NASA ရဲ့ ၂၀၂၀ Rover Mission မှာ အင်္ဂါဂြိုလ်ကို ပို့ မယ့် Drone စီမံကိန်း ဦးဆောင်သူ မြန်မာအမျိုးသမီး မီမီအောင်


Mi Mi Aung- NASA
အင်္ဂါဂြိုလ်ပေါ်မှာ စူးစမ်းလေ့လာဖို့ ၂၀၂၀ မှာ လွှတ်တင်မယ့် ဂြိုလ်ပေါ်သွား ယာဉ်နဲ့အတူမောင်းသူမဲ့ ကင်းထောက် Drone ရဟတ်ယာဉ် တမျိုးကိုပါ ထည့်သွင်းပေးဖို့ NASA ခေါ် အမေရိကန် အာကာသ စူးစမ်းလေ့လာရေးဌာနက ပြင်ဆင်နေပါတယ်။

ဒီ MARS 2020 Rover Mission မှာ ခုလို အတူလွှတ်တင်နိုင်ဖို့ မျှော်လင့်တဲ့ MARS Scouting Helicopter, ကို NASA ရဲ့ JPL လို့ အတိုကောက်ခေါ်တဲ့ ဌာနခွဲက ကြိုးစားနေရာမှာ ဒီစီမံကိန်းကို ဦးဆောင်နေသူက မြန်မာအမျိုးသမီး (မမီမီအောင်) ဖြစ်ပါတယ်။ အာကာသ စူးစမ်းလေ့လာရေးမှာ ခုလို မမီမီအောင်ရဲ့ ဦးဆောင်မှုနဲ့ပတ်သက်လို့ ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထား ပါတယ်။
VOA Burmese News
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.