ရန်ကုန်တိုင်း NLD ၀ါဆိုသင်္ကန်းကပ်လှူပွဲနှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ





အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ရန်ကုန်တိုင်းဒေသကြီး) နှင့် ပြည်သူလူထုပူးပေါင်းပါဝင်သော ၀ါဆိုသင်္ကန်းကပ်လှူပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို သြဂုတ် ၁၃ ရက်တွင် သင်္ကန်းကျွန်းမြို့နယ် ပြည်သာယာလမ်းရှိ မူလဆယ် တောင်ပြည့်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူဆာက်တည်ခြင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ၀ါဆိုသင်္ကန်းနှင့် ဆွမ်းဆန်တော် လောင်းလှူရခြင်းနှင့် ပတ်သက်၍ လျှောက်ထားခြင်းများ ပြုလုပ်သည်။

ဆရာတော်အရှင်သူမြတ်တို့အား ၀ါဆိုသင်္ကန်းနှင့် ဆွမ်းဆန်တော်၊ စားသုံးဆီများ ဆပ်ကပ်လှူဒါန်းတို့ ပြုလုပ်ခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဌ- အဂ္ဂမဟာသဒ္ဒမ္မဇောတိက ဓဇ ၊ ဇေယျာလူမှုထူးချွန်၊ နိုင်ငံစွမ်းဆောင်ရည်ဆု၊ ကမ္ဘာ့ငြိမ်းချမ်းရေးစေတမန်ဆုရ ဒေါက်တာဘဒ္ဒန္တ ဣဒ္ဓိဗလထံမှ ရေစက်ချအနုမောဒနာ တရားတော်နာယူ၍ ရေစက်သွန်းချ အမျှဝေခဲ့ကြသည်။

ယင်းအခမ်းအနားသို့ NLD အတွင်းရေးမှုးအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ သက်ဆိုင်ရာမြို့နယ် လွှတ် တော်ကိုယ်စားလှယ်များ၊ ပါတီဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ခဲ့သည်။

နေ့လည် ၁ နာရီမှ စတင်ကာဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနား ကျင်းပသွားမည်ဖြစ်သည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.