YBS ယာဉ်မောင်း ကားခသေတ္တာသော့ဖျက်၍ ငွေများယူဆောင်သွား


ရန်ကုန် သြဂုတ် ၂၈

YBSကုမ္ပဏီပိုင်ယာဉ်အမှတ် ၄က/----ယာဉ်၏ ကုမ္ပဏီယာဉ်မောင်းက ယာဉ်အား ကုမ္ပဏီသို့ပြန်မဝင်ဘဲ ကားပေါ်ပါခရီးသည်များ ကားခထည့်သော သေတ္တာပုံးအား သော့ဖျက်ပြီး ငွေများအား ယူဆောင်သွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၂၆ ရက်တွင် ကုမ္ပဏီယာဉ်မောင်း အေးဝင်းထွန်းသည် ၎င်းမောင်းနှင်သော အမှတ်(၆)ယာဉ်လိုင်းမှ ယာဉ်အမှတ် ၄က/--ယာဉ်အား ယာဉ်ပြန်သိမ်းချိန်တွင် ကုမ္ပဏီသို့ ပြန်လည် မအပ်နှံသဖြင့် သြဂုတ် ၂၇ ရက် တွင်YBSကုမ္ပဏီဒါရိုက်တာ ဦးတင်ဝင်းနှင့် ယာဉ်မောင်းတစ်ဦးတို့က လိုက်လံရှာဖွေရာ နံနက် ၉ နာရီခွဲခန့်တွင် အဆိုပါယာဉ်အား ယာဉ်မောင်း အေးဝင်းထွန်းနှင့်အတူ လှိုင်သာယာမြို့နယ် (၃)ထိပ် မှတ်တိုင်အနီးတွင်တွေ့ရှိခဲ့သည်။

ယာဉ်အားစစ်ဆေးရာ ကားမှာပျက်စီးနေပြီး ယာဉ်မောင်အေးဝင်းထွန်း သည် ယာဉ်ပေါ်ပါခရီးသည်များကားခထည့် ထားသော သေတ္တာပုံးသော့ အား ဖျက်ဆီးပြီး ငွေကျပ် ၇၇၈ဝဝ အား ကုမ္ပဏီမှ ခွင့်ပြုချက်မရဘဲ ထုတ်ယူထားသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ကုမ္ပဏီပိုင်ငွေအား ထုတ်ယူသုံးစွဲသူ အေးဝင်းထွန်းအား ဥပဒေအရအရေးယူပေးပါရန် YBS ကုမ္ပဏီဒါရိုက်တာက တရားလိုပြုလုပ်တိုင်တန်းထားကြောင်း သိရသည်။

စွန်ရဲ(လှိုင်သာယာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.