premier league “ စံချိန်တင် ငွေသုံးစွဲမှု၊ စံချိန်တင် ၀င်ငွေတွေနဲ့ အကြိတ်အနယ်ရှိဆုံး အင်္ဂလန် ပရီးမီးယားလိဂ် ရာသီစပြီ”



ကမ္ဘာ့ဘောလုံးပရိသတ်တွေ အများဆုံး စိတ်ဝင်တစားစောင့်ကြည့်ကြတဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ဘောလုံးရာသီကတော့ မနက်ဖြန် သောကြာနေ့ည ( မြန်မာစံတော်ချိန် စနေနေ့နက်ပိုင်းမှာ) စတင်တော့မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီ တစ်ရာသီကျော်က လက်စတာစီးတီးက ကမ္ဘာ့ပရိသတ်တွေကို အံ့အားသင့်အောင် လုပ်ပြခဲ့ပြီး ပြီးခဲ့ရာသီမှာ တော့ ချယ်လ်ဆီးက တစ်ကျော့ပြန် ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ အထူးသဖြင့် အီတလီလူမျိုး နည်းပြ ကွန်တေရဲ့ ခံစစ် ၃ယောက်ပုံစံဟာ ချယ်လ်ဆီးကို အကောင်းဆုံး ပုံစံရအောင် စွမ်းဆောင်စေခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ၃-၄-၃ ပုံစံကို ပြိုင်ဖက်အသင်းတွေကပါ ပြောင်းလဲ သုံးစွဲလာတဲ့အထိ အောင်မြင်ခဲ့ပြီး ချယ်လ်ဆီးက ထိုက်ထိုက်တန်တန်နဲ့ ချန်ပီယံ ဖြစ်ခဲ့ပါ တယ်။
ဒီနှစ်ရာသီမှာတော့ မန်ချက်စတာမြို့ခံကလပ်တွေက အထူးပြင်ဆင်မှုတွေနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို မန်ချက်စတာမြို့ကို ပြန်လည်ရောက်ရှိလာအောင် ကြိုးစားနေ ပါတယ်။ ပတ်ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီးနဲ့ ဂျိုဇေ မော်ရင်ညိုရဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ငွေကြေးများစွာသုံးပြီး တစ်ကျော့ပြန် ချန်ပီယံဖြစ်ရေ အပြိုင် လုပ်နေကြတာပါ။ တစ်ခါ လက်ရှိ ချန်ပီယံ ချယ်လ်ဆီးကလည်း ပြီးခဲ့တဲ့အသင်းကို အပြောင်း အလဲ အချို့ပြုလုပ်ပြီး အသင်းကို အားဖြည့်ထားသလို ဆယ်စုနှစ် တစ်ခုကျော် ကြာ အမှတ်ပေးချန်ပီယံနဲ့ ဝေးနေတဲ့ အာဆင်နယ်လည်း ဖြည့်တင်းမှုတွေနဲ့ ချန်ပီယံ ဖလားကို စိန်ခေါ်နိုင်ဖို့ ပြင်ဆင်လာပါတယ်။ လူစာရင်း တောင့်တင်းပြီးသားဖြစ်တဲ့ လီဗာပူးလ်နဲ့ တော့တင်ဟမ်ဟော့စပါးတို့လို အသင်းတွေအပြင် ပိုင်ရှင်သစ် လက်ထက်မှာ ငွေတွေ အသုံးကြမ်းနေတဲ့ အဲဗာတန်ကြောင့်ပါ ဒီနှစ်ပရီးမီးယားလိဂ်က ခါတိုင်းလိုမဟုတ်ဘဲ အသင်း (၇) အသင်းလောက် အထိ အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ် ရှိနေပါတယ်။ မနက်ဖြန်မှာ စတင်တော့မယ့် ပရီးမီးယားလိဂ် ရာသီသစ် မတိုင်မီ ကလပ် အသင်း ၂၀ရဲ့ ကစားသမား အပြောင်းအရွှေ့တွေနဲ့ စိတ်ဝင်စားစရာ အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ဒီနှစ် နွေရာသီအတွင်း ပတ်ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီးက ငွေအများဆုံးသုံး ထားတဲ့ အသင်းဖြစ်ပါတယ်။ ခံစစ်ပိုင်းအတွက်ကိုပဲ ပေါင်သန်း ၁၃၀နီးပါး သုံးထားပြီး စုစုပေါင်းပေါင်၂၁၈.၈သန်း အသုံးပြုထားပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့က ပေါင်သန်း ၁၀၀ကျော်သုံးထားတဲ့ အသင်းတွေဖြစ်ပြီး အဲဗာတန်ကလည်း သန်း ၁၀၀နီး အသုံးပြုထား ပါတယ်။ ပြီးခဲ့တဲ့ ရာသီဒုတိယရတဲ့ စပါးကတော့ ကစားသမား တစ်ယောက်မှ ခေါ်ယူထားခြင်းမရှိသေးတဲ့ တစ်သင်းတည်းသော အသင်းဖြစ်ပါတယ်။

“ထိပ်တန်းကလပ်တွေရဲ့ ကစားသမားဝယ်ယူထားမှု”

“မန်ချက်စတာစီးတီး”

၁) မန်ဒီ - ( ပေါင် ၅၂သန်း) မိုနာကိုမှ
၂) ဝေါ်လ်ကာ - ( ပေါင် ၅၀သန်း) စပါးမှ
၃) ဘင်နာဒို ဆေးလ်ဗား - ( ပေါင် ၄၃သန်း) မိုနာကိုမှ
၎) အီဒါဆင် - ( ပေါင် ၃၅သန်း) ဘင်ဖီကာမှ
၅) ဒန်နီလို- ( ပေါင် ၂၈သန်း) ရီးယဲယ်မှ
၆) ဒေါ့ကလပ် လု့ဇ် ( ပေါင် ၁၀.၈သန်း) ဗတ်စကို ဒါဂါမာ
( မန်စီးတီးအသင်းဟာ ၀ါရင့်ကစားသမားတွေ အပါအ၀င် (အငှားလည်းပါ) စုစုပေါင်း ကစားသမား ၂၁ယောက်အထိကို ထွက်ခွာခွင့်ပြုလိုက်ပါတယ်။)

“မန်ချက်စတာယူနိုက်တက်”

၁) လူကာကူ -( ပေါင် ၇၅သန်း ) အဲဗာတန်မှ
၂) မာတစ် - ( ပေါင် ၄၀သန်း) ချယ်လ်ဆီးမှ
၃) လင့်ဒလော့ပ် - ( ပေါင် ၃၁သန်း) ဘင်ဖီကာမှ
(မန်ယူအသင်းဟာ ရူနီအပါအ၀င် ကစားသမား ၆ယောက်ကို ထွက်ခွာခွင့်ပြုခဲ့ပါတယ်။)

“ချယ်လ်ဆီး”

၁) မိုရော့တာ - ( ပေါင် ၆၀ သန်း) ရီးယဲယ်မှ
၂) ဘာကာယိုကို - ( ပေါင် ၄၂သန်း) မိုနာကိုမှ
၃) ရူဒီဂါ - ( ပေါင် ၃၆သန်း) ရိုးမားမှ
၎) ကာဘယ်လ်လာရို - ( အလွတ်) မန်စီးတီးမှ
( ချယ်လ်ဆီးအသင်းဟာ ကစားသမား ၇ယောက် ရောင်းချမှုကနေ ပေါင် ၁၁၀သန်းကျော် ပြန်လည် ရရှိခဲ့ပြီး လူငယ် ကစားသမား ၁၁ယောက်ကိုလည်း အငှားချလိုက်ပါတယ်။)

“အာဆင်နယ်”

၁) လာကာဇက် - ( ပေါင် ၅၂သန်း) လီယွန်မှ
၂) ကလာစီနက်- ( အလွတ်) ရှော်လ်ကာမှ
( အာဆင်နယ်က ဂိုးသမား ရှက်ဇ်နီ၊ ယာယာဆာနိုဂို၊ မာတီနက်ဇ် (အငှား) တို့ဟာ အသင်းက ထွက်ခွာခဲ့ပါတယ်။)

“လီဗာပူးလ်”

၁) ဆာလ - ( ပေါင် ၃၄.၃သန်း ) ရိုးမားမှ
၂) ရော်ဘင်ဆင် - ( ပေါင် ၁၃.၆သန်း) ဟားလ်စီးတီးမှ
၃) စလန်ကီ ( အလွတ် ) ချယ်လ်ဆီးမှ
( လီဗာပူးလ်ဟာ ၀ါရင့်ကွင်းလယ်လူ လူးကပ်စ်အပါအ၀င် ကစားသမား ၅ယောက်ကို ထွက်ခွာခွင့်ပြုလိုက်ပါတယ်။)

“အခြားပရီးမီးယားလိဂ်ကလပ်တွေရဲ့ ခေါ်ယူမှုများ”

၁) အဲဗာတန်အသင်းဟာ ကစားသမား အသစ်တွေအတွက် ပေါင် သန်း ၁၀၀နီးပါး အသုံးပြုထားပြီး အလယ်အလတ်အသင်းတွေထဲမှာ ခေါ်ယူမှု အကောင်းဆုံး အသင်းဖြစ် ပါတယ်။
၂) ပြီးခဲ့တဲ့ တစ်နှစ်ကျော် ချန်ပီယံ လက်စတာစီးတီးက မန်စီးတီးက အီယန်နာချိုကို ပေါင် ၂၅သန်း၊ ဆဗီးယား အသင်းခေါင်းဆောင် အီဘိုရာ အပါအ၀င် ကစားသမား ၄ယောက်ကို ပေါင် ၅၂သန်းကျော် အသုံးပြုထားပါတယ်။
၃) ၀က်စ်ဟမ်းကလည်း ဂျိုးလ်ဟတ်၊ ဟာနန်ဒက်ဇ်၊ အနာတိုဗစ်၊ ဇာဘယ်လက်တာစတဲ့ နာမည်ကျော် ကစားမားတွေအတွက် ပေါင် သန်း ၄၀ အသုံးပြုထားပါတယ်။
၎) တန်းတက် ဟတ်ဒါဖီးလ်တောင်း အသင်းက ကစားသမား ၈ယောက်ကို ပေါင် ၃၆.၄ သန်းအသုံးပြုထားပြီး ပရီးမီးယားလိဂ်မှာ ဆက်ရှိဖို့ ပြင်ဆင်နေပါတယ်။
၅) နယူးကာဆယ်နည်းပြ ဘန်နီးတက်ဇ်က သူ့အသင်းရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုတွေကို စိတ်ပျက်နေပေမယ့် ကစား ၅ယောက်ကို ပေါင်သန်း ၃၀ကျော် သုံးထားပါတယ်။
၆) ဘွန်းမောက်က ၀ါရင့် ဂိုးမား ဘာကိုဗစ်၊ နောက်ခံလူ အကေ၊ တိုက်စစ်မှူး ဒီဖိုး အပါအ၀င် ကစားသမား ၄ယောက်ကို ပေါင်သန်း ၃၀ အသုံးပြုထားပါတယ်။
၇) ဆောက်သမ်တန်အသင်းက ဂျူဗင်တပ်စ် ကွင်းလယ်လူ လမီနာကို ကလပ်စံချိန်တင် ပေါင် ၁၈သန်း၊ နောက် ပိုလန် နောက်ခံလူတစ်ဦးကို ခေါ်ယူထားပါတယ်။
၈) နည်းပြသစ်နဲ့ ၀က်ဖို့ဒ်ကလည်း အဲဗာတန်က ကလယ်ဗာလေကို အပြီးသတ်ခေါ်ယူနိုင် ခဲ့သလို ကစားသမားသစ် ၆ယောက်အထိ အားဖြည့်ထားပါတယ်။
၉) ၀က်စ်ဘရွန်းက ဆောက်သမ်တန်တိုက်စစ်မှူး ဂျေရိုဒရီဂွက်ဇ်ကို ပေါင် ၁၂သန်းနဲ့ အားဖြည့်ထားသလို ဗက်တီးစ်က တရုတ်တိုက်စစ်မှူး ပေါင် ၆သန်းကျော်သုံးထားပါတယ်။
၁၀) ဘရိုက်တန်က ပီအက်စ်ဗီ ကွင်းလယ်လူ ပရိုပါ၊ ဗလန်စီယာ ဂိုးသမား မက်သရူးရိုယန် အပါအ၀င် ကစားသမား ၅ယောက်ကို ပေါင် ၁၃သန်းကျော်သုံးထားပါတယ်။
၁၁) ဆီဂတ်ဆင်ကို ရောင်းချဖို့လုပ်နေတဲ့ ဆွမ်ဆီးဟာ လက်စ်ပါးမက်စ် ကွင်းလယ်လူ မီဆာ၊ ဂိုးသမား တစ်ဦးကို အားဖြည့်ထားပါတယ်။
၁၂) ဘန်လေကတော့ ဆွမ်ဆီး ကွင်းလယ်လူ ဂျတ်ကော့၊ စတုတ်စီးတီးက ဝေါ်လ်တာနဲ့ နောက်ခံလူ ဘရက်စလေတို့ကို ခေါ်ယူထားပါတယ်။
၁၃) ပဲလေ့စ် အသင်းကတော့ ချယ်လ်ဆီးက ရူဘင် လော့ဖ်တပ်စ်ကို အငှားနဲ့ ခေါ်ထားသလို အားယက်စ်နောက်ခံလူ တစ်ဦးကို ခေါ်ထားပါတယ်။
၁၄) စတုတ်စီးတီးဟာ ချယ်လ်ဆီးရဲ့ အရည်အသွေးမြင့်တဲ့ နောက်ခံလူ ဇူးမာကို အငှားနဲ့ ခေါ်ယူခဲ့သလို ၀က်စ်ဘရွန်းက ဖလက်ချာ၊ ရှော်လ်ကာက အဲရစ်မက်၊ ဟားလ်စီးတီးက တိုင်မွန်တို့ကို အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ အားဖြည့်ထားပါတယ်။
၁၅) ပရီးမီးယားလိဂ်အသင်းတွေထဲ စပါးတစ်သင်းထဲကသာ လူခေါ်ယူထားခြင်းမရှိသေးလို ကစားသမား ၅ယောက်ကို ပေါင်သန်း ၇၀ကျော်နဲ့ ရောင်းချထားပါတယ်။

“၀င်ငွေအကောင်းဆုံးကစားသမား”

လက်ရှိပရီးမီးယားလိဂ်ရဲ့ဝင်ငွေအကောင်းဆုံး( လစာအမြင့်ဆုံး) ကစားသမားက မန်ချက် စတာယူနိုက်တက်ရဲ့ မနှစ်က စံချိန်တင်ကြေးနဲ့ ခေါ်ထားတဲ့ ပေါ့ပ်ဘာဖြစ်ပြီး တစ်ပတ် ၂သိန်း ၉ သောင်းရရှိနေပါတယ်။ မန်ယူ တိုက်စစ်မှူးဟောင်း ၀ိန်းရူနီက အဲဗာတန်ကနေ ပေါင် ၁သိန်း ၅သောင်းနဲ့ မန်ယူက ၁သိန်း ၂သောင်း စုစုပေါင်း ၂သိန်း ၇သောင်းနဲ့ ဒုတိယ အများဆုံး ရနေသူပါ။ မန်ယူတိုက်စစ်မှူးသစ် လူကာကူက တစ်ပတ် ၂သိန်း ခွဲအထိ ရရှိလာလို့ လစာအများဆုံးစာရင်းမှာ တတိယနေရာကို တက်လာပါတယ်။

“ပရီးမီးယားလိဂ်က လစာအမြင့်ဆုံး ဘောလုံးသမားများ”

၁) ပေါ့ပ်ဘာ (မန်ချက်စတာယူနိုက်တက်) - (တစ်ပတ် ၂သိန်း ၉သောင်း)
၂) ရူနီ ( အဲဗာတန်) - ( တစ်ပတ် ၂သိန်း ၇သောင်း)
( အဲဗာတန်မှ ပေါင် တစ်သိန်း ၅သောင်းနဲ့ မန်ယူမှ ၁သိန်း ၂သောင်းရရှိ)
၃) လူကာကူ ( မန်ချက်စတာယူနိုက်တက်) - ( တစ်ပတ် ၂သိန်း ၅သောင်း)
၃) အဂွဲရိုး၊ ယာယာတိုရေး (မန်ချက်စတာစီးတီး) - ( တစ်ပတ် ၂သိန်း ၄သောင်း)
၎) ဟာဇက်၊ ဖာဘရီဂတ်စ် ( ချယ်လ်ဆီး) - (တစ်ပတ် ၂သိန်း ၂သောင်း)
၅) ဒါးဗစ်ဆေးလ်ဗား ( မန်ချက်စတာစီးတီး) - ( တစ်ပတ်၂သိန်း )
၅) ဒါးဗစ် ဒဟဲရား ( မန်ချက်စတာယူနိုက်တက်) - ( တစ်ပတ် ၂သိန်း)

“နောက်ဆုံး ၁၀နှစ်အတွင်း ပရီးမီးယားလိဂ် သုံးစွဲငွေ”

၂၀၀၇-၀၈ = ပေါင် သန်း ၄၇၀
၂၀၀၈-၀၉ = ပေါင် သန်း ၅၀၀
၂၀၀၉-၁၀ = ပေါင် သန်း ၄၅၀
၂၀၁၀-၁၁ = ပေါင် သန်း ၃၆၅
၂၀၁၁-၁၂ = ပေါင် သန်း ၄၈၅
၂၀၁၂-၁၃ = ပေါင် သန်း ၄၉၀
၂၀၁၃-၁၄ = ပေါင် သန်း ၆၀၀
၂၀၁၄-၁၅ = ပေါင် သန်း ၈၃၅
၂၀၁၅-၁၆ = ပေါင် သန်း ၈၇၀
၂၀၁၆-၁၇ = ပေါင် သန်း ၁.၂၃၅ ဘီလျံ

“နွေရာသီ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ ခေါ်ယူမှုများ”

၁) လူကာကူ - ( ပေါင် ၇၅သန်း) မန်ချက်စတာယူနိုက်တက်
၂) မိုရော့တာ - ( ပေါင် ၆၀သန်း) ချယ်လ်ဆီး
၃) လာကာဇက် - ( ပေါင် ၅၂သန်း) အာဆင်နယ်
၎) မန်ဒီ - ( ပေါင် ၅၂သန်း) မန်ချက်စတာစီးတီး
၅) ဝေါ်လ်ကာ - ( ပေါင် ၅၀သန်း) မန်ချက်စတာစီးတီး
၆) ဘင်နာဒို ဆေးလ်ဗား - ( ပေါင် ၄၃သန်း) မန်ချက်စတာစီးတီး
၇) ဘာကာယိုကို ( ပေါင် ၄၂သန်း ) ချယ်လ်ဆီး
၈) မာတစ် - ( ပေါင် ၄၀သန်း ) မန်ချက်စတာယူနိုက်တက်
၉) အီဒါဆင် ( ပေါင် ၃၅သန်း) မန်ချက်စတာစီးတီး
၁၀) ဆာလ ( ပေါင် ၃၄.၃သန်း) လီဗာပူးလ်

“ပရီးမီးယားလိဂ်မှာ ငွေအများဆုံး သုံးစွဲထားတဲ့ အသင်းများ”

၁) မန်ချက်စတာစီးတီး - ပေါင် ၂၁၈.၈ သန်း
၂) မန်ချက်စတာယူနိုက်တက် - ပေါင် ၁၄၅.၈သန်း
၃) ချယ်လ်ဆီး - ပေါင် ၁၃၀.၄သန်း
၎) အဲဗာတန် - ပေါင် ၉၃.၄သန်း
၅) အာဆင်နယ် - ပေါင် ၅၂သန်း
၆) လက်စတာစီးတီး - ပေါင် ၅၂.၈သန်း
၇) လီဗာပူးလ် - ပေါင် ၄၇.၉သန်း
၈) ၀က်စ်ဟမ်း - ပေါင် ၄၀သန်း
၉) ဟတ်ဒါဖီးလ် - ပေါင် ၃၆.၄သန်း
၁၀) နယူးကာဆယ် - ပေါင် ၃၁.၂သန်း
၁၁) ဘွန်းမောက် - ပေါင် ၃၀သန်း
၁၂) ဆောက်သမ်တန် - ပေါင် ၂၃သန်း
၁၃) ၀က်ဖို့ဒ် - ပေါင် ၂၁သန်း
၁၄) ၀က်စ်ဘရွန်း - ပေါင် ၁၉.၈သန်း
၁၅) ဘရိုက်တန် - ပေါင် ၁၃သန်း
၁၆) ဆွမ်ဆီး - ပေါင် ၁၁.၅သန်း
၁၇) ဘန်လေ - ပေါင် ၁၀သန်း
၁၈) ပဲလေ့စ် - ပေါင် ၈သန်း
၁၉) စတုတ်စီးတီး - ပေါင် ၅သန်း
၂၀) စပါး - မ၀ယ်သေး။

“စံချိန်တင်ရုပ်သံဝင်ငွေ”

ပြီးခဲ့တဲ့နှစ် ကစတင်ခဲ့တဲ့ စံချိန်တင် ရုပ်သံကြောင့် ပရီးမီးယားလိဂ် ကလပ်တွေ အားလုံး ၀င်ငွေများစွား တိုးပွားခဲ့ပါတယ်။ ဗြိတိန်ရဲ့ နာမည်ကြီးရုပ်သံ နှစ်ခုဖြစ်တဲ့ SKY နဲ့ BTတို့က ပရီးမီးယားလိဂ်ပွဲတွေ ပြသခွင့်ကို ၂၀၁၆ခုနှစ်ကနေ ၂၀၁၉ နှစ်အထိ ပေါင် ၅.၁၄ ဘီလျံ ကျော်တန်ဖိုးရှိတဲ့ စာချုပ်ကို သက်တမ်းတိုးခဲ့ပါတယ်။ အဲ့ဒီ စံချိန်တင်ရုပ်သံ စာချုပ်ကြောင့်ပဲ ပရီးမီးယားလိဂ် အသင်းတွေမှာ ပြီးခဲ့တဲ့ နှစ်က ပြည်တွင်းရုပ်သံကနေ ပေါင်သန်း၈၀စီ နဲ့ နိုင်ငံတကာကနေ ပေါင်သန်း ၂၀ကျော်ရခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်က အဆင့် ၂၀နဲ့ တန်းဆင်းသွားရတဲ့ ဆန်းဒါးလန်းက ပေါင် သန်း ၁၀၀အထိရခဲ့ပါတယ်။ တန်းဆင်းဇုန်က ကပ်လွတ်ခဲ့တဲ့ အဆင့် ၁၇နေရာက ၀က်ဖို့ဒ်က ပေါင် ၁၀၈.၅သန်းရခဲ့ပြီး အဆင့် ၆ရတဲ့ မန်ယူက ပေါင် ၁၄၃. ၆သန်းနဲ့ ချန်ပီယံ ဖြစ်ခဲ့တဲ့ ချယ်လ်ဆီးက ပေါင် ၁၅၃.၂သန်းအထိ ၀င်ငွေတွေရခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်ကျော်က ချန်ပီယံဖြစ်ခဲ့တဲ့ လက်စတာစီးတီးရတဲ့ ၀င်ငွေနဲ့ယှဉ်ရင် ချယ်လ်ဆီးက ပေါင် သန်း ၅၀ကျော် ပိုရခဲ့တာပါ။ ၀င်ငွေများစွာရနေတဲ့ ပရီးမီးယားလိဂ်ကြောင့်ပဲ ဥရောပ ဘောလုံးအဖွဲ့ချုပ်က FFP စည်း မျဉ်းမှာ ပရီးမီးယားလိဂ် အသင်းတွေကို ၃နှစ်အတွင်း ပေါင် သန်း ၄၀အထိ ရှုံးခွင့်ပြု ထားပါတယ်။ ( ပုံမှန် ဥရောပ အသင်းတွေဟာ နောက်ဆုံး ၃နှစ်ကို ယူရို သန်း ၃၀ထက် ပိုပြီး ရှုံးခွင့်မပြု)။ လက်ရှိ ပရီးမီးယာလိဂ်ပွဲစဉ် တစ်ပွဲရဲ့ အနိမ့်ဆုံး တန်းဖိုးက ပေါင် ၁၀သန်းကျော်ရှိပြီး အသင်းကြီးချင်း ထိပ်တိုက်ပွဲစဉ်တွေက အဲ့ဒီငွေထက် ၃ဆကျော်ရှိ နေပါတယ်။ ပြီးခဲ့တဲ့ ရာသီကစလို့ ပရီးမီးယာလိဂ်ဟာ ကမ္ဘာ့ဘောလုံးပရိသတ်တွေကို ပိုစိတ်ဝင်စားအောင် ( ဥရောပက လိဂ်တစ်ချို့လို) သောကြာနေ့ပွဲတွေကိုပါ ပြုလုပ်လာပါ တယ်။ အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ ပထမဆုံးသောကြာနေ့ပွဲက ချယ်လ်ဆီးကို လီဗာပူးလ်က စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ၂-၁ဂိုးနဲ့ နိုင်ခဲ့တဲ့ပွဲပါ။ ဒီနှစ်မှာလည်း အာဆင်နယ်နဲ့ လက်စတာစီးတီးတို့ရဲ့ ရာသီအဖွင့်ပွဲကို သောကြာနေ့မှာ စတင်ကစားစေမှာဖြစ်ပြီး သူတို့ရဲ့ ဈေးကွက်ကို ပိုပြီး တိုးချဲ့နေတာ ဖြစ်ပါတယ်။ တိုးပွားလာတဲ့ ရုပ်သံဝင်ငွေက ပရီးမီးယားလိဂ် အလယ်အလတ် အသင်း တစ်သင်းကို ကမ္ဘာ့ဝင်ငွေ အကောင်းဆုံးအသင်း စာရင်းမှာ ထိပ်ဆုံး ၃၀ စာရင်းထဲ အထိကို ပါအောင် စွမ်းဆောင်ပေးနေပါပြီ။

“လာလီဂါနဲ့ ပရီးမီးယားလိဂ် နှိုင်းယှဉ်ချက်”

စပိန်လာလီဂါဟာ ပရီးမီးယားလိဂ်လိုပဲ ပြီးခဲ့ရာသီက ယူရို ၂.၆၅ ဘီလျံတန်ဖိုးရှိတဲ့ ၃နှစ် စာချုပ်ကို သက်တမ်းတိုးခဲ့ပါတယ်။ အဲ့ဒီစာချုပ်ကြောင့် လာလီဂါ ကလပ်တွေ ၀င်ငွေ တိုးပွားလာပေမယ့် ပရီးမီးယားလိဂ် ၃နှစ်၊ ၅ဘီလျံကျော်စာချုပ်ရဲ့ ထက်ဝက်သာရှိပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ ချယ်လ်ဆီးက ပေါင် ၁၅၃.၂ရခဲ့ပြီး လာလီဂါ ချန်ပီယံ ရီးယဲယ်က ယူရို သန်း ၁၅၀ရခဲ့ကာ ဒုတိယရတဲ့ ဘာစီလိုနာကလည်း ယူရို ၁၄၈သန်းရခဲ့ပါတယ်။ နာမည်ကျော် ကစားသမားတွေကို ခေါ်ယူထားသလို မက်ဆီ၊ ရော်နယ်လ်ဒိုတို့ရဲ့ ပုံရိပ်တွေကြောင့်ပဲ လာလီဂါမှာ အဲ့ဒီနှစ်သင်းက ရုပ်သံ ၀င်တွေကို လက်ဝါးကြီး အုပ်ထားတာ ကြာပါပြီ။ အရင်က ရီးယဲယ်နဲ့ ဘာစီလိုနာတို့ ဟာ ရုပ်သံဝင်ငွေတွေအားလုံးရဲ့ ၈၀ရာခိုင်နှုန်းအထိ ရခဲ့ပြီး ကျန် ၁၈သင်းက ၂၀ရာခိုင်နှုန်းကို ခွဲယူရတာပါ။ ဒါကို မကျေနပ်လို့ လာလီဂါကလပ်တွေ ဆန္ဒပြခဲ့လို့ ပြီးခဲ့တဲ့နှစ်က စတဲ့စာချုပ်သစ်မှာတော့ ရီးယဲယ်နဲ့ ဘာစီလိုနာတို့ဟာ ၀င်ငွေရဲ့ ၅၀ရာခိုင်နှုန်းကိုပဲ ရရှိတော့ပါတယ်။ ကျန် ၅၀ရာခိုင်နှုန်းကိုတော့ အသင်း ၁၈သင်းက ခွဲယူခဲ့ကြပါတယ်။ မက်ဆီ၊ ရော်နယ်လ်ဒိုတို့လို့ ဈေးကွက် မြင့်မားတဲ့ ကစားသမားတွေကြောင့် ထိပ်သီးနှစ်သင်းက ရုပ်သံဝင်ငွေ နှစ်စဉ် ယူရို သန်း ၁၅၀ ရနေပေမယ့် အဲ့ဒီ ၀င်ငွေဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၆ရတဲ့ မန်ယူထက်ကို ရုပ်သံ ၀င်ငွေပိုနည်းပါတယ်။ လာလီဂါမှာ အဆင့် ၃ရတဲ့ အက်သလက်တီကိုမက်ဒရစ်ဟာ ပြီးခဲ့တဲ့ ရာသီမှာ ယူရို ၁၁၆သန်း ရခဲ့ပြီး တတိယ၀င်ငွေ အကောင်းဆုံးဖြစ်ပေမယ့် သူ့ရဲ့ ၀င်ငွေဟာ ပရီးမီးယားလိဂ်က အဆင့် ၁၉ နဲ့ တန်းဆင်းသွားတဲ့ မစ်ဒယ်ဘရော့ထက် နည်းနေပါတယ်။ ဒီလို အဆ မတန်များပြားတဲ့ ၀င်ငွေတွေ ရနေတဲ့ အကျိုးဆက်ဟာ အပြောင်း အရွှေ့ဈေးကွက်မှာ ပရီးမီးယားလိဂ် ကလပ်တွေကို ထိခိုက်လာပါတယ်။ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ ငွေသုံးနိုင်မှုကြောင့် ကစားသမား ၀ယ်ရာမှ မလိုအပ်ဘဲ ကစားသမားတွေကို ဈေးကြီးပေးနေရတယ်လို့ စီးပွားရေး ကျွမ်းကျင်သူတွေက ဆိုပါတယ်။ နာမည်ကျော် ကစားသမားဟောင်းတွေ ကတော့ ပရီးမီးယားလိဂ်အနေနဲ့ ငွေကြေးအင်အား တောင့်တင်းပေမယ့် ဥရောပမှာ အောင်မြင်မှုရဖို့ များစွာလုပ်ရဦးမယ်ဆိုတာ ဥရောပကလပ် ပြိုင်ပွဲတွေကို ကြည့်ရင် သိနိုင်တယ်လို့ ဆိုပါတယ်။ နောက်ဆုံး ချန်ပီယံလိဂ် ၄ကြိမ်စလုံးကို လာလီဂါ ကလပ်တွေကချည်း စိုးမိုးထားသလို ဥရောပ စူပါဖလားမှာလည်း စပိန်ကလပ်တွေက နောက်ဆုံး ၉ ကြိမ်မှာ ၈ကြိမ်အထိ ရရှိထားတာက ပရီးမီးယားလိဂ်ကလပ်တွေအနေနဲ့ စပိန်ကလပ်တွေရဲ့ အဆင့်အတန်းမျိုးရဖို့ နှစ်အတော်ကြာ အချိန်ယူရဦးမယ်လို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ် ထိပ်ဆုံး ၆သင်း ရုပ်သံ ၀င်ငွေ”

၁) ချယ်လ်ဆီး - ပေါင် ၁၅၃.၂သန်း
၂) တော့တင်ဟမ် ဟော့စပါး - ပေါင် ၁၄၈.၅သန်း
၃) မန်စီးတီး - ပေါင် ၁၄၉ .၄သန်း
၎) လီဗာပူးလ် - ပေါင် ၁၄၈.၄သန်း
၅) အာဆင်နယ် - ပေါင် ၁၄၂.၇သန်း
၆) မန်ယူ - ပေါင် ၁၄၆.၆သန်း

“ဇယား အောက်ဆုံး ၆သင်း ရုပ်သံ ၀င်ငွေ”

၁၅) ဆွမ်ဆီး - ပေါင် ၁၀၉ .၅သန်း
၁၆) ဘန်လေ - ပေါင် ၁၀၇.၆သန်း
၁၇) ၀က်ဖို့ဒ် - ပေါင် ၁၀၈.၅သန်း
၁၈) ဟားလ်စီးတီး - ပေါင် ၁၀၃.၇သန်း
၁၉) မစ်ဒယ်ဘရော့ - ပေါင် ၁၀၄.၆သန်း
၂၀) ဆန်းဒါးလန်း - ပေါင် ၁၀၀သန်း။

“စပိန်လာလီဂါ ထိပ်ဆုံး ၆သင်း ရုပ်သံ ၀င်ငွေ”

၁) ရီးယဲယ် - ယူရို ၁၅၀သန်း
၂) ဘာစီလိုနာ - ယူရို ၁၄၈သန်း
၃) အက်သလက်တီကို - ယူရို ၁၁၆သန်း
၎) ဗလန်စီယာ - ယူရို ၁၀၉ သန်း
၅) ဆဗီးယား - ယူရို ၁၀၂သန်း
၆) ဗီလာရီးယဲယ် - ယူရို ၉၅သန်း

( ရုပ်သံ စာချုပ်သစ်ကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင် ခွင့်ရတဲ့ အသင်းတွေ ဟာ ပေါင်၈၅သန်း စတင်ရရှိမှာဖြစ်ပြီး ရုပ်သံပြသခွင့်ပွဲ အရေအတွက်နဲ့ ရာသီကုန် အဆင့်ပေါ် ပွဲပေါ်မှုတည်ပြီး နောက်ထပ် ဆုကြေးတွေထပ်တိုးရရှိမှာ ဖြစ်ပါတယ်။ လာလီဂါကလပ်တွေ ကတော့ ယူရို သန်း ၅၀ကနေ ယူရို သန်း ၁၅၀အထိ ရရှိနိုင်မှာ ဖြစ်ပါတယ်။)

“ဘယ်နိုင်ငံတွေက ပရီးမီးယားလိဂ်ကို အများဆုံးစိတ်ဝင်စားကြလဲ”

၁) ဟောင်ကောင် ( အာရှတိုက်ရဲ့ ပရီးမီးယားလိဂ်ပရိသတ်အများ ဆုံးနိုင်ငံဖြစ်ပြီး ရုပ်သံကနေ ပြသခွင့်တစ်နှစ်ကို ပေါင်၈၇.၇သန်းအထိ ပေးချေနေပါတယ်။)
၂) ထိုင်း ( အာဆီယံဒေသတွင်းမှာ ပရီးမီးယားလိဂ် ပရိသတ် အများဆုံးဖြစ်ပြီး တစ်နှစ်ကို ပေါင် ၆၅.၇သန်းပေးချရပါတယ်။)
၃) တရုတ်နိုင်ငံဟာလူဦးရေ သန်းပေါင်း၁၃၇၉ ကျော်ရှိပေမယ့် စီးရီးအေနဲ့ စပိန်လာလီ ဂါပွဲတွေကိုသာစိတ်ဝင်စားကြပါတယ်။ တရုတ်ပြည်မှာ ပရီးမီးယားလိဂ် ရုပ်သံခွင့်တစ်နှစ် စာချုပ်ဟာ ပေါင်၁၀.၇သန်းသာရှိပါတယ်။ ပြီးခဲ့တဲ့ရာသီက စတုတ်တီးအသင်းရဲ့ ပွဲတွေဟာ တရုတ်ပြည်မှာ လူအကြည့်အများဆုံး ၇ပွဲမှာ ၃ပွဲအထိပါဝင်ခဲ့ပါတယ်။
၎) စကန်ဒီနာဗီးယားဒေသက နော်ဝေနိုင်ငံဟာ ဥရောပတိုက်မှာ ပရီးမီးယားလိဂ် ပရိသတ် အများဆုံးရှိတဲ့နိုင်ငံဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရုပ်သံပြသခွင့်ကို TV 2က တစ်နှစ်ကို ပေါင်၄၅သန်း အထိပေးချေရပါတယ်။ နော်ဝေနိုင်ငံသားတွေဟာ ပြီးခဲ့တဲ့ ရာသီအတွင်းမှာ အင်္ဂလန်နိုင်ငံကို ပရီးမီးယားလိဂ်ပွဲလာကြည့်တဲ့ အကြိမ်အရေအတွက် ၉၃၀၀၀ကျော်လာခဲ့ပြီး တစ်ပွဲကို ပျမ်းမျှပရိသတ် ၂၅၀၀လောက်လာရောက် ကြည့်ရှု့ ကြပါတယ်။ အများစုဟာ လီဗာပူးလ်အသင်းရဲ့ ပရိသတ်တွေဖြစ်ပါတယ်။
၅) ပြင်သစ်ဟာ ဥရောပရဲ့ ဒုတိယ ပရီးမီးယားလိဂ်ပွဲ အကြည့်ဆုံးနိုင်ခဲ့ဖြစ်ပြီး နောက်ထပ် ၃နှစ်အတွက်ကို ပေါင် ၇၂သန်းနဲ့စာချုပ်ချုပ်ထားပါတယ်။
၆) တောင်အမေရိကတိုက်ရဲ့ အကြီးဆုံးနိုင်ငံဖြစ်တဲ့ ဘရာဇီးလ်မှာတော့ စပိန်လာလီဂါဟာ လူကြိုက်အများဆုံးဖြစ်ပြီး ပရီးမီးယားလိဂ်ကိုလည်း ကြိုက်နှစ် သက်သူတွေတိုးနေပါတယ်။ ဘရာဇီးလ်ကရုပ်သံတွေဟာ နောက် ၃နှစ်စာ ပရီးမီးယားလိဂ်ပွဲတွေအတွက် ပေါင် သန်း၁၀၀နီးပါးနဲ့စာချုပ်ထားပါတယ်။
၇) အာဖရိကတိုက်မှာ နိုက်ဂျီးရီးယားနိုင်ငံက ပရီးမီးယားလိဂ်အကြည့်ဆုံးနိုင်ငံဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ ၄၀ရာခိုင်နှုန်းသောရုပ်သံပြသခွင့်တွေကို အာဖရိကကိုရောင်း ချထားပါတယ်။
၈) အမေရိကန်နိုင်ငံက NBC ရုပ်သံကတော့ တစ်နှစ်ကို ပေါင်သန်း ၁၀၀ကျော်နဲ့ စာချုပ်ချုပ် ထားပြီး ပရီးမီးယားလိဂ်ကို လာလီဂါနဲ့ စီးရီးအေတွေလို ပိုပြီးစိတ်ဝင်စားအောင်ကြိုး စားနေပါ တယ်။ တစ်နှစ်ကျော်က အာဆင်နယ် ၃-၀ မန်ချက်စတာယူနိုက်တက် တို့ကစားခဲ့တဲ့ ပွဲဟာ အမေရိကန်နိုင်ငံမှာ စံချိန်တင်အဖြစ် ရုပ်သံကြည့်ပရိသတ် ၁.၄၁သန်းကျော်အထိ ရှိခဲ့ပါတယ်။

“ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲစဉ်များ”

*သောကြာနေ့

အာဆင်နယ် - လက်စတာစီးတီး
(စနေနံနက် ၁နာရီ ၁၅မိနစ်)

*စနေနေ့

ဝက်ဖို့ဒ် - လီဗာပူးလ် ( ညနေ ၆နာရီ)
ချယ်လ်ဆီး - ဘန်လေ ( ည ၈နာရီခွဲ)
ခရစ္စတယ် ပဲလေ့စ် - ဟတ်ဒါဖီးလ် ( ည ၈နာရီခွဲ)
အဲဗာတန် - စတုတ်စီးတီး ( ည ၈နာရီခွဲ)
ဆောက်သမ်တန် - ဆွမ်ဆီး ( ည ၈နာရီခွဲ)
ဝက်စ်ဘရွန်း - ဘွန်းမောက် ( ည ၈နာရီခွဲ)
ဘရိုက်တန် - မန်စီးတီး ( ည ၁၁နာရီ)

*တနင်္ဂနွေနေ့

နယူးကာဆယ် - စပါး ( ည ၇နာရီ)
မန်ယူ - ၀က်စ်ဟမ်း ( ည ၉နာရီခွဲ)

*( မြန်မာစံတော်ချိန် တွေဖြစ်ပါတယ်။ )

#ဘီဘီစီမြန်မာပိုင်း#ပရီးမီးယားလိဂ်

COMMENTS

Name

art,1,article,1293,cartoon variety,22,crime,63,culture,1,documentary,7,Entertainment,5,health,30,history,2,international,6948,interview,213,knowledge,7,Live,8,LocalNews,15057,news,2842,opinion,757,photos,202,poem,115,satires,38,song,12,speech,12,sports,132,statement,59,technic,52,translate,33,video,1065,voice,76,
ltr
item
dawnmanhon: premier league “ စံချိန်တင် ငွေသုံးစွဲမှု၊ စံချိန်တင် ၀င်ငွေတွေနဲ့ အကြိတ်အနယ်ရှိဆုံး အင်္ဂလန် ပရီးမီးယားလိဂ် ရာသီစပြီ”
premier league “ စံချိန်တင် ငွေသုံးစွဲမှု၊ စံချိန်တင် ၀င်ငွေတွေနဲ့ အကြိတ်အနယ်ရှိဆုံး အင်္ဂလန် ပရီးမီးယားလိဂ် ရာသီစပြီ”
https://1.bp.blogspot.com/-j0HIFbkr8lo/WYx_AHjo5LI/AAAAAAAAdIQ/AeeT3KC8JhcCpCSIaMj4hgBHwX3RcMXSQCLcBGAs/s320/q2.jpg
https://1.bp.blogspot.com/-j0HIFbkr8lo/WYx_AHjo5LI/AAAAAAAAdIQ/AeeT3KC8JhcCpCSIaMj4hgBHwX3RcMXSQCLcBGAs/s72-c/q2.jpg
dawnmanhon
http://www.dawnmanhon.com/2017/08/premier-league.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/08/premier-league.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy