖို့ ကယ်ဆယ်ရေးလုပ်သားတွေ ဆက်တိုက် လုပ်ဆောင်နေကြတာပါ။

လူပေါင်း ၃ ထောင်ထက် မနည်းကို ကယ်တင်နိုင်ခဲ့သလို၊ လူပေါင်း ၈ ထောင်ဟာလည်း ယာယီခိုလှုံရေးစခန်းတွေမှာ နေထိုင်နေကြရတယ်လို့ Houston မြို့တော်ဝန် Sylvester Turner က တနင်္လာနေ့မှာ ပြောပါတယ်။ မုန်တိုင်းကြောင်း လူ ၆ ဦး သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကူညီဆောင်ရွက်ပေးဖို့အတွက် Texas ပြည်တွင်းကာကွယ်ရေး အရံတပ်ဖွဲ့ တသောင်းခွဲ စေလွှတ်ထားတယ်လို့ Texas အုပ်ချုပ်ရေးမှုး Greg Abbott ကလည်း ပြောပါတယ်။ သမ္မတ Donald Trump နဲ့ သမ္မတ ကတော် Melania တို့လည်း ဒီကနေ့ Texas ပြည်နယ်ထဲက ရေကြီးရေလျှံနေတဲ့ နေရာတွေကို သွားရောက်ဖို့ရှိနေပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.