HBO အွန်လိုင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ခံနေရ



HBO ရဲ့ လုံခြုံရေး ချိုးဖောက်ခံရမှုတွေမှာ သူ့ရဲ့ လူကြိုက်များတဲ့ Game of Thrones ရုပ်သံဇာတ်လမ်းတွဲ အသစ်တွေ ပေါက်ကြားတာလည်း ပါဝင်
အမေရိကန် ရုပ်သံကွန်ရက် Home Box Office (HBO) ရဲ့ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာ အကောင့်တွေဟာ ဆိုက်ဘာဖောက်ထွင်းသူတွေရဲ့ တိုက်ခိုက်တာကို ခံခဲ့ရပါတယ်။

ဆိုက်ဘာတိုက်ခိုက်တာတွေ ဆက်တိုက် ခံနေရတဲ့ HBO အတွက် ဒါဟာ နောက်ဆုံး လုံခြုံရေးကျိုးပေါက်မှု ဖြစ်ပါတယ်။

OurMine လို့ အမည်ပေးထားတဲ့ အဖွဲ့တခုက HBO ရဲ့ Game of Thrones ရုပ်သံစီးရီးတွဲတွေနဲ့ အတူ သူ့ရဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေကိုပါ ထိန်းချုပ်ထားတဲ့ အနေအထား ရှိနေပါတယ်။
 HBO တွစ်တာ အကောင့်မှာ ဟက်ကာတွေ တင်ခဲ့တဲ့ ပို့စ်
ဖောက်ထွင်းသူ ဟက်ကာတွေ တင်ထားတဲ့ HBO အွန်လိုင်းလူမှုကွန်ရက်က ပို့စ်တခုမှာ "OurMine ဒီမှာ ရောက်နေပြီ၊ ခင်ဗျားတို့ရဲ့ လုံခြုံရေးကို စမ်းသပ်တဲ့ သဘောပါ" လို့ ရေးသားထားပါတယ်။ ဟက်ကာတွေ တင်ခဲ့တဲ့ တချို့ပို့စ်တွေကိုတော့ အလျင်အမြန်ပဲ ဖယ်ရှားနိုင်ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.