အဆိုတော်ခိုင်ထူး Pancreas Cancer ဖြင့် ယနေ့ (သြဂုတ်လ ၉ ရက်) ကွယ်လွန်


အဆိုတော် ခိုင်ထူးသည် Pancreas Cancer ဖြင့် ယနေ့ (သြဂုတ်လ ၉ ရက်) ညနေ ၃ နာရီကျော်က ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုတော် ခိုင်ထူး သည် ဇူလိုင်လ ၃၁ ရက်နေ့ ညက သွေးအန်ခြင်းကြောင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခဲ့ကာ သြဂုတ်လ ၃ ရက်ညတွင် ရန်ကုန်ပြည်သူ့ဆေး ရုံကြီး ICU အထူးကြပ်မတ်ဆောင်တွင် ကုသခဲ့ပြီးနောက် Bangkok ရှိ samithejav ဆေးရုံတွင် သွားရောက်ကုသခဲ့ရာမှ သြဂုတ်လ ၈ ရက်နေ့က မြန်မာပြည်သို့ ပြန်လာခဲ့ပြီး ပါရမီဆေးရုံကြီးတွင် တက်ရောက် ဆေးကုသ ခဲ့သည်။

ဆေးကုသမှု ခံယူနေသည့် အဆိုတော် ခိုင်ထူးထံသို့ သြဂုတ်လ ၉ ရက် (ယနေ့) နံနက်ပိုင်းကပင် အနုပညာရှင် မောင်နှမများအပြင် အခြားသော မိတ်ဆွေ အပေါင်းအသင်းတို့ကလည်း ပါရမီဆေးရုံသို့ လာရောက် အားပေး စကားများ ပြောကြားခဲ့ကြသေးသည်။

၁၉၈၀ ကာလကတည်းက အနုပညာလောကတွင် နေရာတစ်ခု ရနေသည့် အဆိုတော် ခိုင်ထူးအနေ၏ နာမည်ကြီး တေးသီးချင်းများမှာ ၄င်း၏ ပရိသတ် ကြီး၏ ရင်ထဲတွင် ထာဝရကိန်းအောင်းနေပြီး ဆေးရုံမတက် ရောက်မီ ကလည်း Myanmar Idol တွင် ဖျော်ဖြေမှုပြုခဲ့သေးသည်။ အဆိုတော် ခိုင်ထူး၏ ရွှေလည်တိုင်၊ ခတ္တာ၊ မိုးရဲရင် ဆောင်းရဲရမယ်၊ နောက်ဆုံးအိပ်မက်၊ ရွှေလသာမှ၊ ဆိုင်သူကိုယ်စီနဲ့မို့၊ တို့လာတယ်၊ သိလား စသည့် နာမည်ကြီးသီချင်းများစွာဖြင့် ပရိသတ်ရင်ကို လှုပ်ခတ်နိုင် စွမ်းသည့် အဆိုတော်တစ်ဦး၊ သီချင်းသီဆိုမှု ဟန်ပန်နှင့် အသံမှာလည်း တစ်မူထူးခြားသည့် အဆိုတော်တစ်ဦးအဖြစ် ရပ်တည်ခဲ့သည်မှာ ဆယ်စုနှစ် လေးစုခန့်ဖြစ်သည်။
The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.