မောင်တောအကြမ်းဖက်မှုတွင် ပါဝင်ခဲ့သည့် ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားတစ်ဦးကို ဖမ်းဆီးရမိ


သြဂုတ် ၂၅ က စတင်ဖြစ်ပွားခဲ့သည့်ရခိုင်ပြည်နယ်မောင်တောအကြမ်းဖက်မှု့ တွင် ပါဝင်ခဲ့သည့် ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားတစ်ဦးကို စက်တင်ဘာ ၈ ရက်နံနက် ၆ နာရီခွဲက ဖမ်းဆီးရမိကြောင်း
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက စက်တင်ဘာ ၉ ညတွင်
သတင်းထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ် ၊မောင်တောမြို့နယ်၊ စဥ့်အိုးပြင်ကျေးရွာသို့ ဒဏ်ရာရရှိနေသည့် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ ကျေးရွာအတွင်း
ပြန်လည်ရောက်ရှိ နေကြောင်း သတင်းအရ စက်တင်ဘာ ၈ ရက်နံနက် ၆ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် ရွာသူရွာသားများပူးပေါင်း၍ အဆိုပါကျေးရွာအတွင်း စစ်ဆေးရှာဖွေခဲ့ရာ အဒူဂေါ်ဘူး (ဘ)မီရာလောက် အား ဘယ်ဘက်ခြေမျက်စိတွင် ကျည်ဝင်ဒဏ်ရာဖြင့် ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သည့် ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမား အဒူဂေါ်ဘူး (ဘ)မီရာလောက် သည် သြဂုတ်၂၇ ရက်နံနက် ၁၀ နာရီ ၄၅ မိနစ်က စဥ့်အိုးပြင် ကျေးရွာအား လုံခြုံရေးတပ်ဖွဲ့ဝင်များက
ဝင်ရောက်ရှင်းလင်းစဉ် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား အင်အား ၇၀၀ ဦးခန့်ပါဝင်သည့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သူဖြစ်ကြောင်း စစ်ဆေးသိရှိရပြီး ၎င်းအား နီးစပ်ရာရဲစခန်းသို့အပ်နှံ၍ တရားဥပဒေအရအမှုဖွင့် အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Refး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.