အီရတ် အစိုးရ တပ်ဖွဲ့ က IS အစွန်းရောက် တပ်ဖွဲ့ ၏ နောက်ဆုံး အဓိက တပ်စခန်း ကို သိမ်းပိုက် နိုင်ခဲ့



အီရတ် နိုင်ငံ အစိုးရ တပ်ဖွဲ့ က တိုက်ပွဲ အောင်မြင်၍ အောင်ပွဲခံနေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)
    ဘဂ္ဂဒက် ၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

    အီရတ် အစိုးရ တပ်ဖွဲ့ မှ အရာရှိ တစ်ဦး က သြဂုတ်လ ၂၇ ရက်နေ့၌ အစိုးရ တပ်ဖွဲ့ အနေဖြင့် IS အစွန်းရောက် တပ်ဖွဲ့ ၏ နောက်ဆုံး အဓိက တပ်စခန်း ဖြစ်သည့် Tal Afar မြို့ ကို သိမ်းပိုက် နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

အီရတ် နိုင်ငံ ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားမှု ဌာန ၏ ထုတ်ပြန်ချက် ၌ အီရတ် နိုင်ငံ အစိုးရ တပ်ဖွဲ့ နှင့် ရှီးအိုက် လက်နက်ကိုင် တပ်ဖွဲ့ တို့သည် သြဂုတ်လ ၂၇ ရက်နေ့တွင်Tal Afar မြို့ ၏ မြောက်ဘက်စွန်းရှိ လူနေရပ်ကွက် နှစ်ခု ကို သိမ်းပိုက် နိုင်ခဲ့ပြီး Tal Afar မြို့ တစ်ခုလုံးကို သိမ်းပိုက် နိုင်ခဲ့ပြီး ဖြစ်ကြောင်း ဖေါ်ပြထားသည်။

အီရတ် နိုင်ငံ ဝန်ကြီးချုပ် Haider al-Abadi က ယခုလ ၂၀ ရက်နေ့၌ Tal Afar မြို့ သိမ်းပိုက်မှု စစ်ဆင်ရေး စတင်ကြောင်း ကြေညာခဲ့ပြီး အီရတ် နိုင်ငံ အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့ ၊ ဖယ်ဒရယ် ရဲတပ်ဖွဲ့ ၊ ရှီအိုက် လက်နက်ကိုင် တပ်ဖွဲ့ စသော အဖွဲ့အစည်း တို့မှ Tal Afar မြို့ သို့ ဘက်ပေါင်းစုံ မှ ထိုးစစ်ဆင်ခဲ့ကြသည်။ အီရတ် နိုင်ငံ စစ်ဘက်ဆိုင်ရာ ၏ ထုတ်ပြန်ချက်အရ စစ်ဆင်ရေး မစတင်မီ Tal Afar မြို့၌ IS အစွန်းရောက် အဖွဲ့ဝင်ပေါင်း ၂၀၀၀ ခန့် သည် Tal Afar မြို့ နှင့် အနီးတစ်ဝိုက်ရှိ ရွာများတွင် စစ်အင်အားချထားကြောင်း သိရှိခဲ့ရသည်။

လက်ရှိချိန်တွင် IS တပ်ဖွဲ့ သည် Tal Afar မြို့ မြောက်ဘက် ၁၀ ကီလိုမီတာ အကွာရှိ အာဒီယာ ဒေသ သို့ ထွက်ခွာသွားခဲ့ကြပြီး အစိုးရ တပ်ဖွဲ့ က ဆက်လက်၍ ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ၊ Tal Afar မြို့ ကို IS အစွန်းရောက်တပ်ဖွဲ့ က စွန့်လွှတ်ခဲ့ရပြီး နောက်တွင် ၄င်းတို့အနေဖြင့် အီရတ် နိုင်ငံ တွင် Kirkuk ပြည်နယ် နှင့် Al Anbar ပြည်နယ် တွင် တပ်စခန်း အနည်းငယ်သာ ကျန်ရှိတော့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.