ARSA အစွန်းရောက်အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်၊ ကျေးရွာနှင့်နေအိမ်များအား မီးရှို့ဖျက်ဆီး


စက်တင်ဘာ ၄ ၊၂၀၁၇

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၃ ရက် ညသန်းခေါင်ခန့်တွင် မောင်တောမြို့နယ် အောက်ပြူးမကျေးရွာနှင့် ငါးခူရကျေးရွာသို့ ဆက်သွယ်ထားသည့် ငါးခူရ ဈေးထိပ်တံတား၌ မသင်္ကာဖွယ် လှုပ်ရှားမှုများ တွေ့ရှိရသဖြင့် သွားရောက်ရှင်းလင်းခဲ့သည်။

ထိုသို့ ရှင်းလင်းစဉ် ARSA အစွန်းရောက်အကြမ်းဖက်သမားများက လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် ပြန်လည် ပစ်ခတ်ခဲ့ပြီး အကြမ်းဖက်သမားများသည် နေအိမ် ၅၀ ကို မီးရှို့ဖျက်ဆီး၍ အောက်ပြူးမကျေးရွာဘက်သို့ ဆုတ်ခွာသွားသည်။


ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ရှင်းလင်းရာ လက်လုပ်မိုင်း ၁ လုံးနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်းသိရှိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၄ ရက် နံနက်ပိုင်းတွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် မောင်တောမြို့နယ်၊ အုန်းတောအနောက်ကျေးရွာရှိ နေအိမ် ၁၂၀ ကျော်ခန့်အား ARSA အစွန်းရောက် အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အလားတူ ဇော်မတက် ကျေးရွာအုပ်စု ဒင်္ဂါးကျေးရွာတွင် နေအိမ် ၃၀ လုံး၊ ဆော်ကီးနာမကျေးရွာတွင် နေအိမ် ၅၀ လုံး၊ ဟင်္သာရကျေးရွာတွင် နေအိမ် ၁၀ လုံး စုစုပေါင်း နေအိမ် ၉၀ လုံး မီးလောင် ကျွမ်းနေကြောင်း သတင်းရရှိသဖြင့် သွားရောက်စစ်ဆေးခဲ့ရာ နေ့လည် ၁၂ နာရီခန့်တွင် မီးငြိမ်းသွားကြောင်း သိရသည်။


ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် မောင်တောမြို့နယ်၊ ချိန်ခါလီကျေးရွာအတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ကျေးရွာအစွန်ရှိ နေအိမ်တစ်လုံး မီးလောင်ကျွမ်းနေပြီး ၎င်း အိမ်မှ မိုင်း ၂ လုံး ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အခြားလုံခြုံရေးအဖွဲ့တစ်ဖွဲ့သည် မွန်းလွဲပိုင်းတွင် သဘောင်္ကွေ့ ကျေးရွာတစ်ဝိုက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ARSA အစွန်းရောက် အကြမ်း ဖက်သမားများက သင်္ဘောကွေ့ကျေးရွာအား မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၄၀၀ ခန့် မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ယနေ့ညနေပိုင်းတွင် မောင်တောမြို့ အမှတ် ၅ ရပ်ကွက်၊ MPT တာဝါတိုင်အနီး မသင်္ကာသူ ၁ ဦး တွေ့ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ရှာဖွေရာ တာဝါတိုင်၏ အရှေ့ဘက် ခြံစည်းရိုးအနီး အချင်း ၂ လက်မ၊ အရှည် ၉ လက်မ ရှိ သံပိုက်လုံးဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ၁ လုံးအား အဖြူရောင် ၀ါယာကြိုးအရှည်ပေ ၁၀၀ ခန့် ၁ ချောင်း နှင့် အနီ/အနက် နှစ်ပင်လိမ် ၀ါယာကြိုးအရှည် ၄၅ ပေခန့်တို့အား လက်လုပ်မိုင်းနှင့် ဆက်သွယ်ထားသည်ကို တွေ့ရှိရသဖြင့် အဆိုပါ လက်လုပ်မိုင်းအား ရှင်းလင်း ဖယ်ရှားခဲ့သည်။

(သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/InfomationCommittee/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.